Author's Profile Photo

Vic

5/09/2024

UWC scholarship

2 mins read
Education
General Knowledge
18 Again
UWC scholarship's photo

တနေ့ တင်ခဲ့တဲ့ 'နောက်ကျခြင်း'ဆိုတဲ့ဆောင်းပါးထဲက စကောလားရှစ်အကြောင်းကို အခုအပိုင်းမှာ အကျယ်တဝင့်ပြောပြချင်ပါတယ်။ ကျွန်မလို အခွင့်အရေးကို မသိလိုက်တာမျိုး မဖြစ်ရအောင်လို့ပါ။ ကိုယ်ကိုယ်တိုင်အတွက် မဟုတ်ရင်တောင် ကိုယ့်ညီ၊ ညီမငယ်တွေ၊ သားသမီးတွေ လျှောက်နိုင်ဖို့ လက်တို့နိုင်တာပေါ့။ အဲ့ဒီ scholarship ကတော့ UWCဆိုတဲ့ scholarshipပဲဖြစ်ပါတယ်။

UWCဆိုတာ ဘာလဲ?
UWCရဲ့ အရှည်ကောက်က United World College ဖြစ်ပါတယ်။ သူက ပညာရေးအားဖြင့် မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ စည်းလုံးညီညွှတ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ် ဖြစ်ပေါ်လာဖို့အတွက်ရည်ရွယ် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း (18)နိုင်ငံမှာ UWCရဲ့ကျောင်းပေါင်း (18)ကျောင်းရှိပါတယ်။ နိုင်ငံပေါင်း 150ကျော်မှာ သူတို့ရဲ့ national committee တွေရှိပါတယ်။

UWCရဲ့ နောက်ခံသမိုင်းအကျဉ်း ▪️
UWCကို 1962မှာ Kurt Hahnဆိုတဲ့သူက Atlantic college နဲ့လက်တွဲပြီး စတင်ခဲ့တာပါ။ Nelson Mandela အပါအဝင် အခြားသော ‌ထိပ်တန်းခေါင်းဆောင် အတော်များများဟာ UWCရဲ့ president (ဥက္ကဠ) အဖြစ်ထမ်းဆောင်ဖူးကြပါတယ်။ လက်ရှိ presidentကတော့ Queen Noor of Jordan ဖြစ်ပါတယ်။

ဆိုတော့ သူတို့ကဘာကို စကောလာပေးတာလဲပေါ့။ တခြားသော စကောလားရှစ်တွေ ရှိကောင်းရှိနိုင်ပေမဲ့ အခု ကျွန်မအလေးပေးပြီး ဖော်ပြချင်တဲ့ စကောလားရှစ်ကတော့ IBDPဆိုတဲ့ စကောလားရှစ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ IBDPဆိုတာ ဘာလဲလို့ မေးစရာရှိလာပြန်တယ်။ International Baccalaureate Diploma Program (IBDP)ဟာဆိုရင် နိုင်ငံတကာစံချိန်မှီ အထက်တန်းပညာရေး ပရိုဂရမ်တစ်ခု လို့ပြောလို့ရပါတယ်။ IB program ဟာ (2)နှစ်သင်ကြားရတဲ့ program ဖြစ်ပြီး G-11, G-12နဲ့ ညီမျှပါတယ်။

IBဟာဆိုရင် အဆင့်မြင့်ပညာ၊ တက္ကသိုလ်တွေကို တက်လှမ်းဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ သာမက ဘက်စုံစွမ်းရည်တွေကိုပါ သင်ကြားပေးတဲ့ သင်ရိုးဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်တွေမှာ အခိုင်မာဆုံး အထက်တန်းသင်ရိုးအဖြစ် အမေရိကန်က တက္ကသိုလ်တွေ အပါအဝင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ် အတော်များများက လက်ခံထားကြပါတယ်။ Harvard တို့လို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကတောင် admissions requirements အနေနဲ့လက်ခံပါတယ်။
(▪️IBအကြောင်း အကျယ်တဝင့် ဆက်ရန်ရှိသေးသည်။ )

ဘယ်လိုလျှောက်ရမလဲ?
UWCရဲ့ IBDP programကို လျှောက်လို့ရတဲ့နည်း (2)နည်းရှိပါတယ်။ ပထမနည်းကတော့ Global Selection Program (GSP) ကနေလျှောက်တဲ့နည်း ဖြစ်ပါတယ်။ GSP ကနေလျှောက်ရင် UWC 18ကျောင်းထဲက ကိုယ်တက်ချင်တဲ့ကို ရွေးချယ်လို့ရပါတယ်။ တစ်နှစ်ပတ်လုံး လျှောက်လွှာတင်လို့ရပါတယ်၊ Deadline မရှိပါဘူး။ ဒါပေမဲ့ စကောလားရှစ်တော့ မရပါဘူး။

ဒုတိယနည်းကတော့ ကိုယ့်နိုင်ငံရဲ့ National Committee တွေကတဆင့်လျှောက်တာ ဖြစ်ပါတယ်။ NCကတဆင့်လျှောက်ရင် အသားချက်အနေနဲ့ စကောလားရှစ်‌ရပါတယ်၊ fully fundedလည်းဖြစ်နိုင်သလို partial တဝက်လည်းဖြစ်နိုင်ပါတယ်။ Partialဆိုရင်တောင် ရရှိမယ့် ပညာတွေ၊ အတွေ့အကြုံတွေ နောက်ဆက်တွဲ တက္ကသိုလ်ဝင်ခွင့်အကျိုးအမြတ်တွေနဲ့ ယှဉ်ကြည့်ရင် တအားတန်တယ်လို့ခံစားရပါတယ်။ UWCကျောင်းသား 80%လောက်က National Committee က လျှောက်ကြတာပါတဲ့။ ဒါပေမဲ့ကျောင်းကတော့ ကိုယ်တက်ချင်တဲ့ကျောင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ကျွန်မအနေနဲ့ဆိုရင် အပေါ်ကလိုဘဲ ရလာမယ့် အသိပညာ၊ အတွေ့အကြုံနဲ့ ယှဉ်ရင် နေရာက သိပ်အဓိကမကျဘူးလို့ထင်မိတယ်။ မြန်မာ National Committee က application ဖောင်တွေကို နိုဝင်ဘာလကနေ ဇန်နဝါရီလအတွင်း ဖွင့်ပေးလေ့ရှိပါတယ်။

NCကတဆင့် လျှောက်ဖို့ ဘာတွေလိုအပ်သလဲ?
ပထမဆုံးအနေနဲ့ မြန်မာမှတ်ပုံတင်ကတ်ရှိရပါမယ်လို့ ရေးထားပါတယ်။ အကြောင်း အမျိုးမျိုးကြောင့်မရှိရင် ထောက်ခံစာတွေနဲ့ တင်လို့ရပါတယ်တဲ့။ ပညာအရည်အချင်းအနေနဲ့ Grade - 10, GEDပြီးထားရင် ရပါတယ်။ Essay အတို - 2ပုဒ်၊ အရှည် - 3ပုဒ်၊ short vedio - 1ပုဒ်၊ Reference letter 2စောင် တောင်းပါတယ်။ ပိုပြီးတိတိကျကျ အသေးစိတ်သိနိုင်ဖို့ uwc.org မှာသွားကြည့်နိုင်ပါတယ်။ ဖောင်ဖွင့်တာကိုလည်း အသိနောက်မကျဖို့ uwc Myanmar National Committee ပေ့ခ်ျကို follow လုပ်ထားဖို့ တိုက်တွန်းပါတယ်။ အဆင်ပြေကြပါစေ။

ကိုးကား - UWC.org
Photo© - UWC.org

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?