Lwin
ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံံ-ဒေါက်တာဖြိုးသီဟ
ဆရာပြောတာကတော့ ကျား၊မ ဆက်ဆံမှုတွေ မရှိတော့ဖို့ လူမှုရေး အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး လူထုကို အသိပညာတွေဖြန့်ဝေပေးကြတယ်။ အဲဒီအသိပညာပေးလုပ်ငန်းတွေကတဆင့် ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ ဆိုတဲ့ စကားလုံးကို စကြားခဲ့ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်တဲ့။
ဆောင်းပါးမှာရေးထားတာက ပြောင်းလဲလာတဲ့ခေတ်နဲ့ အညီ ကျွန်မတို့အားလုံးမှာထားရှိသင့်တဲ့ ဖို၊မ ခွဲခြားဆက်ဆံမှုနဲ့ အခြားသောအတွေးအမြင်အချို့ကို ရေးသားမျှဝေထားတာတွေ့ရပါတယ်။
"အမျိုးသမီးတွေဘဝ တိုးတတ်လာဖို့အတွက် ငွေကြေး ထောက်ပံ့မှုတွေ ဥပဒေတွေထက် ကျွန်တော်တို့ပိုလိုအပ်တာကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ဖို့ပါပဲ။”
Note ထုတ်ဆိုရင်တော့ တစ်အုပ်လုံးလိုလိုက မှတ်သားစရာအပြည့်ချည်းပါပဲ။ အဲဒီထဲကမှ သဘောကျတဲ့ Note အချို့ကို မျှဝေပေးချင်ပါတယ်။
"စိတ်ပျက်ပြီး လှည့်ပြန်လာတော့မယ် ကြံတိုင်းမှာ ကိုယ့်ကိုယ်ကိုမေးပါ။ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာပြီလား။ မသေချာမချင်း ကိုယ့်မှာအောင်မြင်ဖို့ အခွင့်အလမ်းရှိပါသေးတယ်။ ဘဝဆိုတာ တာတိုပြေးပွဲ မဟုတ်ပါဘူး။ မာရသွန်ပွဲပါ။ စာမေးပွဲ အမှတ်ကောင်းရုံ၊ ဉာဏ်ကောင်းရုံနဲ့ ဒီမာရသွန်ပြေးပွဲကြီးမှာ မအောင်မြင်နိုင်တာ သေချာပါတယ်။ အဲဒီလို ပြိုင်ပွဲရှည်ကြီးမှာ ထိပ်ဆုံးက ပန်းဝင်နိုင်ဖို့ အဓိက အရေးကြီးလာတာက စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။”
"အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါ အရည်အချင်းပြည့်ဝသူတွေတဲ့။ ခုတော့ မဟုတ်တော့ဘူး။ Leaders are made ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လေ့ကျင့်ယူလို့ရတယ်ဆိုပြီး လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘကအရေးကြီးဆုံးပါပဲ။ ဒါကြောင့်လည်း "လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ”ဆိုပြီးတော့ ပြောလေ့ရှိကြတာ။”
"ကမ္ဘာကို ကိုင်လှုပ်နေတာ generalist တွေပါတဲ့။ နိုင်ငံတော် သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ ခေါင်းဆောင်တွေဟာ ပညာရပ်တစ်ခုတည်းကို ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ specialistတွေ မဟုတ်ကြပါဘူး။ ကဏ္ဍအားလုံးကို နားလည်သဘောပေါက်ပြီး ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နေကြတဲ့ generalist တွေဖြစ်ပါတယ်။”
ဆရာ့စာတွေက ခေတ်နဲ့လည်းညီသလို စီးပွားရေးဆိုင်ရာ စကားလုံးတွေကို ဥပမာနဲ့တကွ ဖော်ပြပေးထားတာတွေ့ရပါတယ်။ ၂၁ရာစုခေတ်မှာ လိုအပ်လာတဲ့ soft skillတွေ တက်ကိုတက်ထားသင့်တဲ့ ပညာတွေကိုလည်း ရှင်းပြပေးထားတယ်။
ဒီစာအုပ်ဖတ်ပြီး ဘာရလဲဆိုရင် အတွေးအမြင်တွေဆန်းစစ်မိလာတယ်၊ ပြောင်းလဲပြီးတွေးခေါ်တက်လာတယ်၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကိုလည်းသိလိုက်ရတယ်၊ တချို့ business ပိုင်းဆိုင်ရာ ကိုယ်နားမလည်ခဲ့၊ မသိခဲ့တဲ့ အကြောင်းအရာတွေကိုပါ ဆရာ့စာထဲမှာ ဥပမာတွေနဲ့အတူရှင်းပြပေးထားတာကိုတွေ့ရတယ်။
အချုပ်ပြောရရင်တော့ ခုလိုပြောင်းလဲမြန်တဲ့ခေတ်ကာလကြီးမှာ ဆရာဖြိုးသီဟ စာအုပ်တွေက ဖတ်ကိုဖတ်ထားသင့်တဲ့ စာအုပ်တွေထဲအပါအဝင်ဖြစ်တယ်လို့ recommend ပေးလိုက်ပါရစေ။
#ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ
#ဒေါက်တာဖြိုးသီဟ
#Lwin
#Review
Keep Reading