Author's Profile Photo

Reviews by Benevolent

4/09/2025

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်း

2 mins read
General Knowledge
Art
Entertainment
Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်း's photo

Oppenheimer ဇာတ်ကားက ဒရာမာ၊သိပ္ပံ၊အတ္ထုပ္ပတ္တိအမျိုးအစားဖြစ်ပြီး ဒါရိုက်တာဖြစ်တဲ့ Christopher Nolan ကိုယ်တိုင်ယခင်က မကိုင်တွယ်ရသေးသည့် ရုပ်ရှင်အမျိုးအစားတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ရုပ်ရှင်က ဒိုင်ယာလော့တွေနဲ့ ပြည့်ဖုံးကာထားလို့ပျင်းစရာကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်၊ ၃ နာရီနီးပါးရှိတဲ့ဇာတ်ကားကို တစ်နေ့နည်းနည်းသာကြည့်နိုင်ခဲ့ပေမဲ့ ၊ကြည့်ရတာ၊ အချိန်ပေးရတာနဲ့တန်‌သောဇာတ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ရုပ်ရှင်တစ်ခုလုံးကို CGI မသုံးဘဲ ရိုက်ကူးထားတာက ယနေ့ခေတ် CGI အပေါ်အရမ်းမှီခိုနေတဲ့ Hollywood ရဲ့ ပြတင်းပေါက်တစ်ခု ဖြစ်လာနိုင်ပါတယ်။တစ်ဖက်က အဖြူအမဲ ၊ တစ်ဖက်က ဆေးရောင်စုံ ဆိုပြီး ဇာတ်ဝင်ခန်းတွေကို ပုံစံနှစ်မျိုးနဲ့တင်ပြထားတာကို တွေ့ရတယ်။လူးဝစ် (Lewis) ဇာတ်ဝင်ခန်း နဲ့ Oppenheimer တရားခွင်ရင်ဆိုင်ရတဲ့အခန်းအများစုက အဖြူအမဲအရောင်နဲ့သာ သရုပ်ဖော်ထားတယ်။ Oppenheimer ဇာတ်ကောင်နေရာကို စွယ်စုံရမင်းသား Cillian Murphy ပါဝင်ထားတာကဇာတ်လမ်း သရုပ်ဆောင်ပီပြင်တာထက် ကျော်လွန်ပြီး တကယ့် Oppenheimer အစစ်ကိုနီးနီးကပ်ကပ် မြင်ရသလို ခံစားရတယ်။‌ ဖောက်ကွဲမှုတချို့အခန်းတွေမှာ နောက်ခံတီးလုံးက နားထောင်ရတာနည်းနည်းnoise ဖြစ်တယ်လို့ ခံစားရတယ်။ ကျွန်တော်နားကြောင့်လားတော့ မသိ။

ဂျာမန်နာဇီတွေဘက်မှာ J.Robert Oppenheimer ရဲ့ သူငယ်ချင်းနိုဘယ်ဆုရ ရူပဗေဒပညာရှင် Werner Heisenberg ရှိနေတာကြောင့် တီထွင်စမ်းသစ်တဲ့နည်းပညာတွေနဲ့ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်သွားမှာ အမေရိကန်က အတော်စိုးရိမ် ထိပ်လန့်မှုရှိခဲ့တယ်။ဒါကြောင့် နျူကလီးယားစီမံကိန်း Manhattan project ကို အသည်းအသန်အကောင်အထည်ဖော်တယ်။ရိုးရိုးသားသားပြောရရင် ၂၀ရာစုရဲ့ သိပ္ပံပညာတွေ၊ နိုင်ငံရေးတွေ၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားအောင် သဘာဝကျကျအသေးစိတ်ချယ်မှုန်းထားပုံနဲ့ ပေးချင်တဲ့အတွေးဒဿနကို ထိထိမိမိ ပေးသွားတဲ့ဒါရိုက်တာနိုလန်(Nolan) ကို ကျွန်တော်တစ်ဦးအမြင်အရ အတွေးအမြင်တွေကို ခံစားပြီးချီးကျူးမိပါတယ်။နောက်တစ်ချက်က ဂျပန်နိုင်ငံရဲ့ အနိဌာန်ရုံတွေကိုဇာတ်ကားထဲက ဖော်ပြမသွားဘူး ၊ဒါဟာ ဂျပန်နိုင်ငံမှာဇာတ်ကား ပြသလို့ရအောင် ရည်ရွယ်တယ်လို့ ထင်မိတယ်။

သဘောကျမိတာအချက်က Atomic -Bomb ကိုထွင်ပြီးတဲ့နောက် လူတွေသေကြေပျက်စီးကြရတဲ့အပေါ် သူ့ရဲ့ အပြစ်ရှိစိတ်ကို ထည့်ပြသွားတာပဲ ။
စမ်းသပ်တာအောင်မြင်သွား

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၆)Victor Hugo ဘဝအမောပြေ𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ပြင်သစ်ဘုရင်စနစ်ကင်းမဲ့သွားပုံဉာဏ်နှင့်ပညာမင်းမရှိခဲ့ရင်မိတ်ဆွေမှရန်သူဖြစ်သွားခြင်းဟဲမင်းဝေး နေ့စဉ်ဘဝ

Unlock to read this premium article with 100 points.