Author's Profile Photo

ReadAct

20/11/2025

ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃

4 mins read
Book Review
Education
Marketing

အပိုင်း ၃ - ခင်ဗျားရဲ့ ဇာတ်လမ်းကို အသက်သွင်းလိုက်ပါ။

ဒီအပိုင်းကတော့ ဘယ်လိုပြောရမလဲ ဆိုတဲ့ အပိုင်းပါပဲ။ ခင်ဗျားရဲ့ဇာတ်လမ်းကို လူတွေ နားထောင်ချင်အောင်၊ ခံစားရအောင်၊ မှတ်မိနေအောင် ဘယ်လို တင်ဆက်ရမလဲပေါ့။

​တစ်ခု သတိထားရမှာက ဒါဟာ သရုပ်ဆောင်တာ မဟုတ်ဘူး။ ဒါဟာ ခင်ဗျားရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အစစ်အမှန် (Truth) နဲ့ ပရိသတ်နဲ့ ဆက်သွယ်မှု (Connection) ကို တည်ဆောက်တာပဲ။ Dicks က ပြောတယ်။ အတင်းအကျပ် လုပ်စရာမလိုဘဲ ခံစားချက်ကို သဘာဝအတိုင်း ဆိုက်ရောက်အောင် လုပ်နိုင်တယ်တဲ့။

​အဓိက အချက်တွေကတော့

​၁။ ပစ္စုပ္ပန်ကာလ (Present Tense) ကို ဘုရင်လို သုံးပါ!

• ​အဓိက အချက်: ခင်ဗျားရဲ့ဇာတ်လမ်းကို ခုဖြစ်နေသလို ပြောပြလိုက်။ “ငါ လျှောက်သွားခဲ့တယ်” ဆိုတာထက် “ငါ အခန်းထဲ လျှောက်ဝင်သွားတယ်” လို့ ပြောလိုက်တာနဲ့ နားထောင်တဲ့သူဟာ အဲဒီအချိန်ထဲကို ရောက်သွားရော။

• ​နည်းလမ်း: အစပိုင်း အခြေအနေ ပြောတဲ့အခါမှ အတိတ်ကာလ (မိဖုရား) ကိုသုံး။ ဒါပေမဲ့ ခံစားချက် ပြင်းထန်တဲ့ အပိုင်းတွေ ရောက်ရင်တော့ ပစ္စုပ္ပန်ကာလ (ဘုရင်) ကို မဖြစ်မနေ ပြောင်းသုံးလိုက်ပါ

“ပစ္စုပ္ပန်ကာလက မင်းရဲ့ပရိသတ်ကို အချိန်ထဲ လွှတ်လိုက်တာပဲ — ရုတ်တရက် သူတို့ ခင်ဗျားနဲ့အတူ ဇာတ်လမ်းထဲမှာ ​နေနေကြပြီ!”

​၂။ သူရဲကောင်းဖြစ်ပေမဲ့ လူသားဆန်ပါစေ။

• ​အဓိက အချက်: ခင်ဗျားရဲ့ဇာတ်လမ်းက ခင်ဗျားကို ဘယ်လောက် တော်တယ်ဆိုတာ ပြနေရင်တောင် လူသားဆန်တဲ့ အပိုင်းကို မဖြစ်မနေ ထည့်ပြရမယ်။

• ​လျှို့ဝှက်ချက်: ခင်ဗျားရဲ့ အားနည်းချက်၊ ကြောက်ရွံ့မှု၊ ရှုပ်ထွေးမှု တွေကိုပါ ပြပါ။ ခင်ဗျားလုပ်ခဲ့တာ ချီးကျူးစရာ ဆိုရင်တောင် ဒါက ဘယ်လောက် ခက်ခဲခဲ့တယ်၊ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် ဘယ်လောက် သံသယဝင်ခဲ့တယ်ဆိုတာကို ပြောပြဖို့ မမေ့နဲ့။

• ​ဖော်မြူလာ: သူရဲကောင်း + လူသားဆန်မှု = ဆက်သွယ်မှု (Connection)။ လူသားဆန်မှု မပါတဲ့ သူရဲကောင်းဆိုရင်တော့ မာနကြီးသူလို ဖြစ်သွားနိုင်တယ်။

“နှိမ့်ချမှုကို ပြသခြင်းဖြင့် မင်းရဲ့ သူရဲကောင်းဖြစ်မှုကို ရယူလိုက်ပါ။”

