Reviews by Benevolent
လောကနိဗ္ဗာန်လို့ တင်စားခံရတဲ့နေရာ ပါရီမြို့ကြီး၊နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ပညာရေး၊သိပ္ပံပညာ၊အားကစား၊ယဉ်ကျေးမှု၊အနုပညာ စသဖြင့် ကဏ္ဍအရပ်ရပ်မှာ ခေသူမဟုတ်တဲ့နိုင်ငံကြီးတစ်ခု။ ဒုတိယကမ္ဘာစစ်မတိုင်မီအထိ အာရှတိုက် အာဖရိကတိုက်တွေမှာ ပြင်သစ် ကိုလိုနီပြု သိမ်းပိုက်ပစ်ခဲ့တဲ့ နိုင်ငံအများအပြားရှိခဲ့တယ်။အစဉ်အလာ အင်မတန် ကြီးမားခဲ့တဲ့နိုင်ငံ ပြင်သစ်ပြည်ဟာ ၁၉၃၅ ဝန်းကျင်တွင် အလှည့်အပြောင်းကာလဖြစ်လာခဲ့တယ်။
စတာဗစ္စကီငွေလိမ်မှု၊ ပြင်သစ်လွှတ်တော်အမတ်များ ပါနေတာကြောင့်ဆန့်ကျင့်တဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခု ၊ ဖက်ဆစ် ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပါရီတွင် ပေါ်ပေါက်လာခဲ့တယ်။ပြင်သစ်နိုင်ငံမှာ ပါတီစုံ အယူဝါဒပေါင်းစုံအုပ်ချုပ်ရေး အယူအဆ အထွေထွေတို့နဲ့ရှုပ်ယှက်ခတ်နေချိန်၊တဖက်ကလည်း ဟစ်တလာဘုန်းတန်ခိုးအာဏာ ကြီးလာတာနဲ့အမျှဖက်ဆစ်ဝါဒခြိမ်းခြောက်မှုတွေကို ဥရောပတခွင်းလုပ်လာကြတယ်။ဥရောပရဲ့ တစ်နိုင်ငံပြီးတစ်နိုင်ငံ သိမ်းယူနေဆဲအချိန်၊ ဂျာမန်တို့က အင်္ဂလန် နဲ့ ပြင်သစ်ကိုတောင် အနီးကပ်ဆုံးခြိမ်းခြောက်လာတယ်။ဖက်ဆစ်ဆန့်ကျင့်ရေး ဆန့်ကျင်လိုစိတ် ကြီးမားကြတဲ့ပြည်သူအများစုက ဟစ်တလာကို ပြတ်ပြတ်သားသား ပြန်တိုက်၊ဆန့်ကျင်မယ်လို့ ယုံကြည်တဲ့ပြည်သူ့တပ်ဦးပါတီကို မဲပေးခဲ့ကြတယ်။ပြည်သူတွေ အားကိုးတကြီးမဲ ပေးခဲ့ကြတယ်။ဒါပေမယ့် ပြည့်သူတပ်ဦးပါတီဟာ ဘာမှထိထိရောက်ရောက် မစွမ်းဆောင်နိုင်ခဲ့ဘဲပါတီတွင်းမှာ ဂိုဏ်းကွဲများစွာဖြစ်နေခဲ့ပြီးအယူအဆမျိုးစုံ တကွဲတပြားဖြစ်ခဲ့ကြတယ်။သွေးကွဲပြီးတစ်ဦးနဲ့တစ်ဦး သူ့မယုံ ငါ့မယုံ ၊ ပါတီခေါင်းဆောင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက် ခြေထိုးလိုက်ကြ ၊ကလန့်လိုက်ကြ ကလော်လိုက်ကြ ၊ တိုက်လိုက်ကြ ခိုက်လိုက်ကြနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တယ်။
