Tapathi (တပသီ)
BBC Learning English App ဆိုတာ ကမ္ဘာတစ်ဝန်းရှိ အင်္ဂလိပ်စာသင်ယူသူများအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့အခမဲ့ Learning app တစ်ခုဖြစ်ပါတယ်။
အရည်အသွေးမြင့် သင်ခန်းစာများ၊ နေ့စဉ်လေ့ကျင့်ခန်းများနဲ့ အကောင်းဆုံးလေ့လာမှုပုံစံကိုပေးစွမ်းနိုင်ပါတယ်။
နေ့စဉ်သင်ခန်းစာများ (Daily Lessons)
- အသစ်အသစ်သော သင်ခန်းစာများကို နေ့တိုင်းတင်ပေးပါတယ်။
- video၊ podcast၊ article စသဖြင့် ပုံစံအမျိုးမျိုး တွေ့ရှိနိုင်ပါမယ်။
သင်ရိုးညွှန်းတမ်းများ (Courses)
မိမိ level အလိုက် (basic to advanced) ဖွဲ့စည်းထားသော သင်ရိုးများကို အစီစဉ်တကျ တွေ့နိုင်ပါမယ်။
ဝေါဟာရနှင့် သဒ္ဒါ (Vocabulary & Grammar)
အများသုံးစကားလုံးများ ၊နောက်ဆုံးရ သတင်းများနဲ့ နေ့စဉ်သုံး Idiom များမှတစ်ဆင့် ဝေါဟာရသစ်များ လေ့လာနိုင်ပါမယ်။
Grammar Games & Exercises
ပျော်စရာကောင်းပြီး စိန်ခေါ်မှုရှိသော ဂိမ်းေတွကို လေ့ကျင့်ခန်းများနဲ့တကွ သဒ္ဒါများကို လေ့ကျင့်နိုင်ပါတယ်။
Pronunciation & Listening
အသံထွက်အခက်အခဲများကို ရုပ်မြင်သံကြားနှင့် ရှင်းလင်းပြသပေးခြင်း။
6 Minute English, Drama, News Reviewတွေနဲ့ နားထောင်မှုစွမ်းရည်ကို မြှင့်တင်ပေးသော podcast နဲ့ videoများ ပါဝင်ပါတယ်။
News & Trends
Lingohackကဲ့သို့သော ကဏ္ဍများမှတစ်ဆင့် နောက်ဆုံးရသတင်းများနှင့် လူကြိုက်များသော အကြောင်းအရာများကို အင်္ဂလိပ်လို လေ့လာနိုင်ပါမယ်။
Quizzes & Tests အသိပညာကို စမ်းသပ်ပြီး တိုးတက်မှုကို သိရှိနိုင်ပါမယ်။
Favourites & Downloads
ကြိုက်နှစ်သက်ရာနဲ့ လေ့လာမှုအတွက် အရေးကြီးတဲ့အရာတွေကို offline အဖြစ် Download လုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။
Premium Option
အခမဲ့version တွင် ကြော်ငြာများ ပါဝင်နိုင်ပြီး၊ အချို့သင်ရိုးများ ပြည့်ပြည့်စုံစုံ မရနိုင်ပါဘူး။
Premium version ကို လစဉ်/နှစ်စဉ်ကြေးပေးသွင်းကာ အသုံးပြုနိုင်ပြီး ကြော်ငြာမပါဘဲ သင်ရိုးအားလုံးနှင့် သင်ခန်းစာအားလုံးကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပါမယ်။
ဘာကြောင့် အသုံးပြုသင့်သလဲ။
စိတ်ဝင်စားဖွယ်ဖြစ်တဲ့အပြင် လက်တွေ့နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို သင်ယူနိုင်ခြင်း။
အင်္ဂလိပ်စာကို နေ့စဉ်အလေ့အကျင့်လုပ်ရန် လွယ်ကူသော နည်းလမ်းဖြစ်ခြင်း။
Birtch အသံထွက် နှင့် စံနှုန်းများကို သင်ယူလိုသူများအတွက် အကောင်းဆုံးဖြစ်ပြီး အချိန်နှင့်နေရာမရွေး (offline) လေ့လာနိုင်ခြင်း။
BBC Learning English App သည် အင်္ဂလိပ်စာ လေ့လာသူတိုင်းအတွက် စိတ်ဝင်စားဖွယ်၊ စွယ်စုံပြည့်ဝပြီး အခမဲ့ ရနိုင်သော appတစ်ခုဖြစ်ပါတယ်။
နေ့စဉ်အသစ်များ၊ အဆင့်မျိုးစုံနှင့် လေ့ကျင့်ခန်းပုံစံအမျိုးမျိုးတို့ကြောင့် အင်္ဂလိပ်စာ တိုးတက်မှုကို ထိထိရောက်ရောက် ကူညီပေးနိုင်မယ့် ကိရိယာတစ်ခုဆိုလည်းမမှားပါဘူးနော်။
ဒေါင်းလုဒ်လုပ်ပြီး စမ်းသုံးကြည့်ချင်ရင်တော့
Direct Links
Android- [https://play.google.com/store/apps/details?id=uk.co.bbc.learningenglish](https://play.google.com/store/apps/details?id=uk.co.bbc.learningenglish)
iOS- [https://apps.apple.com/gb/app/bbc-learning-english/id1107523407](https://apps.apple.com/gb/app/bbc-learning-english/id1107523407)တို့မှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
နေ့ရက်တိုင်းကို လေ့လာမှုလေးအနည်းငယ်နဲ့ အင်္ဂလိပ်စာတိုးတက်ဖို့အတွက် BBC learning app ကို ရွေးချယ်အသုံးပြုကြည့်ပါနော်။
#Tapathi
Keep Reading