​၃။ အချိန်ခရီးသွားရင် လမ်းမပျောက်စေနဲ့

• ​အဓိက အချက်: ခင်ဗျားက ပရိသတ်ကို အချိန်ထဲ ခေါ်သွားနေတာဆိုတော့ ဘယ်အချိန်၊ ဘယ်နေရာ ရောက်နေပြီလဲဆိုတာကို သူတို့ သိနေရမယ်။

• ​သတိထား: အတိတ်နဲ့ ပစ္စုပ္ပန်ကို အကူးအပြောင်း ရှင်းရှင်းလင်းလင်းမရှိဘဲ ခုန်မသွားပါနဲ့။ ရှုပ်ထွေးတဲ့ အတိတ်ကို ပြန်ပြခြင်း (flashbacks) တွေကို ရှောင်ပါ။

• ​လုပ်ဆောင်ချက်: “အဲဒီတုန်းက…” “နှစ်တွေကြာပြီးနောက်မှာ…” လိုမျိုး အကူးအပြောင်း စကားလုံး တွေကို သုံးပြီး အချိန်ကို ရှင်းရှင်းလင်းလင်း ပြပေးပါ။

“အချိန်ပြောင်းလဲမှုတိုင်းဟာ တံခါးတစ်ခုပဲ — ပရိသတ်က ဘယ်တံခါးထဲကို ဝင်သွားလဲဆိုတာ သိနေဖို့ သေချာပါစေ။”

​၄။ ရိုးရှင်းတဲ့ စကားလုံးတွေပဲ သုံးပါ!

• ​အဓိက အချက်: စကားလုံး ရွေးချယ်မှုက အရေးကြီးတယ်။ ရိုးရှင်းတဲ့၊ တိကျတဲ့၊ လူအချင်း ချင်း ပြောတဲ့ စကားလုံးတွေကိုပဲ သုံးပါ။

• ​ရှောင်ရန်: စကားအရာတွေ၊ ကြီးကျယ်တဲ့ နာမဝိသေသနတွေ၊ ကဗျာဆန်တဲ့ ဖြည့်စွက်စကားတွေကို ဖယ်ပစ်ပါ။ “အမှန်တကယ်တော့၊” “အတိအကျပြောရရင်၊” “ဘယ်လိုပဲဖြစ်ဖြစ်၊” “မင်းသိတဲ့အတိုင်း” ဆိုတဲ့ အားကိုးရာ စကားလုံး တွေကိုလည်း ဖျောက်လိုက်ပါ။

• ​ခံစားချက်: သူတို့ကို ဘယ်လို ခံစားရမယ်ဆိုတာ ပြောမပြပါနဲ့ (“အရမ်းဝမ်းနည်းစရာပဲ” လို့ မပြောပါနဲ့) — အသေးစိတ် အချက်အလက်တွေနဲ့ အသံနေအသံထား ကနေတစ်ဆင့် သူတို့ကိုယ်တိုင် ခံစားမိအောင် လုပ်ပါ။

“တင်ဆက်သူတစ်ယောက်လို မဟုတ်ဘဲ လူတစ်ယောက်လို ပြောပါ။”

​၅။ တင်ဆက်မှုဆိုတာ ရည်ရွယ်ချက်ရှိတဲ့ စစ်မှန်မှု

• ​အဓိက အချက်: တင်ဆက်မှုဟာ သရုပ်ဆောင်တာ မဟုတ်ဘဲ၊ ရိုးသားမှုကို မြှင့်တင် ပြသတာပဲ။ စင်ပေါ်မှာ ဖြစ်ဖြစ်၊ အစည်းအဝေးခန်းမှာဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာ ဖြစ်ဖြစ် အတူတူပဲ။

• ​အောင်မြင်စေမယ့် နည်းလမ်း:
• ​အားကောင်းစွာ စတင်ပါ၊ ယုံကြည်မှုရှိရှိ ဝင်ပါ၊ ပြုံးပါ၊ အသက်ရှူပါ။
• ​စကားလုံး အလုံးလိုက် အလွတ်မကျက်ဘဲ၊ အဓိက အချက်အချာ (Beats) တွေကိုသာ မှတ်ထားပါ။
• ​မျက်လုံးချင်း ဆုံပါ။ ပရိသတ်နဲ့ စကားပြောနေသလို သဘောထားပါ။
• ​အရေးကြီးတဲ့ အခိုက်အတန့်တွေ မတိုင်ခင် ခဏရပ်ပါ။ တိတ်ဆိတ်ခြင်းက အလေးအနက်ထားမှုကို ဖန်တီးပေးတယ်။
• ​သပ်သပ်ရပ်ရပ် အဆုံးသတ်ပါ။ ဇာတ်လမ်းရဲ့ ပြောင်းလဲမှု (Transformation) ရောက်တဲ့နေရာမှာ ရပ်လိုက်ပါ။ ဆက်ပြီး ရှင်းပြမနေပါနဲ့။

