Author's Profile Photo

Reviews by Benevolent

15/09/2025

အ‌တွေးအစအနများ

3 mins read
General Knowledge
Art
Entertainment
အ‌တွေးအစအနများ's photo

ကိုယ့်ဘဝမှာ “နောက်မှ” လုပ်မယ်လို့ ရွှေ့ထားမိတာ‌ တွေရှိတယ်။ "နောင်မှ" ဆိုတာ ကံသေကံမ တွက်မိထားလို့‌ ‌ တော့မရနိုင်ဘူး။ စကြာဝဠာကြီး တစ်ခုလုံး ပျက်ဆီးသွားခဲ့ရင်၊ပျောက်ပြယ်သွားခဲ့ရင်၊စတဲ့ အတွေး အစအနလေးတွေ လိုက်ကောက်ရင်းကျနော်တို့အတွက် မေးခွန်းမေးထားတဲ့ ရုပ်ရှင်ကားတစ်ကားရှိပါတယ်။အမေရိကန်စာရေးဆရာကြီး စတီဖင်ကင်း(Stephen King)ရဲ့ If it Bleeds ဝတ္ထုတိုတွေကို အသက်သွင်းထားတဲ့ ရုပ်ရှင်ကားတစ်ကားအကြောင်းပြောပါရစေ။ဒါရိုက်တာကလည်း Doctor Sleep, The Haunting of Hill House ရုပ်ရှင်တို့၏ ဒါရိုက်တာ Mike Flanagan ပါပဲ။အဓိက သရုပ်ဆောင်ကတော့ လိုကီမင်းသား Tom Hiddleston ပါ။

ရုပ်ရှင်က Speculative Movie အမျိုးအစားလို့ပြောလို့ရတယ်။လက်ရှိလူ့အဖွဲ့အစည်းကို မှန်တစ်ချပ်သဖွယ် ထင်ဟပ်ပြခြင်းတစ်မျိုးပါပဲ။နည်းပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ ကျားမကွဲပြားမှုစတဲ့ ကိစ္စရပ်တွေကို ဝေဖန်သုံးသပ်ဖို့ အတွက်သုံးလေ့ရှိတယ်။လက်ရှိကမ္ဘာရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး "ဖြစ်နိုင်ခြေရှိတဲ့" (ဒါမှမဟုတ်)"လုံးဝကွဲပြားတဲ့" ကမ္ဘာအသစ်တွေကို ဖန်တီးကြည့်တဲ့ ရုပ်ရှင်အမျိုးအစားကြီး လို့ခြုံငုံပြီး ပြောလို့ရပါတယ်။ သီးခြားကမ္ဘာမှာရှိမယ်၊အာကာသထဲ ခရီးထွက်မယ်၊ သဘာဝလွန်အတတ် သင်မယ်၊ စူပါဟီးရိုး ဇာတ်ကောင်တစ်ခုလို စွန့်စားခန်းတွေ ရှာမယ်ဆိုရင်လည်း Speculative Movie တွေကို ရှာဖွေနေတာပါပဲ။ဇာတ်လမ်းက ချားလ်ချက်ခရန့်(Charles Chuck Krantz) လို့ခေါ်တဲ့ စာရင်းကိုင် လူတစ်ယောက် ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ အဓိကထူးခြားချက်က ပြောင်းပြန်ဇာတ်လမ်းဆက်နည်း (Reverse Chronological Narrative)ကိုသုံးထားတယ်။ ဇာတ်လမ်းကို သုံးပိုင်း (Three Acts) ခွဲထားပြီး အဆုံးမှ စတင်ကာ အစသို့ ပြန်လည်တက်သွားတဲ့ ပုံစံဖြင့် ရိုက်ကူးထားတယ်။ချားလ်ချက်ခရန့်ဆိုတဲ့လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို သုံးပိုင်းခွဲပြီးရုပ်ရှင်အမျိုးအစားပေါင်းစပ်ရိုက်ကူးထားတဲ့ ဘဝသရုပ်ဖော်၊ လျှို့ဝှက်ဆန်းကြယ်၊ သိပ္ပံစိတ်ကူးယဉ် အမျိုးအစားပါပဲ။လူတစ်ယောက်ရဲ့ ဘဝအမြင်ပြောင်းလဲလာပုံတွေ၊ သေခြင်းတရားရဲ့အမြင်တွေ၊ သရဲတကယ်ရှိမရှိဆိုတာတွေ၊ ဆဌမအာရုံဆိုတာတကယ်ရှိမရှိဆိုတာတွေ စသဖြင့် မေးခွန်းများစွာကို ချက် တစ်ယောက် အဖြေရှာလာရပုံနဲ့ နောက်ဆုံးမှာ ငြိမ်းချမ်းသွားတဲ့အထိ တွေးစရာလေးတွေ ပေးပြီး ပြသသွားတာမျိုးဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ သာမန်လူတစ်ယောက်ရဲ့ဘဝ၊ စကြဝဠာကြီးတစ်ခုလုံးရဲ့ အဆုံးသတ်တစ်ခုက ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ အပြုသဘောဆောင်တဲ့ ပုံစံမျိုးတွေကို တွေ့ရမှာပါ။ ရုပ်ရှင်ထဲမှာတေးသွား (၅) ပုဒ် ပါတယ်။ချက်(Chuck) ရဲ့ ဘဝခရီးလမ်းနဲ့ အထီးကျန်ဆန်တဲ့ ခံစားချက်တွေကို အဓိကပေါ်လွင်စေပြီး ဇာတ်ဝင်ခန်းတစ်ခုချင်းစီရဲ့ ရသကို ပိုပြီး ပြည့်စုံစေပါတယ်။ "ခွဲခွာခြင်း" နဲ့ "ဆုံးရှုံးခြင်း"ဆိုတဲ့ရင်ထဲမှာ ဆို့နင့်မှုကို ဖြစ်စေတဲ့သီချင်းတွေပါသလို ဇာတ်လမ်းရဲ့ နောက်ခံကာလကို ပေါ်လွင်စေတဲ့သီချင်းတွေလည်းပါတယ်။စိတ်လှုပ်ရှားပြီး ပျော်ရွှင်စရာခံစားချက်ပေးတဲ့Rock and Roll ဂီတ အမျိုးအစားတွေလည်းပါဝင်နေတယ်။အချစ်ကို ရှာဖွေနေတဲ့ ခံစားချက်မျိုးပေးတဲ့ လူငယ်ဘဝဇာတ်‌ ကောင်ကို ပေါ်လွင်စေတယ်။

ရုပ်ရှင်အစ ဒါပေမယ့် ဇာတ်လမ်းအဆုံးသတ်က "Thanks..Chuck"
ဇာတ်လမ်းက ကမ္ဘာကြီးက ပျက်စီးယိုယွင်းနေတဲ့ အနာဂတ်တစ်ခုတွင် စတင်ထားတယ

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels

Unlock to read this premium article with 100 points.