Author's Profile Photo

စာအုပ်

17/09/2025

၂၀၂၅

1 min read
Entertainment

လမ်းပျောက်နေလိမ့်မယ် ။

ကိုယ့်ဘေးနားမှာ ကောင်းတဲ့လူတွေရှိတာတောင် အထီးကျန်တဲ့ ခံစားချက်မျိုးရနေတဲ့အချိန်မျိုးတွေ ရှိကောင်းရှိလိမ့်မယ်။

ကိုယ်ဘာတွေဖြစ်နေလဲ ။ ကိုယ်အသိဆုံးနေမှာပါ။
ကိုယ် မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေလူတွေ တစ်ဖက် အခြေအနေကို အားမရတာ မျိုးဆို လွတ်ချလိုက်ပါ။ ခွင့်လွှတ်ပေးလိုက်ပါ။ ကိုယ်ဘာသာအချိန်ယူပြီး နားလည်အောင် လုပ်ယူပါ။ ကျွန်တော် လည်း လုပ်ယူနေရပါတယ်။ တကယ် ဆို ကျွန်တော် တို့တွေက က်ုယ်အတွေးနဲ့ တွေးပြီး ပူလောင်နေကြတာများပါတယ်။ အပြင်ပြသာနာက ၃၀% လောက် စိတ်ထဲမှာဖြစ်နေတာ ၇၀% လောက်က ကိုယ်ဘာသာဖန်တီးထားတာပါ။ ကိုယ်လုပ်သလောက် ကိုယ်ပြန်မျှော်လင့်မိတာလည်း လူ့သဘာဝမို့ အစထဲ က ဘာမှမမျှော်လင့်ထားတဲ့ စိတ်ထားတတ်အောင်လုပ်ယူရမယ်။

သေချာကိုယ်စိတ်ကို ကိုယ်မြင်အောင် ကြည့်ကြည့်ပါ။

ဒီလိုတွေပြောနေလို့ ကျွန်တော် ကိုယ်တိုင်လည်း စိတ်တွေ ငြိမ်းချမ်းပြီး ပြည့်ဝနေတဲ့ လူမဟုတ်ပါဘူး။လုပ်ယူနေရပါတယ်။ တည်ဆောက်နေရပါတယ်။

လူတွေရှေ့မှာရီနေပေ့မယ်။ အရမ်းလမ်းတွေပျောက်နေတဲ့ ခံစားချက်မျိုး ရနေတဲ့ အချိန်မျိုးမှာ ကျွန်တော် အိမ်အရမ်းပြန်ချင်မိတယ်။


၂၀၂၅ မှာ ပထမဆုံးပြန်ရေးတဲ့ စာတိုလေးပါ ။
မရေးတာကြာပြီးမို့ အဆုံးထိဖတ်ပေးတာနဲ့ကျေးဇူးတင်ပါတယ်။

တစ်ယောက်တည်းလည်းခရီးရောက်ပါတယ်။

စာအုပ်...

Keep Reading

၂၀၂၅Eden (2025) ရုပ်ရှင်တကယ်ကောင်းတယ်“အပြုံးအလှပိုင်ရှင် ” - သင်မသိသေးတဲ့ သူတို့အကြောင်း အ‌တွေးအစအနများကလေးမလေးအတိတ်မှ အတွေးတစ်စအိပ်မက် ၁၅တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းငွေစုနည်း (ရဲစတိုင်း)