Author's Profile Photo

Reviews by Benevolent

23/09/2025

တကောင်ကြွက်

3 mins read
Book Review
Novel
Fiction
တကောင်ကြွက်'s photo

အမေရိကန်စာရေးဆရာ Upton Sinclair က မက္ကဇင်ဂေါ်ကီ (Maxim Gorky)ဟာ ဆင်းရဲသားတွေရဲ့ ရုန်းကန်မှုကို ကြီးမားတဲ့ စာပေအဖြစ် ဖန်တီးနိုင်လေ့ရှိတယ်လို့ ပြောဖူးတယ်။ဂေါ်ကီ(Gorky) ရဲ့ ရေးဟန်ဟာစစ်မှန်ပြီး စိတ်ခံစားမှု ပြင်းထန်တယ်။သူဟာ စာနာမှုနဲ့ ရက်စက်မှုကို ရောစပ်ရေးသားတတ်တယ်။ ဇာတ်ကောင်တွေရဲ့ စိတ်ထားနဲ့ လုပ်ရပ်တွေကို စိစစ်ဝေဖန်ထားတဲ့ မျက်လုံးနဲ့ ကြည့်ပြီး၊ သူတို့ရဲ့ ဘဝအခြေအနေကို ဆန်းစစ်ထောက်ပြထားလေ့ရှိတယ်။ဂေါ်ကီ (Gorky)ဟာ ရုရှားစာပေမှာ ခေတ်သစ်တစ်ခုကို စတင်ခဲ့သူလို့ ဆိုနိုင်တယ်။ သူ့မတိုင်ခင် စာရေးဆရာတွေဟာ ရုရှားရဲ့ရှေးရိုးစွဲ ဘဝကို ကံကြမ္မာအလိုက် လက်ခံခဲ့ကြပေမယ့် ဂေါ်ကီ (Gorky) ကတော့ ကန့်ကွက်မှုနဲ့ အနာဂတ်ကို မျှော်လင့်ချက်ထားတဲ့ အတွေးအခေါ်ကို စတင်ခဲ့တဲ့သူလို့ ပြောလို့ရတယ်။အခုပြောပြမယ့် တကောင်ကြွက်(Orphan Paul )စာအုပ်ဟာလည်း ရုရှားစာရေးဆရာ မက္ကဇင်ဂေါ်ကီ(Maxim Gorky) ရဲ့ ပထမဆုံး ဝတ္ထုရှည်ဖြစ်ပြီး လူ့အဖွဲ့အစည်းရဲ့ အောက်ဆုံးအလွှာက လူတန်းစား၊ အဘက်ဘက်က ချို့တဲ့စွာနေရတဲ့ဘဝကိုသရုပ်ဖော်ပြထားတယ်။ဘဝမှာ နေရာတစ်ခု မရှိသလိုဖြစ်နေတဲ့ ကလေးတစ်ယောက်နဲ့ လိင်အလုပ်သမား အမျိုးသမီး တို့ကို ဇာတ်လိုက်အဖြစ် ယူထားပါတယ်။ ဇာတ်ကြောင်းက ပေါလ် ဆိုတဲ့ ကလေးငယ်ရဲ့ ကြေကွဲဖွယ် ဘဝဇာတ်ကြောင်းဆီကို လှိမ့်ဆင်းထားပါတယ်။ ဒီစာအုပ်ကို ဆရာမြသန်းတင့်ကမှီငြမ်းပြီး "ကံကောင်း" ဆိုတဲ့စာအုပ်ကို မြန်မှုပြုထားခဲ့တယ်။ဆရာကျော်အောင်က တိုက်ရိုက်ဘာသာပြန်ထားတယ်။
ဒီဘာသာပြန်စာအုပ်က ဒုတိယအကြိမ်ပါ၊ ၁၉၇၆ ကပထမအကြိမ်ထွက်ပြီး နှစ်ပေါင်း ၅၀ ကြာမှ ပြန်ထွက်လာတယ်ပြောရမယ်။

ဇာတ်လမ်းဟာ ရုရှားလူမှုအသိုင်းအဝိုင်းရဲ့ ကြမ်းတမ်းတဲ့ ဘဝသရုပ်ပေါ် အာရုံစိုက်ထားတယ်။ပေါလ် ဖြစ်လာမယ့်တဲ့နီတာရဲကလေးကို ပါးစပ်ထဲပေါင်မုန့်ဖတ်တစ်စထည့်ပြီး မိဘတွေကလောကကြီးအလယ်ပစ်ချခဲ့တယ်။ခြံစည်းရိုးနား ပစ်ထားခဲ့တဲ့ နီတာရဲ လေးကို ဘယ်သူမှမကိုင်ရဲ ၊မထိရဲကြ။ပုလိပ်ကြီး အရေဖီဂစ်ဗလီက နီတာရဲ ပေါလ်ကိုကယ်တင်ခဲ့တယ်။အ‌ရေဖီက ကလေးတွေကို ကောင်းစေချင်တဲ့စိတ်ရှိတယ်။‌ ပေါလ်ရဲ့မွေးဖွားမှုစကတည်းက ဒုက္ခနဲ့စခဲ့ပြီး မိဘမဲ့စောင့်ရှောက်ရေးဂေဟာ မှာကျင်လည်ခဲ့ရပေမယ့် ဦးကြီးအရေဖီနဲ့ကြုံခဲ့တာက သူအတွက် အားဖြစ်စေခဲ့တယ်။စာတတ်စေချင်တယ်၊ စာဖတ်စေချင်တယ်၊နောက်ဆုံး လက်ကျန်အမွေဆိုတာကို ပေါလ်အတွက်ထားပေးခဲ့တယ်၊ ဒါပေမယ့် အရေဖီရဲ့ဘဝအဆုံးသတ်က...

"ငါတို့ဟာ ဘဝရဲ့ အောက်ခြေအလွှာကနေ လာကြတယ်၊ ဒါပေမယ့် ငါတို့မှာ ငါတို့ရဲ့ဂုဏ်သိက္ခာရှိတယ်"

စာရေးသူ မက္ကဇင်ဂေါ်ကီ( Maxim Gorky)က
ဆင်းရဲဒုက္ခရောက်နေတဲ့ လူသားများ၏ ဘဝနှင့် လူမှုရေး မညီမျှမှုအပေါ် ကန့်ကွက်မှုများကို ဒီစာအုပ်ဖြင့်ဖော်ပြထားပေမယ့် လူသားတိုင်း၏ ဂုဏ်သိက္ခာနှင့် လူ့ဘောင်သစ်ကို တည်ဆောက်လိုတဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးထားတယ်။လူ့လောကထဲသို့ ခြေစုံပစ်ဝင်မယ်ကြံကာရှိသေးသူများဘဝရဲ့ ရက်စက်မှုတွေ၊
မတရားမှုတွေကြားက ပေါလ်ရဲ့ ရုန်းကန်မှု၊ ဒေါသထွက်မှု၊ စိတ်ပျက်အားငယ်ဖွယ် အဖြစ်အပျက်တွေကိုဂေါ်ကီ (Gorky) က စိတ်ဝင်တစားရေးဖွဲ့ထားပါတယ်။ပေ

တကယ်မရှိသောနှစ်များမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲErnest Hemingway ဘဝဟာသများလူကဲခတ်နည်း အပိုင်းသုံး❝ မသိမှု ဝတ်ရုံကြီး ❞တကောင်ကြွက်AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyစာပေဆိုင်ရာ နိုဘယ်ဆု

Unlock to read this premium article with 100 points.