Morgen

လူ့သဘာဝကကိုက ရှုပ်ထွေးနေတတ်တာပါ။ တခါတလေ ခေါင်းထဲမှာ အတွေးပေါင်းစုံက အစီအစဉ်တကျ မရှိဘဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေတာမျိုး ခင်ဗျားလည်း ကြုံဖူးမှာပါ။ အဲဒီလိုအချိန်မှာ စိတ်ညစ်ညူးပြီး ထိုင်မှိုင်နေမယ့်အစား Journaling ရေးကြည့်ဖို့ ကျွန်တော် အကြံပေးချင်တယ်။
Journaling ဆိုတာ ဘာလဲ?
Journaling ဆိုတာ ခင်ဗျားရဲ့ ခေါင်းထဲက အရှုပ်ထုပ်တွေကို စာရွက်ပေါ် ပုံချလိုက်တာပဲ။ လူတွေက ပြဿနာတက်ရင် တစ်ယောက်ယောက်ဆီက ထောက်ခံချက်လိုက်မျှော်ပြီး အတင်းလိုက်ပြောပြချင်ကြတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ အပူတွေကို တစ်လောကလုံးက ထိုင်နားထောင်ပေးဖို့ မအားသလို၊ အဲဒီလို လိုက်ညည်းနေတာကလည်း ကိုယ့်စိတ်ကို ကိုယ်တိုင် မထိန်းနိုင်တာကို ပြနေတာပဲ။ အဲဒီတော့ သူများဆီမှာ အချိန်ဖြုန်းမယ့်အစား စာရွက်ပေါ်မှာပဲ ခင်ဗျားစိတ်ကြိုက် ပုံချလိုက်တာက ပိုပြီး အဆင့်အတန်းရှိပါတယ်။
ဘာကြောင့် ရေးသင့်တာလဲ?
ခင်ဗျားရဲ့ ဦးနှောက်က Storage ပြည့်နေတဲ့ ဖုန်းတစ်လုံးလို ဖြစ်နေရင် ဘာမှလုပ်လို့မရဘူး။ စာရေးလိုက်တာက Junk Files တွေကို Delete လုပ်လိုက်သလိုပဲ။ အဲဒီလို ရှင်းထုတ်လိုက်မှ ခင်ဗျားရဲ့ ဦးနှောက်က Clear ဖြစ်သွားပြီး ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာက အပိုတွေလဲဆိုတာ ခွဲခြားနိုင်လာလိမ့်မယ်။ အတင်းအော်ဟစ်ပြနေစရာမလိုဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ဘဝကို Control ပြန်ရလာတာမျိုးပေါ့။
ရေးနည်းကလည်း အထွေအထူး မရှိပါဘူး။ စာစီစာကုံး ရေးသလို နိဒါန်းတွေ၊ နိဂုံးတွေ လိုမလုပ်ပါနဲ့။ ခင်ဗျား ခံစားနေရတာကို အစစ်အမှန်အတိုင်း ရေး။ သတ်ပုံမှားတာ၊ စာလုံးမလှတာတွေက အရေးမကြီးဘူး။ ဒါ ခင်ဗျားတစ်ယောက်တည်းကြည့်မယ့် Private Record ပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ Iconic ဖြစ်တယ်လို့ ထင်ထင်၊ တကယ်တမ်း ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ရိုးရိုးသားသား ရင်ဆိုင်တတ်ဖို့ပဲ လိုတယ်။
Journaling ရေးနည်း။ (Methods)
ရေးနည်းက အများကြီးရှိပေမဲ့ အဆင်ပြေတာကို ရွေးပါ။ No strict rules!
