Author's Profile Photo

Ye Yint Win

10/07/2025

အိပ်မက် ၁၅

1 min read
Entertainment
အိပ်မက် ၁၅'s photo

တစ်​ရက်က ကိုမြတ်​​ဝေနဲ့ ဆိုဗီယက်​​တွေဖောက်ထားတဲ့ လမ်းမ​ကြီးပေါ်ကို သွားခဲ့ကြတယ်။ လမ်းမကြီးဟာ ​တောင်ကြီးတစ်ခုကို ပတ်​ဖောက်ထားတယ်။ ​တောင်ကြီးကို​ကျော်ပြီး လမ်းအတိုင်း တစ်နာရီ​လောက်​မောင်းလိုက်ရင် လှပတဲ့ ရွာ​လေးတစ်ရွာရှိတယ်လို့ဆိုကြတယ်။ အဲဒီရွာကို ကျွန်​တော်တို့ သွား​ဖို့ကြိုးစား​နေကြတာ။ ကိုမြတ်​ဝေက ကား​မောင်းတယ်။ ​ကျွန်​တော်တို့​ တောင်ကြီးကို​ကျော်ပြီး​နောက် ရွာလည်​တော့ တစ်​နေရာမှာ ကားကိုထားပြီး ​လှေကားထစ်​တွေနဲ့ ​တောလမ်း​လေးထဲကို မှားဆင်းသွားခဲ့ကြတယ်။ တစ်နာရီ​လောက် လမ်း​လျှောက်ပြီး​တော့ ဘုရားတစ်ဆူကို​ရောက်တယ်။ ဒါ​ပေမဲ့ ကျွန်​တော်တို့ သွားချင်တဲ့ ရွာ​လေးမဟုတ်ခဲ့ဘူး။ ဘုရားက ​စျေးသည်​တွေကို ​မေးပြီး ကျွန်​တော်တို့ကားဆီပြန်​လျှောက်ခဲ့ကြတယ်။ ​စျေးသည်​တွေ လမ်းညွှန်တဲ့အတိုင်း သွားခဲ့ကြပြီး ​နောက်ဆုံး ဧရာဝတီမြစ်ကြီး​ဘေးက ရွာက​လေးကို​ရောက်တယ်။ ကျွန်​တော်တို့ ဧရာဝတီမြစ်​ဘေးက ​အများသုံး ရေကန်​လေးထဲမှာ ​ရေဝင်စိမ်ခဲ့ကြတယ်။ "တစ်ခုခု​သောက်ကြမလား" လို့ ကျွ​န်​​တော်က​မေးလိုက်​တော့ ကိုမြတ်​ဝေက "ငါတို့မှာ ပိုက်ဆံမှမပါခဲ့တာ" လို့ပြန်​ဖြေတယ်။

၅၊ ၆၊ ၂၀၂၅
















Keep Reading

၂၀၂၅Eden (2025) ရုပ်ရှင်တကယ်ကောင်းတယ်“အပြုံးအလှပိုင်ရှင် ” - သင်မသိသေးတဲ့ သူတို့အကြောင်း အ‌တွေးအစအနများကလေးမလေးအတိတ်မှ အတွေးတစ်စအိပ်မက် ၁၅တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနှင့်အမေ့ရဲ့ယတြာOppenheimer ရုပ်ရှင်ကိုလေ့လာခြင်းငွေစုနည်း (ရဲစတိုင်း)