Lin Myat
မျက်မှောက်ခေတ်မှာ Motivation ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့နဲ့ သိပ်မစိမ်းလှပါ။ Motivation Speaker တွေလည်း အများသား။ဒီနေရာမှာ သတိပြုဆင်ခြင်ဖွယ် အချို့ကို ပြောပြလိုပါတယ် ။
ဒီနေ့ခေတ်လူအများစုဟာ လမ်းပျောက်ပြီ၊စိတ်ညစ်စရာတစ်ခုခုကြုံပြီဆိုတာနဲ့ စိတ်ဓာတ်ခွန်အားရအောင် motivation ကို အရင်ရှာယူ နားထောင်လေ့ရှိတယ် ။ချက်ချင်းဆိုသလို အားမာန်အပြည့်နဲ့ တက်တက်ကြွကြွဖြစ်လာပြီး နောက်ရက်ကျတော့ ဒုံရင်းက ဒုံရင်း ပြန်ဖြစ်သွားတတ်ကြတယ်။ Motivation နားထောင်တဲ့သူအများစုဟာ ကောက်ရိုးမီးလို ခဏပါပဲ။နောက်ရက်တွေ Motivation Speaker တွေ ပြောသလို လိုက်မလုပ်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလာပြီး ပိုစိတ်ဓာတ်ကြတတ်ပါတယ်။
ဒီမှာ Personal အရ ချစ်ခြင်း၊မုန်းခြင်းမျိုးမရှိဘဲ ပြောလိုတာလေးတစ်ခုရှိပါတယ်။အဲ့တာက မြန်မာနိုင်ငံရဲ့ Motivation Speaker အများစုဟာ ချမ်းသာပြည်စုံတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာကြသူတွေပါ။တစ်နည်းအားဖြင့် နိုင်ငံခြားပညာတွေသင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒါလုပ် ဒီလိုလုပ်ဆိုပြီး ဆရာကြီးပြန်လုပ်တဲ့ သူတွေပေါ့။
သေချာစဉ်းစားကြည့်ပါ သူတို့နဲ့ ကျွန်တော်တို့က ဘ၀အခြေအနေချင်း မတူလှပါဘူး။အခြေခံလူတန်းစားတွေရဲ့ ဘ၀ကိုလည်း သေချာ ဂဃဏနမသိပါ။သူတို့ကတော့ သူတို့ရဲ့ဘ၀နေထိုင်မှုနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံကလူတွေ မတိုးတတ်တာ စာမဖတ်လို့၊ဟိုဟာမလုပ်လို့၊ဒီဟာမလုပ်လို့ စသည်ဖြင့် ပြောတတ်ကြပါသေးတယ်။အခြေခံလူတန်းစားတွေရဲ့ဘ၀ကို သူတို့သေချာမသိဘဲ၊ကိုယ်ချင်းမစာနိုင်ဘဲ သူတို့ပြောချင်ရာပြောတာတွေဟာ ကျွန်တော်တို့ဘ၀နဲ့ ဘယ်လို အံ၀င်ဂွင်ကျဖြစ်ပြီး ဘယ်လိုအကျိုးတည့်နိုင်မည်နည်း။
သေချာစဉ်းစားကြည့်ပါဗျာ မနက်ဆို 5နာရီခွဲထ၊6နာရီအလုပ်ကားလာကြို၊တစ်နာရီစွန်းစွန်းကားစီးပြီး မနက်စာစား၊8နာရီအလုပ်ထဲ၀င်၊ည8နာရီခွဲမှာ အိမ်ပြန်ရောက်တဲ့သူတစ်ယောက်ဟာ ဘယ်အချိန်စာဖတ်နိုင်မည်နည်း။အဲ့လိုလူတွေ တကယ့်လက်တွေ့ဘ၀မှာ အများကြီးရှိတယ်ဆိုတာ မယုံမရှိနဲ့နော် ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတာမို့။သူတို့လို မနက်9နာရီရုံးသွား ညနေ5နာရီကိုယ်ပိုင်ကားနဲ့ အိမ်ပြန်တဲ့သူတွေဟာ ဒါတွေကို မသိပါဘူး၊နားမလည်နိုင်ပါဘူး။သူတို့ပြောတဲ့ထဲမှာ သူတို့ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့အချက်တွေပါတာမို့ ကိုယ်မလုပ်နိုင်တဲ့အခါ စိတ်မညစ်ပါနဲ့၊စိတ်ဓာတ်မကျပါနဲ့။
တကယ်တော့ Motivation ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးဖြစ်ဖို့မျှော်လင့်ထားသလဲ၊ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိအောင်အရင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ပါ။ကိုယ်လုပ်တဲ့အလုပ်မှာ အမှားတွေလုပ်မိမယ် အဆင်မပြေတာတွေကြုံလာမယ်ဆိုရင်လည်း It is okay ပါပဲလို့။ကိုယ့်ရဲ့မှားယွင်းမှုတွေ၊ကျရှုံးမှုတွေကို အသိအမှတ်ပြုပေးလိုက်ပါ။တစ်ခုခုလုပ်နေတယ်ဆိုကတည်းက ကိုယ်က အောင်မြင်မှုလမ်းကြောင်းအပေါ် ရောက်နှင့်နေပြီးသားမို့ လဲကျရင်ပြန်ထ ဆက်ကြိုးစား အဲ့တာမှ ဘ၀ရဲ့ Motivation စစ်စစ်။
(လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်)
#LLM
#29.8.24(Thu) 1:23PM
Keep Reading