“တင်ဆက်မှုဆိုတာ ရည်ရွယ်ချက်နဲ့ အသိအမြင်ရှိတဲ့ ဇာတ်လမ်းပြောခြင်း သက်သက်ပါပဲ။”

​၆။ ဇာတ်လမ်းပြောခြင်းဟာ ခင်ဗျားရဲ့ စူပါပါဝါ

• ​အဓိက အချက်: ဇာတ်လမ်းပြောတတ်ခြင်းက ခင်ဗျားကို ပိုပြီး အားကောင်းလာစေတယ်၊ ကိုယ်ချင်းစာစိတ် ရှိလာစေတယ်၊ ဆက်သွယ်မှု ရှိလာစေတယ်။

• ​စူပါပါဝါ၏ အကျိုးကျေးဇူးများ:
• ​ပိုမိုကောင်းမွန်စွာ ဆက်သွယ်နိုင်စေမယ်။
• ​စိတ်ခံစားမှုကို ကုစားနိုင်မယ်။
• ​နက်နက်ရှိုင်းရှိုင်း ဆက်သွယ်နိုင်မယ်။
• ​လူတွေကို ကိုယ်ကျင့်တရားအရ လွှမ်းမိုးနိုင်မယ်။

“ဇာတ်လမ်းပြောသူဟာ ကမ္ဘာကြီးကို မတူညီစွာ မြင်တယ် ။ ပြီးတော့ တခြားသူတွေကိုလည်း သူမြင်သလို မြင်နိုင်အောင် ကူညီပေးတယ်။”

​လက်တွေ့ လုပ်ဆောင်ဖို့ လေ့ကျင့်ခန်းတွေ

​ရည်ရွယ်ချက်ကတော့... အလွတ်ကျက်ထားသလို၊ ဒါမှမဟုတ် ဟန်ဆောင်သလို မဖြစ်ဘဲ၊ လတ်လတ်ဆတ်ဆတ်နဲ့ တကယ့်အဖြစ်အမှန်လို ခံစားရအောင် ပြောဖို့ပဲ!

​လေ့ကျင့်ခန်း ၁ – အခု ဖြစ်နေသလို ပြောကြည့် (Present-Tense Switch)
• ​လုပ်ရမှာ: အဓိက မြင်ကွင်းတွေကို ပစ္စုပ္ပန်ကာလနဲ့ ပြောလိုက်ပါ။ ဒါဆို နားထောင်သူတွေက အဲဒီအခိုက်အတန့်ကို ခင်ဗျားနဲ့အတူ ရောက်လာပြီး ခံစားရမှာ။
• ​ဟိုးအရင် (အတိတ်): “ငါ ဆေးရုံအခန်းထဲ လျှောက်ဝင်သွားခဲ့တာ။ အဖေက ကုတင်ပေါ်မှာ သေးသေးလေးပဲ။”
• ​အခု (ပစ္စုပ္ပန်): “ငါ ဆေးရုံအခန်းထဲ လျှောက်ဝင်သွားတယ်။ အဖေက ကုတင်ပေါ်မှာ သေးသေးလေးပဲ။”
• ​အကျိုး: ဒုတိယတစ်ခုက ချက်ချင်း လက်ငင်းဖြစ်ပျက်နေသလို ခံစားရစေတယ်!