အမတ်တွေက တိုင်းပြည်ကံမ္မာထက် အာဏာရရေး၊ ရွေးကောက်ပွဲအနိုင်ရရေးကိုသာ လုံးပန်းနေကြတယ်။ပုလိပ်များက တွေဝေသူများကို လာဘ်ထိုးပြီး ကြောက်သူများကို ဖြဲခြောက်နေကြတယ်။လူမိုက်ဂိုဏ်းတွေထောင်ပြီး မှောက်ရိပ်ခို ပစ်သတ်၊ ရိုက်နှက်မှုတွေကို ပါလီမန်အမတ်တွေကိုယ်တိုင် ကျူးလွန်ကြတယ်။ပါရီကျဆုံးခန်းမှာ မာဆေးလ်မြို့က တစ်ထောင့်တစ်နေရာကနေပါဝင်ခဲ့တယ်ပြောရမယ်၊ အဲ့ကာလမာဆေးလ်မြို့ဆိုတာ ပြင်သစ်ရှီကာဂို အဖြစ်နာမည်ကြီးတယ်၊ လူဆိုးဂိုဏ်းတွေ ၊ ကျွန်ကုန်ကူးသူတွေ၊ မှောင်ခိုသမားတွေ၊ ပြည့်တန်ဆာခေါင်းတွေ၊ ဘိန်းနှင့် ကိုကင်းအရောင်းအဝယ်လုပ်သူတွေ ခြေချင်းလိမ်နေတဲ့ မြို့ဖြစ်တယ်။စပိန်ပြည်တွင်းစစ်ကို အမှီပြုကာ ပိုက်ဆံရှာ၊ အမြတ်ထုတ်နေကြတဲ့ ဆူပူသမားတွေ၊ သူလျှိုတွေ ရှုပ်ယှက်ခတ်နေတဲ့ မြို့လည်းဖြစ်တယ်။ပါရီ မြို့ပေါ်ကို ဝါဒဖြန့် အယောင်ဆောင် သူလျှိုတွေတင်ပို့တဲ့မြို့၊ အမတ်များ မကောင်းမှုဒုစရိုက်နဲ့ လူမိုက်များ မွေးထားတဲ့ မြို့ဆိုလည်း မမှားဘူး။အင်ဂျင်နီယာ ၊ပန်းချီဆရာ၊ အနုပညာသမားတွေ၊သတင်းထောက် အယ်ဒီတာ သတင်းစာသမားတွေ၊စီးပွားရေးသမားတွေ၊ အလုပ်သမားခေါင်းဆောင်တွေ၊ကျောင်းဆရာ၊ ယိမ်းသမ ကျောင်းသူ အလွှာပေါင်းစုံတွင် အယောင်ဆောင် ဖက်ဆစ် သူလျှို ၊ဖက်ဆစ် ထောက်ခံသူအများအပြား ပါရီမြို့ထဲ စိမ့်ဝင်နေတာကိုတွေ့ရမယ်။တစ်ဖက်မှာတော့ ပြင်သစ်အမတ်တွေက မိမိအာဏာရရှိရေး ၊ မိမိနာမည်ကျော်ကြားရေး၊မိမိပိုင်ဆိုင်မှုတိုးတက်ရေးကိုပဲ ရှေ့တန်းတင်ပြီးအမှားကိုသိသိရက်နဲ့ ကျူးလွန်မိကြတယ်။ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ ပြည်သူရဲ့ ကံကြမ္မာထက်ငါ ငါ့ဥစ္စာ ငါ့အာဏာ ငါ့ပိုင်ဆိုင်မှု ငါ့အတွက် ငါစွဲတွေ ကိုယ်စီနဲ့ပါတီအတွင်းမှာလည်း မတူညီတဲ့ အယူအဆတွေ ဂိုဏ်းကွဲမှုတွေဖြစ်လာတယ်။ဂိုဏ်းနှစ်ဂိုဏ်း ကွဲလာတယ်ဆိုရမယ်။မစွက်ဖက်ရေးဝါဒကို လက်ကိုင်ထားတဲ့အဖွဲ့ နဲ့ ပြန်ချမယ်ဆိုတဲ့အဖွဲ့ ပေါ်လာခဲ့တယ်။နိုင်ငံကအဆုတ်ရောဂါဖြစ်လာနေချိန်ချောင်းဆိုးမှာကို ကြောက်တဲ့ အဖွဲ့လည်းရှိတယ်။ဟစ်တလာရဲ့ နာဇီအင်ပါယာ အန္တရာယ်ဟာ တဖြည်းဖြည်း ကြီးထွားသထက် ကြီးထွားလာခဲ့တာကို ဂရုမပြုခဲ့ကြပါ။ဂျာမန် ခေါင်းလောင်းသံများ အချိန်တန်ရင် တိတ်သွားလိမ့်မည့် ဟု ထင်ခဲ့တယ်။ဂျာမန်စစ်မာန်လျော့သွားလိမ့်မယ်ထင်ခဲ့တယ်။ဟစ်တလာက သွေး၊မျက်ရည်များဖြင့် မျက်နှာသစ်တတ်ကြသည့်ကို မေ့နေခဲ့ကြတယ်။
