Author's Profile Photo

Tapathi (တပသီ)

31/07/2025

"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"

1 min read
Education
Language
Creative
"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"'s photo

အင်္ဂလိပ်စာလေ့လာနေသူတိုင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါဆိုရင် native speaker တစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့နဲ့ အသံထွက်မှန်မှန်‌ပြောနိုင်ဖို့ဆိုတဲ့ အရာလေးတစ်ခုလည်း ပါနေတတ်ပါတယ်။ 💫

🍁Pronunciation ကောင်းဖို့အတွက် တကယ်ပဲ ခက်ခဲတာလား။

🎋မခက်ခဲပါဘူးနော်။ စာဖတ်သူအတွက် ခက်ခဲနေတယ်ဆိုရင်တော့ listening နားထောင်ခြင်း အားနည်းနေတာလေး တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။

🐾Speaking ဆိုတာ Listening နဲ့ ဆက်စပ်နေတာကြောင့် speaking ပြောနိုင်ဖို့အတွက် Listening များများနားထောင်ပေးပြီး အကြားအာရုံက တစ်ဆင့် အပြောကို သွက်လာစေပါတယ်။

👼ကလေးတစ်ယောက်ကို စကားစသင်သလိုပါပဲ။

📝ကလေးငယ်တွေကို စကားစသင်ရင် လူကြီးတွေက အရင် အရှေ့ကနေ ပြောပြဖတ်ပြပေးရသလိုပဲပေါ့။

📍ကလေးတွေက လူကြီးတွေ ပြောဖန်များတဲ့ အရာတွေကို ကြားရချိန်များတော့ မှတ်မိလာမယ်။

🔍နားရည်ဝလာချိန်မှာတော့ သူတို့ပါးစပ်ကနေ တ‌ဖြည်းဖြည်းချင်း စကားလုံးလေးတွေ အများကြီးပြောလာနိုင်တာ မဟုတ်လား။

➿စာဖတ်သူတို့လည်း မိဘတွေဆီကနေ ဒီလိုပဲ သင်ကြားပြီး ကြီးပြင်းလာခဲ့ကြတာပဲလေ။

🎶ဘာတွေ နားထောင်ရမလဲ။

-Podcast လေးတွေ နားထောင်သင့်ပါတယ်။
BBC 6 Minute English/BBC Learning English/English with Lucy စတာတွေအပြင် အခြားသော နှစ်သက်ရာ video နဲ့ audio တွေကိုလည်း နားထောင်နိုင်ပါတယ်။🎵


🔈Listening နားထောင်ရုံနဲ့ပဲ Pronunciationက တိုးတက်သွားမှာလား။

နားထောင်ရင် ပြီးရောဆိုပြီး တစ်သမတ်တည်း Listening Audio တွေကို ဖွင့်ထားပြီး နားထောင်နေရုံနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူးနော်။💭


⚡️နားထောင်နေချိန်မှာ သူတို့ပြောတဲ့ စကားလုံးလေးတွေရဲ့ အသံထွက်လေးတွေကို လေယူလေသိမ်းနဲ့တကွ သေချာမှတ်သားဖို့လိုပါတယ်။

🎯တိတ်ဆိတ်တဲ့နေရာလေးမှာ စိတ်ငြိမ်ငြိမ်နဲ့နားထောင်ပေးက ပိုမိုထိရောက်စေပါတယ်။

🎤နောက်တစ်ခုအနေနဲ့ Shadowing လို့ခေါ်တဲ့ native speaker တွေရဲ့နောက်ကနေ အသံထွက်နဲ့လေယူလေသိမ်းကို အတုယူပြီး လ်ုက်ပြောတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

📌လေ့လာနိုင်တဲ့ အခမဲ့ Website များ

🖇[https://www.englishclub.com/pronunciation/minimal-pairs.htm](https://www.englishclub.com/pronunciation/minimal-pairs.htm)

🖇[https://www.bbc.co.uk/learningenglish/features/pronunciation](https://www.bbc.co.uk/learningenglish/features/pronunciation)

🖇[https://youglish.com/](https://youglish.com/)

👾AI နဲ့အခမဲ့ စကားပြောလေ့ကျင့်ရန်

🖇[https://speakandimprove.com/](https://speakandimprove.com/)

📝စနစ်တကျလေ့လာမှုအတွက် IPA (International Phonetic Alphabet) သင်ယူပါ။English Sounds Pronunciation Appတွင်လည်း အခမဲ့ လေ့လာနိုင်ပါတယ်။

🎙အသံ အတက်အကျ နေရာလေးတွေကို သတိထား နားထောင်ဖို့လည်း လိုပါသေးတယ်။

🕰နေ့စဉ် အချိန်တစ်ခုသတ်မှတ်ပြီး လေ့ကျင့်ပါ။

🎧ကိုယ့်အသံထွက်တွေကို အသံသွင်းပြီး ပြန်လည်နားထောင်ကြည့်ပါ။ 💡လိုအပ်ချက်တွေနဲ့ ပြင်ဆင်စရာတွေကို တွေ့ရပါလိမ့်မယ်။

🏅ပုံမှန်လေ့ကျင့်မယ်ဆိုရင် လိုအပ်ချက်တွေကို ပြုပြင်လာနိုင်ပြီး လိုချင်တဲ့အခြေအနေတစ်ခုကိုအရောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။🎗

#Tapathi

Keep Reading

"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့အရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်Cambridge English Examလေညင်းတွေဟာ ဘယ်ကလာUWC scholarship