​လေ့ကျင့်ခန်း ၂ – မာန်မာနမရှိတဲ့ သူရဲကောင်း စမ်းသပ်ချက် (The Humble Hero Test)
• ​လုပ်ရမှာ: ခင်ဗျားရဲ့ဇာတ်လမ်းထဲမှာ အောင်မြင်သွားတဲ့အခါ၊ ခင်ဗျားမှာရှိခဲ့တဲ့ အားနည်းချက် ဒါမှမဟုတ် သံသယကိုပါ ထည့်ပြောပေးပါ။ ဒါမှ ပိုပြီး လူသားဆန်တာပေါ့။
• ​အရမ်းချောအောင် ပြောရင်: “ငါ ပျောက်​နေတဲ့​ခွေးကို ကယ်လိုက်တယ်၊ လူတိုင်း လက်ခုပ်တီးကြတယ်၊ ငါလည်း အရမ်းပျော်သွားတာပေါ့။”
• ​နှိမ့်ချပြီး ပြောရင်: “ငါ လမ်းဆက်လျှောက်သွားဖို့တောင် စဉ်းစားခဲ့သေးတာ။ ချိန်းထားတာ နောက်ကျနေလို့လေ။ ဒါပေမဲ့ အဲဒီခွေးလေးက ကားလမ်းဘက် ခြေထော့နဲ့နဲ့ လျှောက်လာတော့မှ ကော်ဖီကို ပစ်ချပြီး ပြေးလိုက်ရတာ။ ငါ့လက်တွေ တစ်ချိန်လုံး တုန်နေခဲ့တာ။”
• ​အကျိုး: သူရဲကောင်းက အနိုင်ရခဲ့ပေမဲ့၊ သူ ကြောက်ခဲ့တာကို သိရလို့ ပိုသဘောကျသွားတာ!
​
လေ့ကျင့်ခန်း ၃ – အချိန်ခရီးသွားတာကို လမ်းညွှန်ပေး (Time-Travel Map)
• ​လုပ်ရမှာ: အချိန်ပြောင်းတဲ့အခါ နားထောင်သူတွေကို သေချာသိစေမယ့် စကားလုံးလေး ထည့်ပေးပါ။
• ​ဥပမာ: “ခုနစ်နှစ်သားတုန်းက ကုတင်အောက်မှာ သရဲရှိတယ်လို့ ငါယုံခဲ့တယ်။ အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်၊ ငါ့သမီးက အောက်ကို စစ်ခိုင်းတော့မှ ငါ အဲဒါကို ရှာတာ မရပ်ခဲ့သေးဘူးဆိုတာ သဘောပေါက်သွားတယ်။”
• ​အကျိုး: “အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်” လိုမျိုး ရှင်းရှင်းလေး ပြောလိုက်တာက ရှုပ်ထွေးတာကို ကာကွယ်ပြီး စိတ်ခံစားမှု ထပ်တူကျတာကို မီးမောင်းထိုးပြတယ်။
​
လေ့ကျင့်ခန်း ၄ – စကားလုံးတွေကို ရှင်းရှင်းလင်းလင်းပြော (Clean Language Practice)
• ​လုပ်ရမှာ: အလကားစကားလုံးတွေ ("like," "you know," "literally") နဲ့ ခမ်းနားတဲ့စကားလုံးတွေကို ဖြုတ်ပစ်ပြီး နေ့တိုင်း ပြောနေကျစကားလိုပဲ ပြောပါ။
• ​အရင်က: “ဒါကတော့လေ၊ တကယ်ကြီး၊ အံ့ဩစရာအကောင်းဆုံး အတွေ့အကြုံပါပဲ၊ မင်းလည်း သိပါတယ်နော်။”
• ​အခု: “ဒါဟာ ပထမဆုံးအကြိမ်ပဲ၊ ငါ တချိန်တည်းမှာ ဂုဏ်ယူသလို၊ ကြောက်လည်း ကြောက်နေခဲ့ရတာ။”
• ​အကျိုး: စကားလုံးတိုင်း အဓိပ္ပာယ်ရှိတဲ့အခါ လူတွေက ပိုနားစိုက်ထောင်လာကြတယ်။
​
လေ့ကျင့်ခန်း ၅ – ကိုယ်တိုင်ပြောပြီး လေ့ကျင့် (Performance Rehearsal)
• ​လုပ်ရမှာ: အသံထွက်ပြီး လေ့ကျင့်၊ ပြီးတော့ မျက်လုံးချင်းဆုံတာ၊ ခန္ဓာကိုယ် အနေအထားနဲ့ တိတ်ဆိတ်မှုအပေါ် အာရုံစိုက်!
