Author's Profile Photo

Thar Htoo-Be Unique

5/05/2025

Attention is Power ⚡

1 min read
Personal Development
Education
Entrepreneurship


မိမိတို့မှာ အချိန်မရှိတော့ပါဘူး...။
မိမိတို့မှာရှိတာဆိုလို့ အကန့်အသတ်သာရှိတဲ့ "အာရုံ" ပုံးလေးသာရှိပါတယ်။ ဘ၀ဆိုတဲ့ ညို့ငင်ဆွဲဆောင်မှု အားကောင်းတဲ့ ဘုံလေးမှာ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အာရုံတွေဟာ သိ၍သော်လည်းကောင်း, မသိ၍သော်လည်းကောင်း ဆုံးရှုံးနေကြရပါတယ်။

ဒီလိုအာရုံတွေကို နည်းမှန်လမ်းမှန်းနဲ့ဆွဲဆောင်သူတွေရှိကြသလို၊ လိုရာဆွဲသွင်းပြီး ချယ်လှယ်နေတဲ့ အရာတွေ, လူတွေ လည်းများစွာရှိကြလို့ မိမိတို့အနေနဲ့ မိမိတို့ရဲ့ အစားထိုးလို့မရတဲ့ "အာရုံပိုင်ဆိုင်မှု Attention Asset" တွေကို ပြန်လည် ရယူကာ ထိန်းကျောင်းသွားကြဖို့ လွန်စွာ အရေးကြီးလှပါတယ်။

အထူးသဖြင့် လူငယ်တွေအနေနဲ့ အားအင်ကောင်းတုန်း၊ အချိန်ရတုန်း မိမိတို့ရဲ့ အာရုံတွေကို မည့်သည်နေရာ၌ အလုံးအရင်းနဲ့ပေးထားသလဲဆိုတာကို ပြန်လည်ကြီးကြပ်သွားရမှာဖြစ်ပါတယ်။ အချိန်တွေ လွန်သွားမှ နောင်တဆိုတဲ့အရာကြီးကို ထွေးပိုက်နေဖို့ မလိုတော့တဲ့ ခေတ်ဖြစ်နေလို့ မိမိတို့ရဲ့ ရသင့်ရပိုင်ခွင့်တွေကို အချိုးကျကျ သုံးစွဲသွားသင့်ပါတယ်။

သင်ရော ဘယ်အရာတွေမှာ အာရုံတွေ သွားရင်းနှီးမြုပ်နှံထားမိလဲ? မိမိအတွက် အမှန်တကယ်ရော အကျိုးရှိစေလား? အကျိုးယုတ်စေလား? ဒီအတွက် ဘယ်လိုစီမံခန့်ခွဲဖြစ်နေလဲ ဆိုတာကိုလည်း မျှ၀ေပေးသွားပါဦးနော်...။

အာရုံတွေကိုသင့်ရဲ့လက်ထဲ ပြန်လည်၀င်ရောက်လာစေပြီး အကျိုးရှိတဲ့အရာတွေအပေါ် သုံးစွဲသွားနိုင်ကြပါစေ။

We don’t really have time! What we truly have is limited attention. In today’s world, our attention is constantly being pulled away, often without us noticing. While some people and things guide it with purpose, many others distract and drain it. That’s why it’s crucial to protect and manage your attention wisely especially while you’re young and capable. Instead of waiting for regret, start now:
Ask yourself; Where is my attention going?
Is it helping me grow or holding me back?
Reclaim your focus and invest it in what truly matters. Your attention is your power, so use it well.

www.tharhtoobeunique.com
Thar Htoo-Be Unique
B'UNIQ-Coaching
Be Unique Living

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်