တဖြည်းဖြည်း ညဆို ပါရီက အထီးကျန် နေတဲ့ သစ်တောကြီးနှင့်တူလာ တယ်။ပါရီမြို့ကြီးက ဂျုံအိတ်ပေါက်ကျသွားသလို တဖြည်းဖြည်း ဗလာနတ္တိ ဖြစ်လာတယ်။လဲကျကြတယ်၊ ပြိုကွဲနေကြတယ်။တချို့ပါရီမြို့ကြီးအတွက် အစတေးခံ ကာကွယ်ရင် သေဆုံးကြတယ်။ဂျာမန်ဗုံးဒဏ်ကြောင့် အပျက်အစီးကြာမှာ ငိုယိုနေတဲ့ အမျိုးသမီးတွေက ဒု နဲ့ ဒေးဖြစ်လာတယ်။ လမ်းမများပေါ်တွင် စစ်ပြေးဒုက္ခသည်တွေကို ငေးကြောင်နေတဲ့ ပါရီမျက်လုံးများက ဝမ်းနည်းစရာကောင်းတယ်။
"ကျွန်မတို့ကို ဒီလိုပဲ ပစ်သွားကြတော့မှာလား"
ဖင်လန်ကို ရုရှားက ကျူးကျော်ပြီး ကွန်မြူးနစ်စနစ် ပြန့်ပွားအောင် နိုင်ငံအတွင်းသွတ်သွင်းလှုံဆော်မှုတွေရှိလာချိန်၊ ဟစ်တလာကလည်း ဖက်ဆစ် သူလျှို အယောင်ဆောင်များနဲ့ ဝါဒဖြန့်မှု အကြီးအကျယ်လုပ်ခဲ့တယ်။အဲ့ကာလဆင်းရဲခက်ခဲတဲ့ နော်ဝေ နိုင်ငံကို အင်္ဂလန်နဲ့ ဂျာမန် ဝင်ရောက်ကျူးကျော်ဖို့ အားပြိုင်ခဲ့ကြတယ်။အင်္ဂလန်ဝန်ကြီးချုပ် ချိန်ဘာလိန် အကြောင်းအနည်းငယ်ပါမယ်။
▪️ဇာတ်ကောင်
ကျောင်းနေဖက် အန်ဒရေ၊ လူဆန်း ၊ ပီယာ လူငယ်များနဲ့အစပျိုးတယ်။နောက်ဆုံး ပန်းချီဆရာ အန်ဒရေ နဲ့ အဆုံးသတ်တယ်။ပန်းချီဆရာဖြစ်ချင်သူ အန်ဒရေဟာ ဘာနိုင်ငံရေးကိုစိတ်မဝင်စားပဲ ပန်းချီကားတွေသာ ဆွဲချင်နေတဲ့ အန်ဒရေ၊အလုပ်လုပ်ပုံက ခပ်နှေးနှေး ၊ လူငယ်တစ်ယောက်လို ကမ္ဘာလောကကြီးကို တအံ့တဩဖြင့် ငေးမောကြည့်တတ်နေတဲ့ ပန်းချီဆရာတစ်ဦးလို့ ဆိုရမယ်။
နိုင်ငံရေးကိုစိတ်ဝင်စားပြီး စိတ်ကောင်းရှိတဲ့ အန်ဒရေ မိတ်ဆွေ ပီယာ ၊ မြို့ပြအင်ဂျင်နီယာတစ်ဦး လည်းဖြစ်တယ်။သေးကွေးတဲ့ ငှက်တစ်ကောင်လို နည်းနည်းမျှ ဂနာမငြိမ်တတ်သူတစ်ယောက်လည်း ဖြစ်တယ်။'ဂုဏ်သိက္ခာ' ဟူသောစကားလုံးကို ကြားရဖန်များလာတဲ့အတွက် ပီယာက သွေးပူလာကာ ပြင်သစ်အဓိကရုဏ်းတွင် ပါဝင်လာခဲ့တယ်။ဂျာမန်ဗုံးတွေ မက်ထရစ်မြို့ပေါ်ကျနေကြတယ်၊ ဗုံးမှန်ပြီးသေဆုံးကြတဲ့ စပိန်ကလေးငယ်တွေကြားရချိန်၊ နယ်စပ်မှာ စစ်ဘေးကျချိန်၊ ပါရီမြို့လူတွေ ဘာမှမဖြစ်သလို ပျော်ပါးမြဲ၊ ကကြခုန်ကြဆဲ၊ ဖဲဝိုင်းတွေက တခမ်းတနား၊ ကပွဲခန်းမဆောင်တွင် အဖော်အချွတ် တွေကများလာ။ ဥဩဆွဲသံမရှိ၊ ဗုံးသံမကြားရသေး။အရက်ကောင်တာ၊ ဘီယာ ကောင်တာ တွေမှာ လူစည်နေကြတယ်။ပီယာ တဖြည်း စိတ်ပျက်လာခဲ့တယ်။ပါရီမြို့ကြီးကို မုန်းလာတယ်။
လူဆန်းက ဝက်မြီးလို လူမျိုး ၊ စကားလှလှပြောပြီး အလုပ်သမားတွေကြားနေရာယူနေတတ်တယ်။အလုပ်သမားအခွင့်အရေး၊ စာရိတ္တပြုပြင်ရေးတရား
Unlock to read this premium article with 100 points.