Author's Profile Photo

Nay Yoon

29/04/2025

ပျောက်ကွယ်မသွားအမွေနှစ်များ....

2 mins read
Creative
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်


မြန်မာ့ပြက္ခဒိန်ရဲ့အစ တန်ခူးလဆိုရင်တော့နှစ်သစ်ကူးအချိန်အခါသမယကိုရောက်ရှိလာခဲ့တယ်။တန်ခူးလရဲ့နွေရာသီအပူဟာ ကမ္ဘာမြေပေါ်မှာဖြန့်ကျက်ထားချိန်မှာ အေးမြစေတဲ့အစဥ်လာမပျက်ဟိုးအရင်ရှေးပဝေသဏီကပင်ရှိခဲ့တဲ့ ချစ်စရာ့မြန်မာ့ရိုးရာဓလေ့ပွဲတစ်ခုက " သင်္ကြန်ပွဲတော် " တဲ့လေ။မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့ကြတဲ့ရှေးမြန်မာဘုရင်များလက်ထက်ကပင် နှစ်စဥ်ရိုးရာမပျက်ကျင်းပခဲ့ကြပြီးနှစ်ပေါင်းမြောက်များစွာတိုင်ချစ်စရာ့အငွေ့အသက်များစွာနဲ့ရိုးရာပွဲတော်တစ်ခု...။တန်ခူးလရဲ့အပူကို အေးချမ်းစေတဲ့မိုးသားမိုးရိပ်အနည်းငယ်လေးနဲ့ပက်ဖျန်းစေပြီးတဲ့အခါ ပိတောက်ဆိုတဲ့ရာသီပန်းတွေဟာဖူးပွင့်ဝေဆာလာခဲ့ပါတော့တယ်။" သင်္ကြန်မိုး " သီချင်းထဲကလို " ရာသီအချိန်မှီလှမ်းပွင့်ခဲ့တဲ့ပိတောက်ကိုပန်ဆင်ပါရင်လှသထက်တင့်မှာမို့... " ဆိုတဲ့အတိုင်းရာသီပန်းကိုဆင်မြန်းကြတဲ့မြန်မာအမျိုးသမီးများရဲ့အလှအပတွေကိုလည်း တန်ခူးလမှာတွေ့မြင်ခံစားရဦးမှာပါ။ကျွန်တော်တို့ငယ်ငယ်နယ်ကအချိန်အခါတွေထဲမှာ အမှတ်တရအဖြစ်ရဆုံးမှာသင်္ကြန်အချိန်အခါဆိုတာလည်းအပါအဝင်တစ်ခုပါပဲ။ကလေးဘဝမှာတော့သင်္ကြန်ရက်တွေမှာရေဆော့မယ် ၊ ရေလောင်းကြမယ် ၊ စတုဒီသာတွေလိုက်စားကြမယ်ပေါ့။အသက်လေးရလာပြီးလူငယ်လူရွယ်ပိုင်းရောက်လာတဲ့အခါကျတော့ ဒီလိုအချိန်ကာလနှစ်သစ်ရဲ့အစမှာပျော်ရွှင်စရာရှာတာလည်းရှာ ၊ ကောင်းမှုကုသိုလ်တွေပြုကြရင်း ၊ ဖြတ်သန်းခဲ့ဖြစ်တော့တယ်။နတ်ပြည်မှသိကြားမင်းကြီး သင်္ကြန်ရက်အတွင်းမှာလူ့ပြည်ကိုဆင်းလာပြီးမကောင်းမှုအကုသိုလ်ကံပြုလုပ်ကျုးလွန်သူတွေကိုခွေးသရေနဲ့ရေးမှတ်လေ့ရှိတယ်လို့လူကြီးတွေကကလေးတွေကိုပုံပြင်သဖွယ်ပြောပြတတ်ကြတယ်။ပုဂံခေတ်ကဘုရင်တစ်ပါးနဲ့မိဖုရားတစ်ပါးတို့ကြား သင်္ကြန်အချိန်အခါမှာဖြစ်ခဲ့ကြတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဟာလည်းနားထောင်ရတိုင်း ဖတ်မိချိန်တိုင်းရင်ထဲဆို့နင့်ဖွယ်။သင်္ကြန်နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေကြည့်ရင်း ၊ သီချင်းတွေနားထောင်ရင်း ၊ ဝတ္ထုတွေဖတ်ရတဲ့အခါထိုကာလအချိန်တွေဟာတကယ့်ကိုလွမ်းစရာအမှတ်တရတွေနဲ့ပေါ့။သင်္ကြန်ဟာမြန်မာလူမျိုးတိုင်းရောက်ရာအရပ်နိုင်ငံမှာစုပျော်ရတဲ့ပွဲ....။သင်္ကြန်ပိုးရှိသူတိုင်းသင်္ကြန်ကျရင် မနေနိုင်မထိုင်နိုင်ယွချင် ထချင် ပျော်ချင်တဲ့ပွဲ....။ရောက်ရာနိုင်ငံကနေမြန်မာနိုင်ငံကို ပြေးပြန်လာချင်လောက်အောင်စိတ်ဓာတ်ရှိကြတဲ့ပွဲ....။သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ဟာမြန်မာတွေရဲ့ နှစ်သစ်ကူးတဲ့ရက် အထွဋ်အမြတ်နေ့ဖြစ်ပြီးဘယ်လောက်အလေးအနက်ထားရတဲ့နေ့တွေရက်တွေနဲ့ ပွဲတော်လည်းဆိုတာလူမျိုးတိုင်းမိမိ၏ နှစ်သစ်ကူးဆိုတာအလေး

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 27ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 26လယ်ယာစိုက်ပျိုးရေးအထိပါ နောက်ထပ် ရောက်ရှိလာတော့မည့် AIမဟာဘုတ်(၁)ကြွင်း (၇)ရက်သားသမီးများအတွက် ၁၃၈၇ခုနှစ်၏ဆန်းကျင်ဂြိုလ်အဟောPowerful ဖြစ်တဲ့ Self Study လုပ်နည်းပျောက်ကွယ်မသွားအမွေနှစ်များ....မေ့လျော့ခံရသော လူသား၏ နောက်ဆုံးအချိန်များစာဖတ်ခြင်းGod's plan & My planစမ်းရေငယ်

Unlock to read this premium article with 10 points.