၁။ Brain Dump (Freewriting)
ဒါက ခင်ဗျားခေါင်းထဲမှာ Logic တွေမရှိတော့ဘဲ အတွေးတွေ ရှုပ်ထွေးနေတဲ့အခါ သုံးရမယ့် Nuclear Option ပဲ။
• ဘယ်လိုရေးမလဲ: ဘာခေါင်းစဉ်မှ မတပ်နဲ့။ စာလုံးပေါင်းမှားတာတွေ သဒ္ဒါမှားမှာတွေ ဘာမှ မစဉ်းစားပါနဲ့။ ခေါင်းထဲမှာ ပေါ်လာသမျှ အကုန်လုံးကို စက္ကူပေါ် ခနျရေးလိုက်ပါ။
ဥပမာ- "ငါ ဒီနေ့ အရမ်းပင်ပန်းတယ်၊ ဟိုလူကငါ့ကိုဒီလိုပြောလိုက်တယ်၊ ညစာ ဘာစားရမလဲ မသိဘူး" စသဖြင့် ပေါ်လာသမျှ အဓိပ္ပာယ်ရှိရှိ မရှိရှိ ချရေးတာ။
၂။ Gratitude Journaling
လူတွေက မရှိတာကိုပဲ ကြည့်ပြီး စိတ်ညစ်နေတတ်တာ ခင်ဗျားအသိပဲ။ ဒါကို ပြောင်းလဲဖို့ Gratitude က အထိရောက်ဆုံးပဲ။
• ဘယ်လိုရေးမလဲ: နေ့တိုင်း (အိပ်ရာဝင်ခါနီးဖြစ်ဖြစ်၊ မနက်ခင်းဖြစ်ဖြစ်) ခင်ဗျား တကယ်ကျေးဇူးတင်တဲ့အရာ ၃ ခုကို ရေးပါ။
ဥပမာ- "ဒီနေ့ ကော်ဖီက တကယ်သောက်လို့ကောင်းတယ်"၊ "ဒီနေ့ရာသီဥတုက သာယာတယ်"၊ "သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်"
စသဖြင့် အသေးအဖွဲလေးတွေကအစ ရေးလို့ရတယ်။
၃။ Bullet Journaling (BuJo)
ခင်ဗျားက Organized ဖြစ်ရတာ ကြိုက်တယ်၊ အလုပ်တွေလည်း များတယ်ဆိုရင်တော့ ဒါက ခင်ဗျားအတွက်ပဲ။
• ဘယ်လိုရေးမလဲ: ဒါက Planner, To-do list နဲ့ Diary ကို ပေါင်းထားတာ။ သင်္ကေတလေးတွေ သုံးတယ်။
ဥပမာ - • က လုပ်ရမယ့်အလုပ်၊ X က ပြီးသွားတဲ့အလုပ်၊ > က နောက်နေ့ရွှေ့လိုက်တဲ့အလုပ် စသဖြင့်ပေါ့။ တစ်လစာ၊ တစ်ပတ်စာ Layout တွေ ဆွဲပြီး ရေးရတာပါ။
၄။ Prompt-based Journaling
စာအုပ်ဖွင့်လိုက်ပေမဲ့ "ဘာရေးရမှန်း မသိဘူး" ဆိုတဲ့ Blank Page Syndrome ဖြစ်နေရင် ဒါကို သုံး။
• ဘယ်လိုရေးမလဲ: အသင့်ရှိနေတဲ့ မေးခွန်း (Prompts) တစ်ခုကို ယူပြီး ဖြေတာ။
ဥပမာ - "ငါ့ရဲ့ အကြီးမားဆုံး ကြောက်ရွံ့မှုက ဘာလဲ?"• ဥပမာ - "နောက် ၅ နှစ်မှာ ငါ့ကိုယ်ငါ ဘယ်လိုပုံစံနဲ့ မြင်ချင်လဲ?"
ဒီ method ကခင်ဗျားအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ (Self-discovery) အတွက် အရမ်းကောင်းတယ်။ ခင်ဗျားရဲ့ Deep inner thoughts တွေကို ဆွဲထုတ်ပေးနိုင်လို့ပါ။
၂၀၂၆ နှစ်သစ်မှာ အသစ်ကစဖို့နှစ်သစ်မှာ Resolution တွေအများကြီး ချနေမယ့်အစား Journaling ကို Daily Routine တစ်ခုအနေနဲ့ စတင်ကြည့်ပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အချိန်ပေးရုံနဲ့ ခင်ဗျားရဲ့ Mental Health က သိသိသာသာ ပြောင်းလဲလာမှာပါ။ဖုန်းနဲ့ရေးတာထက် စာအုပ်နဲ့ ဘောပင်ကို သုံးပြီးရေးဖို့ Recommend ပေးချင်တယ်။ စက္ကူပေါ်မှာ စာလုံးလေးတွေ ပေါ်လာတဲ့ ခံစားချက်က ပိုပြီး Healing ဖြစ်စေလို့ပါ။
“Don't just live your life, record it.”
*****
စာဖတ်သူများကို အစဉ်လေးစားလျက်။
မော်ဂန်
Keep Reading