Author's Profile Photo

Reviews by Benevolent

18/03/2025

ရှန်ဂရီလာ

3 mins read
Book Review
Novel
Fiction
ရှန်ဂရီလာ's photo

၁၉၃၃ ဆိုတာ ဒုတိယကမ္ဘာစစ်လည်းမဖြစ်သေးဘူး ၊ နျူကလီးယားလက်နက် လည်းမပေါ်သေးဘူး။ ဒါပေမယ့် အဲ့အရာတွေကို ဟောဟိန်းထုတ်ထားခဲ့တဲ့ စာအုပ်ရှိတယ်။စိတ်ကူး နှင့်လွမ်းတသသ ဖြစ်ရတဲ့စာအုပ်မျိုးလည်းဖြစ်တယ်။

မြို့တော် ဝါရှင်တန် ဒီစီရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာကမ့်ဒေးဗစ် ( Camp David) ဆိုတာ ရှိပါတယ်။အမေရိကန် သမ္မတတွေ အနားယူတဲ့ ‘ဆိတ်ငြိမ်ရာ ရိပ်သာ’ တစ်ခုဖြစ်တယ်။ ၁၉၃၈ ခုနှစ်မှာ ဆောက်လုပ် ပြီးစီးခဲ့ပြီး ၁၉၄၂ ခုနှစ်ရောက်တော့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ ‘ဖရန့်က လင်ဒီရုဇဗဲ့’ က အဲဒီ ဆိတ်ငြိမ်ရာ ရိပ်သာလေးကို အမေရိကန် သမ္မတတွေ အနားယူတဲ့ ရိပ်သာအဖြစ် သတ်မှတ်ပေးခဲ့တဲ့အပြင် ‘ရှန်ဂရီလာ’ Shangri-La လို့လည်း အမည်ပေးခဲ့ပါတယ်။ဘာကြောင့်နိုင်ငံတကာမှာ ရှန်ဂရီလာ နာမည်သုံးကြလဲဆိုတော့...

၁၉၃၃ ခုနှစ်တွင် အင်္ဂလိပ်စာ‌ရေးဆရာ ဂျိမ်းစ်ဟီလ်တန် ရေးသားထုတ်ဝေခဲ့သည့် Lost Horizon ၀တ္ထုရှိခဲ့တယ်။စာမျက်နှာ - ၃၆၁ဖြင့် လူ့ဘဝနှင့် ဆက်စပ် ယှက်နွှယ်နေတဲ့ အချိန် သဘောသဘာဝရဲ့ အရေးပါအရာရောက်မှု ပြသနာကို နက်နဲ သိမ်မွေ့စွာ တင်ပြထားတယ်။ယနေ့ သိပ္ပံခေတ်ကြီးမှာ ရှန်ဂရီလာ အကြောင်းပြောရမှာ တကယ်တော့ အတော် လက်မခံနိုင်စရာ အမှန်တရားတစ်ခုဖြစ်‌ နေလိမ့်မယ်။မှတ်သားစရာ လိုက်နာကျင့်သုံး နှလုံးမူစရာ quoteလေးတွေကိုလည်း စာအုပ်ကလေးထဲ သင်ယူ မှတ်သားနိုင်တယ်။

