Author's Profile Photo

Reviews by Benevolent

18/09/2025

ရေကန်သာကြာတိုင်းအေး

4 mins read
Book Review
Novel
Fiction
ရေကန်သာကြာတိုင်းအေး's photo

စာမျက်နှာ‌ပေါင်း ၆၆၀နဲ့ ဖတ်သင့်တဲ့ ဖတ်ပျော်တဲ့ စာအုပ်တစ်အုပ်ကို ဝယ်ထားမိတာလအနည်းငယ်ကြာပြီးမဖတ်ဖြစ်ခဲ့၊ ဆရာနေဝင်းမြင့်ရဲ့ အားထုတ်မှုကောင်း ဘာသာပြန်လက်ရာမွန်ကို ဒီလထဲမှာဖွင့်ဟ ကြည့်မိခဲ့တယ်။သမိုင်း အချက်အလက်တွေကို ဝတ္ထုပါဇာတ်ကောင် တွေနဲ့ ရောမွှေပြီး ကျစ်ကျစ်လျစ်လျစ်ရေးထားတာ စိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်စရိုက် အားကောင်းတာ၊ ဇာတ်ကောင်များတာ၊ ခေတ်ကာလတွေကိုဖြတ်သန်းတာ၊ လူ့စိတ်ခံစားမှုတွေကို ဖွဲ့နွဲ့နိုင်တာတွေကို သည်ဝတ္ထုကြီးမှာ တွေ့ရတယ်။အမျိုးသားစာပေဆု ဘာသာပြန် (ရသ) စာပေဆု ရရှိထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ် ။တစ်ရစ်ပြီး တစ်ရစ် စစ်အတွင်းဘဝတွေရဲ့ အနိမ့်အမြင့်တွေက တစ်ထစ်ပြီးတစ်ထစ် ပုံဖော်ထားတယ်။

အောင်မြေသာစံပတ်ပျိုးမှ ပခန်းမင်းသားကြီး ခံစားဖွဲ့ဆိုထားတဲ့ "ရွှေပြည်တော်မျှော်တိုင်းဝေး ၊ ရေကန်သာကြာတိုင်းအေး" စာသားတစ်ခုရှိတယ်။ ဆရာကြီးမြသန်းတင့်က "Far Pavilion' ကို "ရွှေပြည်တော်မျှော်တိုင်းဝေး" လို့အမည်ပေးခဲ့တာကိုသဘောကျပြီး ဆရာနေဝင်းမြင့်ကလည်း " The Glass Palace" ကို ရေကန်သာကြာတိုင်းအေးလို့ တင်စားဘာသာပြန်‌ဆိုထား‌ကြောင်းကိုအမှာစာမှာ ပြောထားပါတယ်။ဆရာ‌ နေဝင်းမြင့်က စိတ်ဓာတ်ခွန်အားတွေပေးခဲ့တဲ့ ဆရာမြင့်သန်း ဒီစာအုပ်အပေါ်မှာ အားပေးထောက်ခံမှု အပြည့်‌ ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်း လည်း ဖော်ပြထားတယ်။လိုက်ဖက်တဲ့‌ခေါင်းစဉ်နာမည်ဖြစ်ပြီး တန်ဖိုးလည်းလျော့ကျသွားခြင်းမရှိ၊ ကျွန်တော်ပထမအမြင်က စာအုပ်ကိုပင်ကိုယ်ရေးလို့ထင်မှားရသည့်အထိ သဘောကျမိတဲ့ဘာသာပြန်စာအုပ်တစ်အုပ်လို့ဆိုရမယ်။မြန်မာသစ်တော သဘာဝ၊ ဆင်သဘာဝ၊ ရှေးကအိန္ဒိယ နိုင်ငံသားတွေ မြန်မာနိုင်ငံကို ဘယ်လိုရောက်လာတာကအစ သည်ဝတ္ထုကြီးထဲမှာ လှလှ ပပထည့်ရေးသွားတယ်။ သီပေါမင်းနဲ့ စုဖုရားလတ်တို့ရဲ့ ရတနာဂီရိရောက် နေ့ရက်များအကြောင်းရောက်တဲ့အခါ "နန်းကျဘုရင်" ဖတ်တုန်းက ခံစားချက်ကိုပြန်လည်ရရှိခဲ့တာကလည်းထူးခြားမှုတစ်ခုပါ။ဒီစာအုပ်မူရင်းကို မှီငြမ်းကိုးကားပြီးမှ The King in Exile (နန်းကျဘုရင်)စာအုပ်ကို Suhda Sha က ချယ်မှုန်းထားတာလို့သိရတယ်။ နန်းကျဘုရင်လည်းကျွန်တော် အကြိုက်ဆုံးသမိုင်းမှတ်တမ်းစာထဲက တစ်ခုပါ။ရှင်နှစ်ပါးနဲ့အစေအပါးတွေဆောင်ကျဉ်းခံရပြီးအကျဉ်းစံဘဝ၊ ရေခြားမြေခြားရောက်အရှင်နှစ်ပါးနဲ့ သမီးတော်တွေအကြောင်း အသေးစိတ်ဖတ်ချင်ရင်တော့ နန်းကျဘုရင် ကို ဖတ်ကြည့်ဖို့အကြံပြုပါတယ်။

