Author's Profile Photo

Chocolate

25/03/2026

တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာ

2 mins read
Novel
Entertainment
Creative
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာ's photo

တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ ကျောင်းသားတိုင်းအတွက် ဘဝရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်သလို၊ မိဘတိုင်းအတွက်လည်း ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းရတဲ့ အချိန်အခါတစ်ခုပါ။ ကျွန်မအတွက်တော့ ဒီစာမေးပွဲရက်တွေမှာ ကျွန်မထက် ပိုပြီး အလုပ်ရှုပ်၊ ပိုပြီး စိတ်လှုပ်ရှားနေတာကတော့ ကျွန်မရဲ့ "အမေ" ပါပဲ။
စာမေးပွဲဖြေရမယ့် မနက်ခင်းတိုင်းမှာ ‌အမေဟာ နာရီနှိုးစက်ထက် စောပြီး နိုးနေတတ်ပါတယ်။ မီးဖိုချောင်ထဲက ဆီသတ်သံ၊ ဟင်းနံ့လေးတွေနဲ့အတူ အမေ့ရဲ့ တိုးတိုးတိတ်တိတ် ရွတ်ဖတ်နေတဲ့ ပရိတ်ရွတ်သံက အိမ်လေးထဲမှာ ပျံ့လွင့်နေတတ်တာပေါ့။ အိပ်ချင်မူးတူးနဲ့ နိုးလာတဲ့ ကျွန်မကို အမေက အိပ်ရာထဲကနေ အတင်းဆွဲခေါ်ပြီး မျက်နှာသစ် သွားတိုက် သန့်ရှင်းခိုင်းပြီးအိမ်ဦးခန်းက ဘုရားစင်ရှေ့ကို ခေါ်သွားပါတယ်။ အမေ့လက်ထဲမှာလည်း ဘယ်ဆရာဆီက တောင်းထားမှန်းမသိတဲ့၊ ခေါက်ရာဗလပွနဲ့ "ယတြာစာရွက်" ကလေးကို အမြတ်တနိုး ကိုင်လို့ပေါ့။
"ကဲ... သမီး၊ ဒီနေ့ သင်္ချာဖြေရမှာဆိုတော့ အမေခိုင်းတာလေး အရင်လုပ်ဦး။ ဒါမှ မျက်စိပွင့် နားပွင့် ဖြစ်မှာ"
အမေက ဘုရားစင်ပေါ်က ပန်းအိုးထဲမှာ အောင်သပြေခက် ၉ ခက် အတိအကျကို ကျွန်မကိုယ်တိုင် ထိုးခိုင်းပါတယ်။ တစ်ခက်ပိုရင်လည်းမရ၊ တစ်ခက်လိုရင်လည်း မဖြစ်ဘူးတဲ့။ ကျွန်မကလည်း မျက်လုံးမပွင့်တပွင့်နဲ့ အမေခိုင်းတာကို လုပ်နေတုန်းမှာ အမေက နောက်ထပ် ယတြာတစ်ခု ထပ်ပေးပြန်ပါတယ်။
"သမီး... ဒီနေ့ မုန့်ဟင်းခါး မစားနဲ့ဦးနော်။ အမျှင်တွေတန်းနေတော့ စာတွေရှုပ်ကုန်မှာစိုးလို့။ အမေချက်ထားတဲ့ ဆီထမင်းလေးပဲ စားသွား၊ ဒါမှ ဦးနှောက်ထဲစာတွေမြဲနေမှာ" တဲ့။
ကျွန်မမှာ ရယ်ရမလို ငိုရမလိုပါပဲ။
"အမေရယ်... ပုစ္ဆာက တွက်တတ်မှ အဖြေထွက်မှာပေါ့၊ မုန့်ဟင်းခါးစားတာနဲ့ ဘာဆိုင်လို့လဲ"
လို့ ပြန်ပြောမိတော့ အမေက မျက်စောင်းလေးခဲပြီး...
"ငါ့သမီးကလည်း... ပညာရှိ သတိဖြစ်ခဲ ဆိုတာ ရှိသေးတယ်။ အမေလုပ်ခိုင်းတာလေး လုပ်သွားတော့ စိတ်ထဲမှာ အားရှိတာပေါ့။ အမေ့စကားနားထောင်စမ်းပါ" ဆိုပြီး အိမ်ကမထွက်ခင် ကျွန်မရဲ့ ခေါင်းကို ပရိတ်ရေလေးတွေနဲ့ ပက်၊ နဖူးပေါ်ကို အမွှေးနံ့သာလေးတွေ လိမ်းပေးလိုက်ပါသေးတယ်။
"ကျောင်းထဲမှာ ဘာမှယူသွားလို့မရဘူးဆိုတော့ အမေက အိမ်ကနေပဲ လုပ်ပေးလိုက်တာ၊ သမီး စိတ်အေးအေးနဲ့သာ ဖြေခဲ့" တဲ့။ ကျောင်းရောက်တော

မေတ္တာမဏ္ဍိုင်သည်းခြေကြိုက် စာအုပ် ၆ အုပ်အနုပညာနည်းလမ်းနှစ်သွယ်တောရိုင်းမြေပါရီကျဆုံးခန်းရေကန်သာကြာတိုင်းအေးကလေးမလေး𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚မြန်မာပြည်မြောက်ပိုင်းရှန်ဂရီလာ

Unlock to read this premium article with 10 points.