ယဥ်သီရိလှိုင်(ဆောင်း)

အလုပ်က၇နာရီခွဲဝင်ရမှာမို့ မနက်၅ခွဲနှိုးစက်ပိတ် အိပ်ယာထပြီးထမင်းအိုးတည် ညကဟင်းနွေးပြီး အိပ်ချင်မူးတူးနဲ့ဘဲ ရေချိုးဖို့ရေချိုးခန်းထဲဝင်သွားလိုက်တယ် ဆောင်းတွင်းကို ရေပန်းဖွင့်ဖွင့်ချင်းအေးစက်နေတဲ့ရေကြောင့်အိပ်ချင်ပြေသွားပြီး အလုပ်မှာဘယ်သူနဲ့အတူလုပ်ရမှာလဲ ဒီနေ့ရောအဆင်ပြေပါ့မလား ငါပြသနာတခုခုလုပ်မိရင်ရောဆိုတာတွေကိုရေချိုးရင်းတခုပြီးတခုအဆက်မပြတ်စဥ်းစားနေမိတယ်
ခနနေတော့ ရေချိုးအဝတ်စားလဲပြီးအချိန်ဟာ၁နာရီလို့မထင်ရလောက်အောင် မနက်စာမစားရသေးဘဲ၆နာရီခွဲသွားခဲ့ပြီ ဒီလိုနဲ့ဘုရားဆွမ်းတော်ကမန်းကတန်းတင်ပြီး လွယ်အိတ်ဆွဲကာ အလုပ်ကိုစက်ဘီးနဲ့ထွက်ခဲ့တယ် လမ်းမှာလည်းကိုယ်မသိတဲ့လူတွေ ကိုယ်စီကိုယ်စီလမ်းလျှောက်လို့ တချို့ကျစက်ဘီးနဲ့ တချို့ကျတော့လဲကားနဲ့ပေါ့ စက်ဘီးနင်းရင်းနဲ့လဲတွေးမိပြန်ရော ဒီနေ့အလုပ်မှာအဆင်ပြေပါ့မလား ပြေမှာပါ မပြေပြေအောင်နေရမှာငါ့အလုပ်လေဆိုပြီးပြန်တွေးရင်း.
အလုပ်ရောက်ပြီ တွေ့သမျှလူခါးကိုင်းကာ ပြုံးပြနှုတ်ဆက်ကိုယ့်ရဲ့ဖော်ရွေမှုကိုအတတ်နိုင်ဆုံးပြကာ အလုပ်လုပ်ဖို့အသင့်အနေထားဖြင့် နာရီကြည့်တော့ အလုပ်လုပ်ဖို့၁၀မီနစ်အလို အချို့ဝန်ထမ်းတွေ နာရီမရောက်မချင်းအလုပ်ခန်းထဲမဝင်တာကြည့်ပြီးငါလဲစောင့်ရင်ရောတွေးတော့ မဖြစ်သေးဘူး ငါကအသစ်လေ စောဝင်ရမယ် လုပ်စရာရှိတာကြိုလုပ်ထားတော့ပြသနာမရှိတော့ဘူးပေါ့တွေးကာ အလုပ်ခန်းထဲစောရောက်လာခဲ့တယ်
ဟူး.....အလုပ်ပြီးပြီ ငါအကောင်းဆုံးလုပ်ခဲ့တယ် အလုပ်ကအကျီလဲခန်းထဲရောက်တော့ ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်မိ မျက်နှာမှာမနက်ကအနဲငယ်လူးလာတဲ့ နေလောင်ကာခရင်မ်မရှိတော့နှုတ်ခမ်းမှာလဲဆောင်းတွင်းမို့ခြောက်နေပြီးအနဲငယ်လန်နေတယ် ကိုယ့်မျက်နှာကိုယ်ကြည့်ပြီးလွယ်အိတ်ထဲကအသင့်ပါလာတဲ့နှုတ်ခမ်းနီအကြည်ရောင်လေးထုတ်ဆိုးကာ ကိုယ့်ဘာသာပြန်ပြုံးပြ အတွေးထဲမှာ ငါဒီနေ့ပြသနာအလုပ်ခဲ့ဘူး အရမ်းတော်တယ် တယ်တော်တဲ့ငါလို့ချီးကျူးရင်းမိန့်မိန့်ကြီးနဲ့ အခန်းထဲဝင်လာတဲ့လူတွေကိုပြုံးပြနှုတ်ဆက်ပြီး မြောက်ကြွကြွနဲ့စက်ဘီးစီးပြန်ခဲ့ပြီ
အပြန်လမ်းက အသွားထက် မြန်ဆန်နေပြီး အလုပ်နောက်ကျမှာစိုးရိမ်စိတ်တွေမရှိတော့ ကိုယ်ပါးပြင်ကိုလာထိတဲ့လေအေးအေးတွေကိုအပြည့်အဝခံယူရင်း ပါးစပ်ကနေသီချင်းကလေးတိုးတိုးညီးကာ အိမ်ပြန်ခဲ့ပြီ
အိမ်ပြန်ရောက်တော့အဝတ်စားလဲ မနက်ကချန်ခဲ့တဲ့ဟင်းနဲ့ထမင်းကိုခနနွေးပြီး ဗိုက်ဖြည့် အိမ်ကအမေနဲ့ဖုန်းပြောပြီး စမတ်ဖုန်းလေးဖွင့်ရင်းအပြည့်အဝအနားယူလိုက်တယ် မနက်အတွက်နှိုးစက်ပေးအိပ်ယာပေါ်ကျောဆန့်ခြေဆန့်ခြေပစ်လက်ပစ်ကာ မနက်ဖြန်အတွက်အားတွေမွေးပြီးတဖန်ပြန်ကြိုးစားဖို့ အိမ်မက်တွေဖြစ်မြောက်ဖို့ ငါလိုချင်တဲ့အနာဂတ်ရဖို့ တွေးရင်းတွေးရင်းတွေးရင်း အပြုံးတပွင့်နဲ့အိပ်ယာဝင်ခဲ့ပြန်တယ်......
ချစ်သောreadersလေးတွေ 😘
ဆောင်း
စာလေးတွေမရေးတာကြာလို့မေ့နေကြပြီလားရှင် ပြန်ရေးမယ်တွေးပေမယ့် မအားလို့မရေးဖြစ် အခုတော့ပြန်ရေးပါတော့မယ် ကိုယ့်ရဲ့အနားယူရာလေးတခုပြန်ဖြစ်အောင်လုပ်မယ်
Keep Reading