Reviews by Benevolent
စာမျက်နှာ - ၂၇၆ နဲ့ ဒီစာအုပ်ကို ဒုတိယမ္ပိဖတ်မိလည်း အကျိုးများပါတယ်၊ အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ ဂန္ထဝင်စာပေထဲက တစ်ခု၊ အမြဲလတ်ဆတ်နေတဲ့ စာအုပ်ဖြစ်သည့်အပြင် လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ စာပေလောကအများစုက သတ်မှတ်ထားကြတယ်။ပင်လယ်ရနံ့လေးနဲ့ စွန့်စားခန်းကြိုက်သူများ၊ ဘဝအသိ နဲ့ ပညာကို ရှာဖွေသူများ လက်ကိုင်စွဲထားသင့်တဲ့စာအုပ်ပါ ၊ မူရင်းစာရေးသူရဲ့ အတွေးအခေါ် ၊ဘဝနောကြေတဲ့အတွေ့အကြုံ နဲ့ အယူအဆ များစွာကို ဒီစာအုပ်လေးထဲတွင် မြုပ်နှံထားသည်ကို မြင်ရပါတယ်။ ဒီဝတ္ထုထဲမှာ ဝံပုလွေလာဆင် နဲ့ ဟမ်ဖရီဗင်ဝေဒင် ဆိုတဲ့အပြိုင်ဇာတ်ကောင် နှစ်ယောက်ရဲ့ ခေါ်ဆောင်ရာကို စာဖတ်သူ လိုက်ပါသွားရလိမ့်မယ်။
တစ္ဆေသင်္ဘောရှိ ကက်ပတိန် ဝံပုလွေလာဆင်ဆိုတာ လက်တစ်ဖက်က ဓမ္မကျမ်းစာအပြင် ရှိတ်စပီးယား ၊ တန်နီဆင် ၊ အက်ဂါအယ်လင်ပိုး ၊ တိုင်းဒေါ ၊ ဒါဝင် စတဲ့ နာမည်ကျော်စာရေးဆရာများရဲ့ စာကြီးပေကြီး စွဲကိုင်ထားသလို အခန်းအပြင်ဘက် ခြေလှမ်းလိုက်ရင်တော့ ဝံပုလွေလို နှလုံးသားမဲ့ ၊ ကြမ်းတမ်းခတ်ထန်တဲ့ သားရဲတစ်ကောင်သဖွယ် ပြုမူနေထိုင်တယ်။အသက်ရှင်မှုကို ထက်ထက်သန်သန် နှစ်သက်သူဖြစ်သော်လည်း သေခြင်းကိုလည်း ရဲရဲဝံ့ဝံ့ လက်ခံနိုင်သူလည်းဖြစ်တယ်။သူ့ရဲ့အမိန့်ပေးသံတွေအောက်မှာ သင်္ဘောသားများ ၊ ဖျံဖမ်းသမားများက နွားလိုနေရပြီး နွားလို ကျုံး၍ ကုန်း၍ အလုပ်လုပ်ကိုင် ရတယ်။ ချောင်းမြှောင်းလုပ်ကြံသတ်ဖြတ်ချင်သူများပြည့်နှံ့နေတဲ့နေရာတွင် အသက်ရှင်လှုပ်ရှားတယ် ၊ တိုက်ခိုက်ရုန်းကန်တယ် ၊စစ်သူကြီးပမာ သဘာဝအန္တရာယ်ဆိုး နဲ့ စစ်ခင်းရာတွင် ကြံကြံခံနိုင်သူဖြစ်တယ်။
ဗင်ဝေဒင် ဆိုတာမိဘခြေထောက်ပေါ်ရပ်ပြီးစာရေးဆရာဘဝကို အမှားအမှန်တွေးခေါ်မှုတွေနဲ့ ဘဝကိုနူးညံ့မှုများစွာနဲ့ တည်ဆောက်ချင်သူဖြစ်တယ်။ဘဝအတွေ့အကြုံနည်းသူ ၊ အတွေ့အကြုံအများစုဟာ စာအုပ်ကနေတစ်ဆင့်သာ ယူထားပြီး စိတ်ကူးယဉ်ဆန်သူတစ်ယောက်လို့ ထင်ကောင်းထင်နိုင်တယ်။သူမှာယုံကြည်မှုတစ်ခုရှိတယ်၊ အဲ့အရာက ခန္ဓာအားထက် စွမ်းအားကြီးကြောင်းကို ပြသနိုင်ခဲ့တယ်။ဝံပုလွေလာဆင်နဲ့ မတွေ့ခင်ဘဝတစ်လျှောက်လုံး သူ့စိတ်ကူးတွေနဲ့ တည်ဆောက်ခဲ့တာ မှန်ပေမယ့် သ
Unlock to read this premium article with 100 points.