Author's Profile Photo

Reviews by Benevolent

1/09/2025

𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚

3 mins read
Book Review
Novel
Fiction
𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚's photo

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘဝဖြစ်တည်မှု ပဓာနဝါဒီ (Existentialism) များထဲက တစ်ယောက်အဖြစ် ကမူး(Camus)ကိုသတ်မှတ်ဖော်ပြခံရတယ်။အလ်ဘတ် ကမူး (Albert Camus) ကို ဘဝဖြစ်တည်မှုပဓာနဝါဒီ သို့မဟုတ် အတ္တဘဝအမှန်ဝါဒီတစ်ဦးဖြစ်သူ ယန်ပေါဆာ့တ် (Jean-Paul-Satre) နှင့် ယှဉ်တွဲ၍မြင်လေ့ရှိကြတယ်။၁၉၄၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဘတ်ကမူး (Albert Camus) နှင့် ယန်ပေါဆာ့တ် (Jean-Paul Sartre) တို့ ပြင်သစ်ပြည်တွင် အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ဖူးတယ်၊ မိတ်ဆွေနှင့် ပညာရှင်မဟာမိတ်များဖြစ်ခဲ့ကြတယ်။ စာပေ၊ ဖြစ်တည်မှုဝါဒ (existentialism)၊ နှင့် နာဇီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အတူပါဝင်ခဲ့ဖူးကြတယ်။

ကမူး(Camus) က ပြဇာတ်‌စာ‌ရေးဆရာ၊ ဝတ္ထုရေးဆရာ၊ ဆင်ခြင်သုံးသပ် တွေးခေါ်သော အက်ဆေးဆရာ တစ်ယောက် အဖြစ်ရှိခဲ့ပြီး နောက်ပိုင်းစာပေလက်ရာများတွင် ဒဿနဘက်ခြမ်းရွေ့လျားနေသော လူသားဝါဒဆီသို့ ခေါ်ဆောင်သွားခဲ့တယ်။ ကမူး၏စာအုပ်များတွင် Absurd (အဓိပ္ပာယ်ကင်းမဲ့မှု) နှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ထားမှုကို အဓိကထား တင်ပြလေ့ရှိတယ်။သီခြားလူတစ်ဦးချင်းစီတွင် အမြင်၊ ဆန္ဒ ၊ တန်ဖိုးထားမှုများ ၊ ယဉ်ကျေးမှု များ မတူညီသော်လည်း တူညီမှုတစ်ခုသာရှိတယ်။ အဲ့ဒါ ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်ထားခြင်းသာဖြစ်တယ် ။ ကမူး၏ အတွေးအခေါ်တွင် အရေးကြီးလှသော အချက်ဖြစ်ပြီး အရေးအသားဖြင့် အဓိကထား ဖော်ထုတ်ပြလေ့ရှိတယ်။

"The Fall" စာအုပ်က ဒဿနိကဗေဒဆန်သော ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့တယ်။ ကမူးဧ။်နောက်ဆုံးပြီးပြည့်စုံသော စိတ်ကူးယဉ်လက်ရာတစ်ခု သတ်မှတ်ထားကြတယ် ၊ဒါပေမယ့် ဘာသာပြန်ထားမှုကတော့ အနည်းငယ်လိုအပ်ချက်ရှိနေတယ်။ဇာတ်လမ်းက အမ်စတာဒမ် မြို့တွင် အခြေခံထားတယ်၊ မိမိကိုယ်ကို "တရားသူကြီး-နောင်တရသူ" (judge-penitent) အဖြစ် ကြေညာထားတဲ့သူက သူ့ဘဝအကြောင်းကို သူစိမ်းတစ်ဦးအား ဇာတ်ကြောင်းပြန်ပြောပြခြင်း ပုံစံဖြင့် ရေးသားထားတယ်။ နောင်တရခြင်းနှင့်တူတဲ့ ဝန်ခံချက်တစ်ခုအနေဖြင့်သာဖြစ်တယ်၊ ပါရီမြို့တွင် ချမ်းသာတဲ့ ရှေ့နေတစ်ဦးအဖြစ် အောင်မြင်ကာ လုပ်ဖော်ကိုင်ဖက်များက အလွန်လေးစားခံရဖူးတဲ့ ဘဝ၊ နောက်ပိုင်းတွင် ကံဆိုးမှုများနှင့် ဂုဏ်သိက္ခာ ပြုတ်ကျခြင်း (fall from grace) ကို ရှင်းပြထားတယ်။
အပြစ်မဲ့ခြင်း ၊ ချုပ်နှောင်ခံရခြင်း ၊အဓိပ္ပာယ်ကင်းမဲ့ခြင်း ၊နောက်ဆုံး အမှန်တရား က ဘာလဲ စဖြင့် ချယ်မှုန်းပြထားတယ်။ယန်ပေါဆာ့တ် (Jean-Paul-Satre)က ဒီဝတ္ထုကို ကမူး၏ စာအုပ်များအနက် အလှပဆုံးနှင့် နားလည်ရအခက်ဆုံး လက်ရာဟု ဂုဏ်ပြုစကား ဆိုထားဖူးတယ်။လူသား၏ အတ္တဆန်မှု၊ အပြစ်ဒဏ်ခံစားမှုနှင့် မိမိကိုယ်ကို လှည့်စားတတ်သော သဘာဝတို့ကို နက်နက်ရှိုင်းရှိုင်း စူးစမ်းထားတဲ့ လက်ရာဖြစ်တယ်။"စည်းအပြင်ကလူ (The Outsider/The Stranger)၊ "The Myth of Sisyphus " ကို ဖတ်ပြီးပါက၊ ဒီစာအုပ်က ကမူး၏ဒဿနအမြင်များကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန် အထောက်အကူပြုပါလိမ့်မယ်။"ငါတို့ မသေနိုင်ကြ ဘူးလို့ လက်ခံထားကြတာ၊ ရက်သတ္တပတ်အတော်ကလေး ကြာလာတာနဲ့ နောက်တစ်နေ့ ကူးဖို့ကို အတော်ကြိုးစားလာကြရတယ်" အဓိပ္ပာယ်ကင်းမဲ့မှု သဘောတွင် ဆန္ဒရှိခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ထားခြင်း ခံနေရမှု တို့ကြား ကွာဟချက်ကို မြင်သာစေတယ်

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်ဂျက်ကီချန်းဘဝအကြောင်း𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚မြန်မာပြည်မြောက်ပိုင်းတကယ်မရှိသောနှစ်များစိတ်ရှည်ပါ။တောရိုင်းမြေErnest Hemingway ဘဝဟာသများမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။

Unlock to read this premium article with 100 points.