SarPhat Editor Official

မင်္ဂလာပါ စာဖတ်သူလေးတို့ရေ...အယ်ဒီတာတို့ဘက်ကနေ သတ်ပုံလေးတွေနဲ့ ပတ်သက်ပြီး မတင်ဖြစ်တာ တော်တော်လေးလည်းကြာနေပြီဆိုတော့ ဒီတစ်ခေါက်မှာ 'ဂ' အက္ခရာနဲ့ သက်ဆိုင်တဲ့ သတ်ပုံအမှားနဲ့ အမှန်လေးတွေကို ကွဲကွဲပြားပြားမသိသေးတဲ့ စာဖတ်သူလေးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်...
ဂဂနန(မှား) ဂဃနဏ(မှန်)
ဂစ်တာ(မှား) ဂီတာ(မှန်)
ဂန္တဝင်(မှား) ဂန္ထဝင်(မှန်)
ဂြိုလ်တု(မှား) ဂြိုဟ်တု(မှန်)
ကဏန်းသင်္ချာ(မှား) ဂဏန်းသင်္ချာ(မှန်)
ဂရံမြေ(မှား) ဂရန်မြေ(မှန်)
ဂါလံ(မှား) ဂါလန်(မှန်)
စာဖတ်သူလေးတို့ရေ လူတိုင်းအမှားနဲ့ မကင်းနိုင်တာကြောင့် အယ်ဒီတာတို့ဘက်ကနေ အတတ်နိုင်ဆုံး မြန်မာစာသတ်ပုံလေးတွေကို သတ်မှတ်စံနှုန်းအတိုင်း နောက်ထပ်လည်း တင်ပြပေးသွားဦးမှာပါနော်...
ကိုးကား။ ။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့် ခွဲထားစာအုပ်မှ(မြန်မာစာအဖွဲ့)
Keep Reading