• ​မြင်ကွင်း (ဓာတ်လှေကား ချို့ယွင်း): “တံခါးတွေ ပိတ်တယ်။ ငါ CEO နဲ့ နှစ်ယောက်တည်း ကျန်ခဲ့ပြီ။ (ခဏရပ်) ငါ ပါးစပ်ဖွင့်လိုက်တာ—ဝါးနေတဲ့ ပီကေက ဓာတ်လှေကားတလျှောက် လွင့်သွားတယ်!”
• ​အကျိုး: Punchline မပြောခင် ခဏလေးရပ်လိုက်တာက ရယ်သံ (သို့မဟုတ် အံ့သြသွားတာ) ကို ပိုထိရောက်စေတယ်။
​
လေ့ကျင့်ခန်း ၆ – ဇာတ်လမ်းကို အစွမ်းအဖြစ် သုံး (Storytelling as Superpower)
• ​လုပ်ရမှာ: ဘဝထဲမှာ ဇာတ်လမ်းပြောတာကို ရည်ရွယ်ချက်ရှိရှိ သုံးပါ။
• ​လုပ်ငန်းမှာ ဒီလိုမပြောဘဲ: “ကျွန်တော်တို့ အဖွဲ့ဟာ ဇွဲမလျှော့တဲ့ စိတ်ဓာတ်ကို တန်ဖိုးထားတယ်။”
• ​၄၅ စက္ကန့်စာ ဇာတ်လမ်း ပြော: “ပြီးခဲ့တဲ့နှစ်က၊ ကျွန်တော်တို့ တစ်ဝက်ပဲပြီး​သေးတဲ့ ပစ္စည်းကို မထုတ်ချင်လို့ ထုတ်ကုန်တစ်ခုကို သုံးပတ်နောက်ကျမှ ပို့လိုက်ရတယ်။ ဖောက်သည်က ဒေါသထွက်ခဲ့တယ်—နောက်ဆုံး update က အပြစ်အနာအဆာမရှိ အလုပ်လုပ်သွားတဲ့အထိပေါ့။ အဲဒီနောက်ပိုင်း သူတို့ နှစ်ခါတောင် ထပ်ပြီး ဝန်ဆောင်မှု သက်တမ်းတိုးခဲ့တယ်လေ။”
• ​အကျိုး: မြန်ဆန်တဲ့၊ တကယ့်ဇာတ်လမ်းလေးတစ်ခုက ဆောင်ပုဒ်တွေထက် တန်ဖိုးတွေကို ပိုပြီး ရှင်းပြနိုင်တယ်။
​
အားလုံး ပေါင်းစပ်ထားတဲ့ ဥပမာလေး (ဘတ်စ်ကား မှားစီးခြင်း)
• ​ပစ္စုပ္ပန်ကာလ: “ငါ ဘတ်စ်ကားပေါ် တက်လိုက်တယ်၊ ဒါမှားနေတဲ့ လမ်းကြောင်းမှန်း နောက်ကျမှ သဘောပေါက်သွားတယ်။”
• ​နှိမ့်ချမှု: “ငါ ၂၈ နှစ်ရှိပြီ၊ လမ်းကြောင်းမြေပုံကိုတောင် သေသေချာချာ မဖတ်တတ်သေးဘူး။”
• ​သပ်ရပ်သော ဘာသာစကား: စကားတိုလေးတွေနဲ့ ရှင်းတယ်။
• ​အချိန်ခရီးသွားခြင်း: “ဆယ်နှစ်ကြာပြီးတဲ့နောက်၊ ငါ့သားက တိရစ္ဆာန်ရုံမှာ လမ်းပျောက်တော့ ငါ အော်မငေါက်မိဘူး—ဒီဘတ်စ်ကားမှားစီးတာကို ပြန်မှတ်မိသွားတယ်။”
• ​တင်ဆက်မှု: စိတ်ခံစားမှု မပြောင်းခင် ခဏလေး ရပ်လိုက်တယ်။ ပြီးတော့ ရှင်းပြမယ့်အစား ပြန်လည်တွေးတောမှုနဲ့ အဆုံးသတ်တယ်။
​ရလဒ်က → ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိစေတဲ့ နှစ်မိနစ်စာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သွားရော!

“အကောင်းဆုံး ဇာတ်လမ်းပြောသူတွေဟာ ဖျော်ဖြေသူတွေ မဟုတ်ဘူး—သူတို့က ပရိသတ်ကို သူတို့နဲ့အတူ အခိုက်အတန့်ကို အသက်ရှင်ခွင့်ပေးတဲ့ အမှန်တရား ပြောပြသူတွေပဲ!”



​

Keep Reading

တကယ်မရှိသောနှစ်များမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာErnest Hemingway ဘဝဟာသများလူကဲခတ်နည်း အပိုင်းသုံး❝ မသိမှု ဝတ်ရုံကြီး ❞တကောင်ကြွက်စာပေဆိုင်ရာ နိုဘယ်ဆုAVA (Season 1 & 2) Beyond AVA The Fall of HantharwaddyKafkaရဲ့ Metamorphosis