Author's Profile Photo

မောင်ဘုန်းမြင့်(သဘာဝ)

23/07/2025

လိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်

1 min read
Personal Development
Motivation
Self Improvement

လိုတရတဲ့နည်း

အောင်မြင်မှုကိုလိုချင်တာပဲဖြစ်ဖြစ်၊ ချမ်းသာကြွယ်ဝမှုကိုလိုချင်တာပဲဖြစ်ဖြစ်၊ ငြိမ်းအေးမှုကိုလိုချင်တာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာကိုရယူနိုင်ဖို့ မရှိမဖြစ်လိုအပ်နေတာ ၄ ချက်ရှိပါတယ်။ အဲ့ဒီ ၄ ချက်စလုံးကို ဒီမှာပြောသွားပေးပါမယ်။

၁။ ပြင်းပြတဲ့ဆန္ဒ (ဆန္ဒ)
လိုချင်တဲ့ရလဒ်ကိုရယူနိုင်ဖို့ ဆန္ဒဟာအရေးအကြီးတယ်။ ဒီနေရာမှာ ဆန္ဒဟာတော်ရုံတန်ရုံ ဆန္ဒဆိုတဲ့ဖြစ်ချင်စိတ်ကိုပြောတာမဟုတ်ဘဲ ဖြစ်ကိုဖြစ်ရမယ်၊ ရကိုရရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒ၊ ဘယ်အရာကမှဝင်ရောက်ဟန့်တားလို့မရလောက်အောင်ထက်သန်တဲ့ဆန္ဒမျိုးဖြစ်နေရပါမယ်။
ပြင်းပတဲ့ဆန္ဒမပါရင် ဘာကိုပဲလုပ်လုပ် ပီပြင်မှုမရှိဘူး။ မပီပြင်တဲ့အလုပ်ဟာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်ရဲ့ဆန္ဒမပါရင် ဘာကိုပဲလုပ်လုပ် အလုပ်မဖြစ်မြောက်နိုင်ပါဘူး။

၂။ ခိုင်မာတဲ့ဝီရိယ (ဝီရိယ)
နောက်တစ်ချက်က ဝီရိယပါ။ ဝီရိယမပါတဲ့ဆန္ဒဟာ ဘယ်လိုမှအလုပ်မဖြစ်နိုင်ပါဘူး။ ဝီရိယဟာ ခိုင်မာမှုမရှိရင်လည်းအလုပ်ဖြစ်မှာ မဟုတ်သေးပါဘူး။ နောက်ပြီး လူတွေအချင်းချင်းတောင် ဝီရိယရှိရှိနဲ့ကြိုးစားအားထုတ်နေတဲ့သူကိုသာ မြေတောင်မြှောက်ပေးကြတာပါ။ ကံမကောင်း၊ ဉာဏ်မကောင်းရင်တောင် ဝီရိယရှိရှိနဲ့ကြိုးစားရင် ဝီရိယရဲ့အကျိုးခံစားရနိုင်ပါသေးတယ်။

၃။ ခိုင်မာတဲ့စိတ်ဓာတ် (စိတ္တ)
နံပါတ် ၃ အနေနဲ့ကတော့ ခိုင်မာတဲ့စိတ်ဓာတ်ပါ။ လူတစ်ယောက်မှာဆန္ဒနဲ့ ဝီရိယရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ လောကဓံရဲ့အထုအထောင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့ဆန္ဒပြည့်ဝဖို့အတွက် ရောက်လာတဲ့လောကဓံလှိုင်းလုံးတွေကိုကြံကြံခံနိင်တဲ့ ခိုင်မာတဲ့စိတ်ဓာတ်လေးရှိဖို့လဲလိုအပ်ပါ​သေးတယ်။

၄။ ပညာဉာဏ်၊ စဥ်းစားဆင်ခြင်နိုင်တဲ့ဉာဏ် (ဝီမံသ)
နောက်ဆုံးတစ်ချက်ကတော့ စဥ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်၊ ပညာဉာဏ်ပဲဖြစ်ပါတယ်။ အရာရာကို ဝေဖန်ပိုင်းခြားစဥ်းစားနိုင်တဲ့ပညာဉာဏ်ဟာ ဘဝအတွက်အရေးကြီးပါတယ်။ ဝေဖန်စဥ်းစားနိုင်တဲ့ပညာဉာဏ်အားနည်းရင် အမှားတွေများလာမှဖြစ်သလို ကျဆုံးဖို့လဲ လမ်းပိုနီးစပ်ပါတယ်။ ပညာဉာဏ်အားနည်းတဲ့အခါ စဥ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်အားနည်းတဲ့အခါ ဘယ်ဟာကအမှား ဘယ်ဟာကအမှန် ဘယ်ဟာကအကောင်း ဘယ်ဟာတွေကအဆိုး မခွဲခြားတတ်တော့ဘူး၊ ရန်သူမိတ်ဆွေတွေကိုလဲ မခွဲခြားတတ်တော့ ကိုယ်သွားချင်တဲ့ အောင်မြင်နိုင်မဲ့ လမ်းကြောင်းကနေ လမ်းမှားပြန်ရောက်သွားတတ်ပါတယ်။

အဲဒါကြောင့် အောင်မြင်ချင်တယ်၊ ငြိမ်းအေးချင်တယ်၊ ချမ်းသာချင်တယ်ဆိုရင် အရှေ့မှာပြောခဲ့ အချက် ၄ ချက်ကိုလိုက်နာကျင့်သုံးပါ။ အဲ့ဒီအချက် ၄ ချက်ကိုလိုက်နာကျင့်သုံးရင် အသက်ကိုတောင်ဆွဲဆံ့ထားနိုင်တယ်တဲ့။ ဘဝတိုးတက်အောင်မြင်ရေးအတွက် အရမ်းကိုမှအရေးကြီးတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ ဆိုတဲ့ အဓိပတိ ၄ ပါးကို လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်။

မောင်ဘုန်းမြင့်(သဘာဝ)

Ref: ပါချုပ်ဆရာတော်ဘုရားကြီး။
#မောင်ဘုန်းမြင့်_သဘာဝ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းတစ်ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ (၂) ချေးများစေ့စပ်တဲ့သူအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ ပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါလိုချင်တာတွေရရှိနိုင်ဖို့ အချက် ၄ ချက်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါ