မောင်ရှင်းသန့်(ရွှေညာမြေ)

ဗြိတိန်စာရေးဆရာ Smita Talati ရဲ့ Perfect Money Saving စာအုပ်ကို မြန်မာဘာသာပြန်ဆိုထားတဲ့စာအုပ်လေးပါ။ ဘာသာပြန်ဆိုပေမဲ့ တိုက်ရိုက်ပြန်ဆိုတာမဟုတ်ပဲ မြန်မာစာဖတ်သူနားလည်လွယ်ကူပြီး အသုံးချလို့ရအောင် မြန်မာမှုပြုပြီး ဘာသာပြန်ထားတဲ့စာအုပ်လေးပါ။
စာအုပ်လေးက ပါးတယ်။ သေးတယ်။ ဒါပေမဲ့ ငွေကိုအမှန်တကယ် စုဆောင်းလိုသူအတွက် အသုံးတည့်မည့်နည်းလမ်းတွေပါရှိလို့ တန်ဖိုးရှိလှတဲ့စာအုပ်လေးပါ။ ၀င်ငွေသည် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ မိမိရရှိသော ၀င်ငွေတိုင်းအတွက် အကောင်းဆုံးငွေစုနိုင်တဲ့နည်းလမ်းလေးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ဇန်နဝါရီလမှစ၍ တစ်နှစ်ပါတ်လုံး လအလိုက် ငွေစုနိုင်သော နည်းလမ်းများ နှင့် လအလိုက် ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့မှ မည်သူ့ ချွေတာနိုင်သည်ကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။
မြန်မာစာဖတ်သူတို့အတွက် ရည်ညွှန်းဘာသာပြန်ထားတာဖြစ်တဲ့အတွက် စာအုပ်ပါနည်းလမ်းလေးတွေက လိုက်နာ၊အသုံးချလို့ရတဲ့ နည်းလမ်းတွေ များပါတယ်။ အချို့ကတော့ တစ်သီးပုဂ္ဂလစီရဲ့ အခြေနေပေါ်မှာမူတည်ပြီး အသုံးတည့်ချင်မှတည့်ပါလိမ့်မယ်။ အံ၀င်ချင်မှ အံ၀င်ပါလိမ့်မယ်။
ဒီစာကိုဖတ်နေသူအတွက်ကရော စာအုပ်မှာပါရှိတဲ့ နည်းလမ်းကောင်းလေးတွေက သင့်အတွက် ဟုတ်၊မဟုတ် ဖတ်ကြည့်ကြည့်ပါလို့ ပြောရင်း....။
#မောင်ရှင်းသန့်(ရွှေညာမြေ)
#TheReader #စာဖတ်သူ
Keep Reading