Author's Profile Photo

Reviews by Benevolent

22/08/2025

စပါတာကပ်စ်ကျဆုံးခန်း

3 mins read
Book Review
General Knowledge
History
စပါတာကပ်စ်ကျဆုံးခန်း's photo

ရောမခေတ်သမိုင်းကို သင်ဖူး၊ ဖတ်ဖူး၊ရုပ်ရှင်ကြည့်ဖူးသူတိုင်း "စပါတာကပ်စ်" ဆိုတဲ့ နာမည်ကို ကြားဖူးကြပါလိမ့်မယ်။ ဂလက်ဒီယေတာ (Gladiator) ခေါ် တိုဂာ်ခိုဂာ်ရေးသမားတွေ၊ Slave ခေါ် ကျွန်တွေနဲ့ တော်လှန်ပုန်ကန်မှုတွေကို သိကြပါလိမ့်မယ်။ဒီကျွန်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ စပါတာကပ်စ်ဟာ ဘယ်လို ကျဆုံးခဲ့ရတယ်ဆိုတာ သိသလောက် တင်ပြချင်ပါတယ်။
စပါတာကပ်စ်(Spartacus)ကို BC 103 ခန့် က သရေရှ (Thrace)အရပ်၊ယခုခေတ် ဘူလ်ဂေးရီးယာတွင် မွေးဖွားခဲ့တယ်။ဆဲလ်တစ်နွယ်ဖွားဖြစ်ပြီး စပါတာကပ်စ်ဆိုတာက "ဆံပင်ကောက်သူ" လို့ အဓိပ္ပါယ်ရတယ်လို့ဆိုတယ်။
နောက်ပိုင်းမှာ‌တော့ရောမတပ်များ၏ ဖမ်းဆီးတာခံရပြီး ကျွန်အဖြစ်ရောင်းစားခံရတယ်။ ကာပူအာရ် (Capua) ရှိ ဂလာဒီယေးတာလေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခံခဲ့ရတယ်။ကာပူအာရ် (Capua) အရပ်က ဂလက်ဒီယေတာတွေ လေ့ကျင့်တဲ့ စခန်းတခုသာဖြစ်ပါတယ်။သူဟာ ထူးချွန်တဲ့ တိုဂာ်ခိုဂာ်ရေးသမားတယောက်လည်း ဖြစ်လာတယ်။ ဂလာဒီယေးတာ (gladiator) အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအခြားကျွန်များနှင့်အတူ ရက်ရှစ်စ်ကျောင်းပိုင်ရှင် ဘက်တီးယပ်စ် (Lentulus Batiatus)အတွက် တိုက်ခိုက်ရန် စတင်ပြင်ဆင်ပေးခဲ့ရတယ်။အဲဒီစခန်းမှာပဲ သူဟာ ခရေးဆပ်စ်(Crixus )နဲ့ ရင်းနှီးခဲ့ပါတယ်။ ဂလက်ဒီယေတာတယောက်ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းလာတယ်။ သူတို့နေရတဲ့စခန်းမှာ အခြေအနေက ဆိုးရွားတယ်။ ဖိနှိပ်မှုတွေကို မခံနိုင်တော့တဲ့ အဆုံးမှာတော့ ကျွန်တွေဟာ တော်လှန်ပုန်ကန်ဖို့ စိတ်အားထက်သန် လာကြပါတော့တယ်။တညမှာတော့ စပါတာကပ်စ်နဲ့ ခရေးဆပ်စ်တို့ဟာ လက်ရွေးစင် ကျွန်အယောက် ၈၀ နဲ့ ပုန်ကန်တိုက်ခိုက်ကြပါတော့တယ်။ သူတို့ဟာ စခန်းမှာရှိတဲ့ လဂာ်နဂာ်တွေကို သိမ်းယူနိုင်ခဲ့ကြပါတယ်။

စပါတာကပ်စ်ဟာ BC ၇၃ ကျွန်ပုန်ကန်မှုရဲ့ တဦးတည်းသော ခေါင်းဆောင်မဟုတ်ဘဲ သူနဲ့အတူ အခြားခေါင်းဆောင် တပ်မှူးတွေလည်း အရေးကြီးတဲ့ ကဏ္ဍတွေကနေ ပါဝင်ခဲ့ပါတယ်။ဒီအထဲမှာ ခရေးဆပ်စ် (Crixus ) ဆိုသူလည်း ပါဝင်ပါတယ်။စခန်းမှာရှိတဲ့ ကျွန်အားလုံး သူတို့နဲ့ ပူပေါင်းပါဝင်လာကြပြီး စပါတာကပ်စ်၊ ခရေးဆပ်စ် နဲ့ Oenomaus ဆိုသူ (၃) ယောက်ကို သူတို့ရဲ့ ခေါင်းဆောင်တွေအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ခရေးဆပ်စ် (Crixus ) နဲ့ စပါတာကပ်စ်တို့ရဲ့အကြားက အကြောင်းအရာတွေဟာ စပါတာကပ်စ် ကျဆုံးမှုနဲ့ အဓိက ဆက်စပ်နေပါတယ်။BC ၇၃ စပါတာကပ်စ်နှင့် ဂလာဒီယေးတာ ၈၀ခန့် က လေ့ကျင့်ရေးကျောင်းမှ ထွက်ပြေးခဲ့ကြတယ်။ဝေဆာနီးယပ်စ်တောင် (Mount Vesuvius)တွင် ခိုအောင်းပြီ ရောမနိုင်ငံတော်ကို ပုန်ကန်ခဲ့ကြတယ်ပေါ့။တတိယကျွန်စစ်ပွဲ (Third Servile War)လို့လူသိများတဲ့ ကျွန်ပုန်ကန်မှုက တဖြည်းဖြည်း ကြီးထွားလာခဲ့တယ်။ကျွန်များ၊ ဆင်းရဲသားများနှင့် မကျေနပ်သူများလည်း ပါဝင်လာတယ်။တပ်အင်အားကထောင်ချီရှိလာခဲ့တယ်။စပါတာကပ်စ်လည်း စစ်ရေးပါရမီရှင်တစ်ဦးဖြစ်တာ‌ကြောင့် ရောမတပ်များကို အကြိမ်ကြိမ် အနိုင်ယူခဲ့တယ်။

"I am Spartacus"ဆိုတဲ့ စကားဟာ BC ၇၃မှာ ဖြစ်ခဲ့တဲ့ ကျွန်တော်လှန်ရေးမှာ အထင်ကရဖြစ်ခဲ့တဲ့ စကားဖြစ်လာတယ်။အာဏာနှင့် ဖိနှိပ်မှုကို ဆန့်ကျင်ဖို့ရာအတွက် ဒီစကားလုံးဟာ စည်းလုံးညီညွှတ်မှုကို ဖြစ်ပေါ်စေပါတယ်။စပါတာကပ်စ်ရဲ့ အဖြစ်မှန်ကတော့
ပြဇာတ်တွေ၊ ရှပ်ရှင်တွေထဲကလို မဟုတ်ဘဲ ရိ

ခန်းဆောင်နီအိပ်မက်-မြသန်းတင့်AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyမေတ္တာမဏ္ဍိုင်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) အနုပညာနည်းလမ်းနှစ်သွယ်

Unlock to read this premium article with 100 points.