မြန်မာပြည်အထက်ပိုင်းမန္တလေးမှာ အစပြုတဲ့ ဇာတ်လမ်းအကြောင်းကို အိန္ဒိယလူမျိုး စာရေးဆရာအမီတာဗ်ဂိုရှ်( Amitav Gosh) နဲ့ ပင်ပန်းကြီးစွာဘာသာပြန်ခဲ့ရသောဆရာနေဝင်းမြင့်တို့အပြင်မှာ တွေ့ဆုံဖူးပြီး ဒီစာအုပ်ပတ်သတ်ပြီး ဆွေးနွေးခဲ့ဖူးကြောင်း၊မြန်မာပြည်တွင် နေထိုင်ခဲ့ကြတဲ့ မိသားစုတစ်စုရဲ့ ဖြစ်ရပ်မှန် autobiography တစ်ပုဒ် ၊ အောက်စဖို့ဒ်တက္ကသိုလ် ၊ဒေလီတက္ကသိုလ် ၊ အီဂျစ်တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ပြီးနောက် အမေရိကန်တက္ကသိုလ်များ ဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသူ အိန္ဒိယနိုင်ငံသားမူရင်းစာရေးသူအမီတာဗ်ဂို့ရှ်ရေးသားသည့် မန္တလေးတွင်အစပြုခဲ့တဲ့ မျိုးဆက် သုံးဆက်၏ အံ့ဩချီးဖွယ်၊ ဆွတ်ပျံ့ဖွယ် ၊ စွဲမက်ဖွယ်ဝတ္ထုရှည်ကြီး။မင်းတုန်းမင်း ၊သီပေါမင်း လက်ထက်မန္တလေးမှ စတင်ထားသည့် ဒီဝတ္ထုကြီးကို မူရင်းစာရေးသူက ဗြိတိသျှစစ်တပ်နှင့်အတူ မန္တလေးရောက်ခဲ့တဲ့ သူ့ဖခင်၏ အတွေးအကြံ၊ အတွေ့အကြုံများကို အဓိကမှီငြမ်းရေးသားထားပါတယ်။ The Glass Palace ကို ဆရာနေ၀င်းမြင့်ကသာ ဘာသာပြန်ခြင်းမဟုတ်ပဲ ဆရာထိပ်တင်သက်ကလဲ ရွှေနန်းတော်အမည်နဲ့ ဘာသာပြန်ရှိသေးတယ်လို့ သိရပါတယ်။

ဆင်းရဲသားကျောမွဲမိဘမဲ့လှေထိုးသမား ကုလားကောင်လေးတစ်ယောက်မန္တလေးက ထမင်းဆိုင်သေးသေးလေးထဲမှာ အလုပ်လုပ်ရင်း မြန်မာပြည်ကို သိမ်းပိုက်ဖို့ ချီတက်လာတဲ့ အင်္ဂလိပ်တွေရဲ့ မန္တလေးအနောက်ဘက်မြို့ရိုးကတိုင်းပြည်ကို ကျွန်ပြုတော့မယ့် အမြောက်သံကြီးတွေနဲ့ ဇာတ်လမ်းကို အစဖွင့်ထားတယ်။ နိုင်ငံ ၃ နိုင်ငံရှိ မိသားစုမျိုးဆက်များ၏ အံ့ဩဖွယ် စွဲမက်ဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်၊ ဇာတ်ကောင်တွေကို ရှင်းရှင်းလင်းလင်း ရေးဆွဲထားတယ်၊ ခေတ်ရဲ့ အဖြစ်အပျက်တွေနဲ့သမိုင်းဇာတ်လမ်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ကူးမားရ်ဆိုတဲ့ကောင်လေးတစ်ယောက်က အစပြုကာ ဇာတ်အိမ်ခိုင်ခိုင် ၊ နောက်ခံအကြောင်းအရာ ကောင်းကောင်းနဲ့ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းတပုဒ်ကို ဖတ်မိလိုက်ရတဲ့အတွက် မယုံကြည်နိုင်လောက်အောင်ကျေနပ်မိစေတယ်။ကူမားရ်ဟာ စုဖုရားလတ်ရဲ့လက်စွဲအထိန်းတော်ဒေါ်လီ ဆိုတဲ့ မိန်း

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.