Author's Profile Photo

Reviews by Benevolent

9/08/2025

ကမူး၏ကိုးကွယ်ရာ

2 mins read
Book Review
General Knowledge
History
ကမူး၏ကိုးကွယ်ရာ's photo

၁၉၅၇ ခုနှစ်တွင် စာပေနိုဘယ်ဆု(Nobel Prize in Literature) ရရှိချိန်မှာ ကမူးက မိသားစုဝင်တွေကို သတင်းကောင်းပြောပြချင်တာ‌ကြောင့် အိမ်သို့အမြန်ပြန်လာခဲ့တယ်။အိမ်မှာ မိခင်ဖြစ်သူ နှင့်သူ့အမွှာက‌လေးများဖြစ်ကြတဲ့ သမီး Catherine Camus နဲ့ သားဖြစ်သူ Jean Camus ရှိနေတယ်။ထိုအချိန်တွင် မိခင်ဖြစ်သူကရရှိလာတဲ့ဆု နှင့် ဆုငွေအတွက် စိတ်မလှုပ်ရှားပဲ မရယ်မပြုံးဖြစ်နေတယ်။သားဖြစ်သူ၏ နာမည်ကျော်စာပေဆုကို နားမလည်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်တယ်။ဘာလို့လဲဆိုတော့ အလွန်ရိုးရှင်းတဲ့ ဘဝနေထိုင်သူဖြစ်ပြီးဆင်းရဲသားဘဝနဲ့ ကျင်လည်ခဲ့တဲ့အလေ့အကျင့်ရှိသူတစ်ယောက်သာဖြစ်တယ်။ကမူး၏မိခင်က အကြားအာရုံမ‌ကောင်းသူတစ်ယောက်လည်းဖြစ်တယ်။ အတော်ကြာမှ ကမူးကို မေးခွန်းတစ်ခု‌မေးတယ်။

"ဒီဆုငွေနဲ့ လက်ဖက်ရည်ဇွန်းအသစ်တစ်ချောင်း ဝယ်လို့ရမလား" လို့ မေးခဲ့တယ်။

ကမူးက ဒီမေးခွန်းကို ကြားပြီး ပြုံးရယ်ကာ "အင်း... ဇွန်းတစ်ချောင်းတော့ ဝယ်လို့ရတာ‌ပေါ့။ ဒါပေမယ့် ကျန်တဲ့ငွေနဲ့ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရဦးမယ်" လို့ ပြန်ဖြေခဲ့တယ်။ဒီဖြစ်ရပ်ကကမူး၏ လက်ကိုင်စွဲကျင့်သုံးခဲ့တဲ့"ဘဝသည် အဓိပ္ပါယ်မရှိသော်လည်း ရယ်မောဖွယ်ကောင်းသည်" ဆိုတဲ့ အယူအဆနှင့် လိုက်ဖက်နေတယ်။
နောက်ဆုံးရရှိခဲ့တဲ့ဆုငွေအားလုံးကို သူချစ်တဲ့မိသားစုအတွက် အသုံးပြုခဲ့တယ်။ မိခင်ကိုလည်း လက်ဖက်ရည်ဇွန်းအသစ်တစ်ချောင်း အမှတ်တရဝယ်ပေးခဲ့‌သေးတယ်။

မိခင်ဘဝက ကမူးအပေါ် သက်ရောက်မှုရှိခဲ့တယ်ဆိုရမယ်။အဲဘတ် ကမူး (Albert Camus) နှင့် သူ၏မိခင်က ဆင်းရဲသားဘဝမှ နိုဘယ်ဆုရတဲ့အထိအတူရှိနေခဲ့တယ်။မိခင်ဖြစ်သူ Catherine Hélène Sintès က စပိန်လူမျိုးတစ်‌ယောက်ဖြစ်ပြီး အကြားအာရုံချို့တဲ့သူ(deaf)တစ်ယောက်လည်းဖြစ်တယ်။ပညာကိုကောင်းကောင်းမသင်ခဲ့ရ၊ ငယ်ငယ်ရွယ်နဲ့အိမ်ထောင်ကျခဲ့ကာ ကမူးကို‌မွေးခဲ့တယ်။အလုပ်သမားအမျိုးသမီးအဖြစ်သာအမြဲရပ်တည်ခဲ့ရတယ်။ကမူးအသက် ၁ နှစ်အရွယ်မှာ ကမူး

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.