Author's Profile Photo

Reviews by Benevolent

21/08/2025

Eden (2025) ရုပ်ရှင်တကယ်ကောင်းတယ်

3 mins read
General Knowledge
History
Entertainment
Eden (2025) ရုပ်ရှင်တကယ်ကောင်းတယ်'s photo

ဒါရိုက်တာကြီး ရွန်ဟောင်းဝတ်(Ron Howard) ရဲ့ "Eden" (2025) ရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတယ်။ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ survival thriller အမျိုးအစား ဖြစ်ပါတယ်။၁၉၃၀ ဖလော်ရီအန်နာကျွန်း ဖြစ်စဉ် ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားမှုလို့ ပြောကြတယ်။ရုပ်ရှင်းအတွင်းသရုပ်ဆောင်များ၏ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာမရှိလောက်ပါဘူး။ဘာလို့ဆို Jude Law, Vanessa Kirby, Ana de Armas, Daniel Brühl နဲ့ Sydney Sweeney တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ပြီး သူတို့ရဲ့ သရုပ်ဆောင်ချက်တွေက အားကောင်းတယ်လို့ ဝေဖန်သူအများစုက ချီးကျူးကြပါတယ်။ အထူးသဖြင့် Vanessa Kirby ရဲ့ မျက်နှာအမူအရာနဲ့ ကိုယ်နေဟန်ထားတွေကနေ နက်ရှိုင်းတဲ့ ခံစားချက်တွေကို ဖော်ပြနိုင်မှု၊Sydney Sweeney ရဲ့ ဇာတ်ကောင်က အစပိုင်းမှာ လေယူလေသိမ်းက အနည်းငယ် သဘာဝမကျဘူးလို့ ဝေဖန်မှုတချို့ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပီပြင်လာတယ်လို့ ဆိုနိုင်တယ်။ Ana de Armas ရဲ့ Baroness ဇာတ်ကောင်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကို မီးမောင်းထိုးပြကြပါတယ်။

ဇာတ်လမ်းက ၁၉၃၀ ဝန်းကျင်အကျော် ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် အကြား နာဇီဖက်ဆစ် ဝါဒ အားကောင်းလာချိန်မှာ ဒေါက်တာရစ်တာ နဲ့ ဒိုရာရှထောက်တို့ဟာ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ အခြေချပြီး လူတွေကို ကယ်တင်နိုင်မယ့် အတွေးအခေါ်ဝါဒစာအုပ်တစ်အုပ်ကို ရေးဖို့ ကြိုးစားနေပါတယ်။ပထမကမ္ဘာစစ်ပြီးတော့ စာရေးဆရာ ဒေါက်တာရစ်တာနဲ့ သူ့ဇနီးဒိုရာတို့ ဖလော်ရီအန်နာ ကျွန်းပေါ်ရောက်လာတယ်။ဒိုရာမှာ အကြောဆိုင်းရောဂါရှိတယ်။ရစ်တာက လူ့ဘောင်လောက သာယာရေးစာတမ်းတစ်စောင်ရေးမယ်။ဘာလို့စစ်တိုက်ကြတာလဲ။လူလူချင်းသ/တ်ဖို့ဘာလို့အားထုတ်‌နေကြတာလဲစတဲ့မေးခွန်းတွေအပြည့်နဲ့ပါ။

အဲဒီအကြောင်းကို ကမ္ဘာပေါ်က လူအချို့က သိလာကြပြီး စိတ်ဝင်စားနေကြသလို အဲဒီလို သီးသန့်နေတဲ့ဘဝကို တကယ်ယုံကြည်တဲ့ နောက်ထပ်မိသားစုတစ်စုကပါ ကျွန်းမှာ ခြေချလာပါတယ်။ ပထမကမ္ဘာစစ်အပြီး စိတ်ပျက်အားငယ်နေတဲ့ ဥရောပသားတစ်စုက လူ့ယဉ်ကျေးမှုကို စွန့်ပစ်ပြီး(ဂါလာပါဂို့စ်) Galapagos ကျွန်းစုထဲက လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ သုခဘုံတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ကြတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ဒေါက်တာရစ်တာ စာတွေကြောင့် မားဂရက်နဲ့ဟိန့်ဇ်တို့လင်မယား ကလေးတစ်ယောက် ဗိုက်တလုံးနဲ့အဲ့ကျွန်းကိုရောက်လာတယ်။ဒီကျွန်းပေါ်မှာ ဘဝအသစ်တည်ဆောက်ကြမယ်။စာရေးဆရာ ရစ်တာက မားဂရက်တို့လင်မယားကို ကျောက်ဂူထဲနေရာချတယ်။

ဟိုတယ်ဆောက်မယ့်ရည်ရွယ်ချက်နဲ့ အီလိုဝီ တို့ထပ်‌ရောက်လာပြန်တယ်။သူနဲ့ အတူအိပ်ဖော် အမျိုးသားနှစ်ယောက်ပါလာတယ်။အိပ်၊စား၊ကာမ စတဲ့အရာတွေနဲ့ဇာတ်ရှုပ်လာခဲ့တယ်။ ဘဝသစ်ထူထောင်လိုသူများ၊ နိုင်ငံသစ်တည်ဆောင်လိုသူများကြားမှာ သဘာဝရဲ့ အန္တရာယ်တွေ၊ တောရိုင်းတိရစ္ဆာန်တွေထက် သူတို့အချင်းချင်းကြားက ပဋိပက္ခတွေ၊ အာဏာလုမှုတွေနဲ့ သစ္စာဖောက်မှုတွေက ပိုပြီး ခြိမ်းခြောက်လာတာ တွေ့ပေါ်လာတယ်။ကျွန်းပေါ်မှာ လူထပ်လာနေတာကို မကြိုက်တဲ့ ဒေါက်တာရစ်တာက ချောက်တွန်းဖို့ နှင်ထုတ်ပြီး ကြိုးစားရပါတော့တယ်။ကိုယ်မပိုင်တဲ့ ကျွန်းပေါ်ကမြေနဲ့ရေကိုလောဘတက်လာကြတယ်။ရုပ်ရှင်က လူသားသဘာဝ၊ ကိုယ်ကျိုးစီးပွားနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ မလွဲမသွေဖြစ်ပေါ်လာတာလား စတဲ့ မေးခွန်းတွေကို မီးမောင်းထိုးပြထားပါတယ်။ဇာတ်လမ်းရဲ့ အမှောင်ဘက်ခြမ်းကို စတင်ပြသလာတဲ့ ဒုတိယပိုင်းရောက်မှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်လို့ မှတ်ချက်ပြုရမယ်။လူသားတွေဟာ မြို့ပြယဉ်ကျေးမှုနဲ့ ကင်းကွာပြီး သဘာဝနဲ့ ပြန်လည

ပျော်စရာနေ့မိတ်ဆွေမှရန်သူဖြစ်သွားခြင်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the ParlourEden (2025) ရုပ်ရှင်တကယ်ကောင်းတယ်

Unlock to read this premium article with 100 points.