ဇာတ်လမ်းက ၁၉၃၁ ခုနှစ် အာရှတိုက်တွင် တော်လှန်ရေးတစ်ခု ဖြစ်ပွားနေချိန် ဘတ်စကူးမြို့မှ ပက်ရှဝါ သို့ လေယဥ် အသေးစားတစ်စီး နယ်မြေအတွင်းမှ လူဖြူများကို တော်လှန်ရေး အဓိကရုဏ်းကြားမှ ဘေးကင်းအောင် ရွေ့ပြောင်းမှုတွေ ရှိခဲ့တယ်။လေယာဉ်တစ်စီးတွင် လူလေးဦး ပါလာခဲ့တယ်၊ အရှေ့ဖျားဒေသ သာသနာပြုများအဖွဲ့မှ အစ္စရောဘတ် ဘရင့်ခ်လိုး၊ အမေရိကန်အမျိုးသား ဟင်နရီ ဒီဘားနတ်၊ ဗြိတိသျှ ကောင်စစ်ဝန် ဟုဂ် ကွန်ဝေး၊ လက်ထောက် ကောင်စစ်ဝန် ဗိုလ်ကြီး ချားလ်မာလင်ဆန်တို့ ပါလာတယ်။ စစ်သားတင် လေယာဉ်မဟုတ်ဘဲ စော်ဘွားမဟာရာဂျာ ပိုင်ဆိုင်တဲ့ ဇိမ်ခံ လေယာဉ်ဖြင့် စီးလိုက်ရတယ်။ခဏအကြာ သူတို့ လေယာဉ်ကို မျက်နှာစိမ်းလေယာဥ်မှူးတစ်ဦးရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတယ်။ ပြန်ပေးဆွဲခံရတဲ့အချိန် လေယာဥ်ပေါ်က လူလေးယောက်ရဲ့ ပျာယာခတ်မှု၊ တည်ငြိမ်အေးဆေးမှု၊ အရှိကို အရှိအတိုင်းလက်ခံတတ်မှု စတဲ့ လူ့ပင်ကိုယ် စရိုက်တွေကို တွေ့ရမြင်ရတယ်။ရာသီဥတုဒဏ်ကြောင့် လေယာဉ်ပျက်ကျတယ်...နှင်းဖုံးသော တောင်တန်းများ အထပ်ထပ် ၀န်းရံနေသည့် ဂမ္ဘီရကျေးရွာ ရှန်ဂရီလာသို့ လေယာဉ်ပျက်ကျသောအဖွဲ့ ရောက်ရှိသွားတယ်။အခက်အခဲအမျိုးမျိုး ရင်ဆိုင်ပြီးနောက် ဘုန်းတော် ကြီးတစ်ပါးက အုပ်ချုပ်သည့် ရှေးဟောင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသို့ ထူးဆန်းစွာ ရောက်ရှိသွားခဲ့တယ်။

ကမ္ဘာမှာ အကြီးမားဆုံး စစ်ပွဲကြီးဖြစ်လိမ့်မယ်၊ လူတွေသေမယ်၊ အင်အားကြီးတဲ့ လက်နက်ဆန်းတစ်မျိုးကြောင့် ဒုက္ခရောက်ကြမယ်။ စစ်ကြီး ရိုက်ခတ်မှုဒဏ်ကြောင့် ပြောင်းသွားကြတဲ့ လူ့စာရိတ္တ ၊ကျင့်ဝတ်တွေ၊ အမွေအနှစ် ၊ ယဉ်ကျေးမှုတွေ ပျောက်ဆုံးလာလိမ့်မယ် ။ဒါကြောင့် အသက်(၂၀၀)ကျော်ဘုန်းတော်ကြီး၊ ဘယ်ဂျီယံ ဘုန်းတော်ကြီး "ပီရော့" ဆိုသူ က မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားတဲ့ ဟိမ၀န္တာတောင်စဉ်တောင်တန်းကြီးကြား လူသူအရောက်အပေါက်နည်းတဲ့ လမင်းပြာပြာ တောင်ကြားလွင်ပြင်ထဲက ကရာကာလ်တောင်တန်းဒေသတစ်ခုမှာ ရှားပါးလာနိုင်တဲ့ အရာတွေကို ထိန်းသိမ်းဖို့ မြို့တစ်မြို့စတင်တည်ထောင်ခဲ့တယ်။တင်းတိမ်ရောင့်ရဲမှုနဲ့ မေတ္တာထားရှိမှုကို စိတ်အေးချမ်းဖွယ်တွေ့ပြည့်နှက်နေတဲ့ နေရာတစ်ခု၊ စာကြည့်တိုက်ရှိတယ်၊ အဲ့နေရာမှာ တေးဂီတအပါအဝင် ပညာရှင်ကြီးများရဲ့ စာအုပ်များအပြည့်အစုံ ထိန်းသ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.