Author's Profile Photo

Reviews by Benevolent

14/08/2025

တောရိုင်းမြေ

3 mins read
Book Review
History
Novel
တောရိုင်းမြေ's photo

ရုရှားဝတ္ထုကြီးတွေဖတ်မိရင် ဘေးမှာ မှတ်ဖို့ခဲတံချထားရတယ်။ နာမည်တွေမှတ်ပြီး မရှုပ်ထွေးအောင်လုပ်ရတာ ၊မလုပ်ဖြစ်ရင်‌တော့ဘယ်သူက ဇာတ်လိုက်မှန်းလည်းမသိ၊ လူတွေ နာမည်တွေရောထွေးလာနိုင်တယ်။၀တ္ထုမှာ ဇာတ်ကောင်တွေနာမည်ကို မှတ်ရတာ နည်းနည်းတော့ စိတ်ရှုပ်နိုင်ပါတယ်။ပြီးတော့ စကားပြောခန်းတွေ အရမ်းများလို့ ငြီးငွေ့နိုင်ပါတယ်။ ဒါပေမယ့် စာအုပ်အမှာစာ ပြန်လေ့လာဖြစ်ရင်လည်း နာမည်ကိုတွဲမိလိမ့်မယ်။အမှာစာဖတ်တာဆိုတာက စာအုပ်ဧ။်သဘောတရား နားလည်လာပြီး ဖတ်လို့ပိုအရှိန်တက်လာအောင်ရွယ်ချက်အပြည့်ပါတယ်။ တစိမ့်စိမ့်‌တွေးပြီးကောင်းတာကလည်း ရှရှားစာအုပ်တွေ၏ အနှစ်လို့ပြောနိုင်တယ်။မူရင်းစာအုပ် ပထမပိုင်းက ၁၉၃၂မှာထုတ်တယ်။ဒုတိယပိုင်းကို၁၉၆၀မှ ပြန်ထွက်လာခဲ့တယ်။ပနှင့်ဒုကြား ကွယ်လွန်သူတွေတော့ ဒိစာအုပ်အဆုံးသတ်ကို သိသွားကြမှာမဟုတ်ဘူး။မူရင်းစာရေးဆရာမစ်ခေးလ်ရှိုလိုကော့( Mikhail Sholokhov )၊ကျော်အောင်(ဘာသာပြန်) တို့အစွမ်းကအတော်ထက်တယ်ပြောရမယ်။

တသိမ့်သိမ့်ဒွန် စာအုပ်က ဒွန်မြစ်ဝှမ်းဒေသ ပထမကမ္ဘာစစ်၊ မဟာအောက်တိုဘာတော်လှန်ရေး၊ ပြည်တွင်းစစ် ကို ကိုယ်စားပြုတယ်။တောရိုင်းမြေ စာအုပ်ကတော့ပြည်တွင်းစစ် တွေချုပ်ငြိမ်းပြီးကွန်မြူနစ်ဝါဒကို စပြီး အကောင်အထည်ဖော်တဲ့ ကာလနောက်ခံဝတ္ထုလို့ ဆိုရမယ်။တသိမ့်သိမ့်ဒွန် စာအုပ်ကိုချိတ်ဆက်ရေးထားတဲ့ ဝတ္ထုအဖြစ်သတ်မှတ်ထားကြတယ်။ဒီစာအုပ်က စတာလင်၏ ပထမ ၅နှစ်စီမံကိန်း (Five-Year Plan) ကာလကို ရောင်ပြန်ဟပ်ထားစေတယ်။ဒီစာအုပ်က ဆိုဗီယက်စာပေ၏ ဂန္ထဝင်လက်ရာအဖြစ် သတ်မှတ်ခံရပြီး၊ လယ်ယာပြုပြင်ပြောင်းလဲရေး၏ ရှုပ်ထွေးမှုများကို လူသားချင်းစာနာမှုဖြင့် ဖော်ပြထားတယ်။မူရင်းစာ‌ရေးသူ Sholokhov က " And Quiet Flows the Don"စာအုပ် ဖြင့် နိုဘယ်ဆုရရှိခဲ့သူဖြစ်ပြီး၊ "Virgin Soil Upturned"သည်လည်း သူ၏ အထင်ကရလက်ရာတစ်ခုဖြစ်တယ်။

မြေယာနဲ့ အသက်မွေးသူများရဲ့ လွတ်မြောက်ရေး လမ်းစဟာ စုပေါင်းလယ်ယာပဲ၊ ဒီလိုမှ မဟုတ်ရင် လုပ်စာတွေအကုန် ကုလတ်တွေက သွေးစုပ်နေကြမှာပါပဲ ။ ဒါက ခေါင်ဆောင်ကြီးလီနင် မှာခဲ့တဲ့စကားလို့ဆိုကြတယ်။၁၉၃၀ ပြည့်လွန်နှစ်များက ရုရှားတောင်ပိုင်းက စတက်မြက်ခင်းပြင်ကြီးနဲ့ ဒွန်မြစ်ကမ်းနံဘေးက ကျေးရွာတစ်ခုဖြစ်တဲ့ ဂရယ်မျချီတွင် စုပေါင်းလယ်ယာစနစ်ဖြစ်စဉ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲများကိုအခြေခံထားတယ်။
ဂရယ်မျချီကျေးရွာသို့ ကွန်မြူနစ်ပါတီမှ ဒါဗီဒေါ့နှင့်
နာဂူနော့တို့ရောက်ရှိလာပြီး၊ဒါဗီဒေါ့ နှင့် နာဂူနော့ တို့က ကျေးရွာတွင် ကွန်မြူနစ်ပါတီ ၏ စုပေါင်းလယ်ယာအသင်းအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးစားကြတယ်။ လယ်ယာမြေများကို စုပေါင်းလုပ်ကိုင်ရန် (စုပေါင်းလယ်ယာတစ်ဖွဲ့စည်းခြင်း)အတွက် ကျေးရွာသားများကို စည်းရုံးတယ်။ဒါ‌ပေမယ့်ကျေးလက်လူတန်းစားအများစုက ဒီပြုပြင်ပြောင်းလဲမှုကို သံသယ၊ ကြောက်ရွံ့မှုနှင့် ခုခံမှုများ ဖြင့် ရင်ဆိုင်ကြတယ်လို့ ဆိုရမယ်။

ချမ်းသာတဲ့ ကုလတ်(လယ်ပိုင်ရှင်လူချမ်းသာ) က ဒီအစီအစဉ်ကို ဆန့်ကျင်ပြီး၊ ကျေးရွာသားများကို အနိုင်ကျင့်ရန် လျှို့ဝှက်ကြံစည်ကြတယ်။အဲ့အခါ လယ်သမားများ၏ တုံ့ပြန်မှုတွေပေါ်လာတယ်။အချို့လယ်သမားများက မိမိတို့၏မြေများကို စွန့်လွှတ်ရမှာကို ဝမ်းနည်းကြ‌တယ်။အချို့ကလည်း ပါတီ၏မူ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.