Author's Profile Photo

Tapathi (တပသီ)

12/07/2025

"Malala Day "

1 min read
Personal Development
Culture
History
"Malala Day "'s photo

Malala Day ကို ပညာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ပါကစ္စတန်လူငယ်အမျိုးသမီး မာလာလာ ယူဆဖ်ဇိုင်း (Malala Yousafzai)ရဲ့ ရဲရင့်မှုနဲ့ ကြိုးပမ်းမှုများကို ဂုဏ်ပြုသောနေ့ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်‌မှာ နှစ်စဉ်ကျင်းပပါတယ်။

မလာလာရဲ့ မွေးနေ့ (၁၉၉၇ ခုနှစ် ဇူလိုင် ၁၂) ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်‌‌ေန့မှာ ပညာရေးအတွက် ရပ်တည်ခဲ့မှုကြောင့် တာလီဘန်များက ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရတာကြောင့် အသက်အန္တရာယ် ကျော်လွန်ခဲ့ပြီးနောက်မှာ ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှုအဖြစ် ရပ်တည်လာခြင်းဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက် (မာလာလာ၏ ၁၆နှစ်ပြည့်မွေးနေ့၊ ထိုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည့်နေ့) တွင် စတင်ကြေညာခဲ့ပါတယ်။တရားဝင်သတ်မှတ်ထားသော ကုလသမဂ္ဂနေ့ (UN Day) မဟုတ်သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အသိအမှတ်ပြုကျင်းပကြပါတယ်။

-အဓိကရည်ရွယ်ချက်များ

ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များ (အထူးသဖြင့် မိန်းကလေးငယ်များ) ပညာရေးရရှိရေးလှုပ်ရှားမှုများကို မြှင့်တင်ရန်။

မာလာလာ၏ ရဲရင့်မှု၊ ဇွဲလုံ့လနှင့် စိတ်အားထက်သန်မှုကိုဂုဏ်ပြုရန်။

ကလေးများအတွက် အခမဲ့၊ အတားအဆီးမရှိ၊ အရည်အသွေးပြည့်မီသော ပညာရေး အခွင့်အရေးအတွက် နိုးကြားလှုပ်ရှားမှု ဖြစ်ပေါ်စေရန်။

ပညာရေးကို ဟန့်တားနေသော အတားအဆီးများ (လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံမှု၊ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခ၊ မသန်စွမ်းမှု) များကို ဖော်ထုတ်ဖြေရှင်းရန်။

Malala Day (ဇူလိုင် ၁၂) အတိုချုပ်မှာ မာလာလာရဲ့ ကလေးများ (အထူးသဖြင့် မိန်းကလေးများ) ပညာရေးအတွက် ရဲရင့်စွာ ရပ်တည်ခဲ့မှုကို ဂုဏ်ပြုသော နှစ်စဉ်နေ့ဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ကလေးတိုင်း အထူးသဖြင့် မိန်းကလေးငယ်တိုင်း အရည်အသွေးပြည့်မီသော ပညာရေး အခွင့်အလမ်းများ ရရှိရေးအတွက် ဆက်လက်လှုပ်ရှား‌သွားရန် သတိပေးနှိုးဆော်‌သောနေ့ဖြစ်သည်။

မာလာလာဟာ ၂၀၁၄ ခုနှစ်မှာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့အသက်ငယ်ဆုံး နိုဗယ်ဆုရှင်ဖြစ်တဲ့ မာလာလာကိုတော့ အမျိုးသမီးတိုင်း လေးစားအတုယူသင့်သလို သူမရဲ့အရွယ်နဲ့မလိုက်တဲ့ သတ္တိကလည်း အံ့မခန်းပါပဲ။

ယခုထက်တိုင် အမျိုးသမီးငယ်‌တွေပညာသင်ကြားနေရခြင်းဟာ သူမအသက်နဲ့ရင်းနှီးခဲ့တဲ့ကျေးဇူးတွေကြောင့်ပါ။

#Tapathi

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