
သစ်တိုင်းမွှေး

အွန်လိုင်းသင်တန်းများနှင့် ကျွန်တော် ထိတွေ့မိသည်မှာ နှစ်အနည်းငယ်မျှပင်ကြာပြီ ဖြစ်သည်။အရာဝတ္ထုတစ်ခုသည် မတူညီစွာဖြင့် ကျွန်တော်တို့အပေါ် သက်ရောက်လေ့ရှိသည်။အွန်လိုင်း သင်တန်းတို့သည်လည်း ထိုနည်းလည်းကောင်း ကျွန်တော်ရဲ့စဉ်းစားပုံ၊လုပ်ဆောင်ပုံတွေအပေါ်သက်ရောက်ကာ
နေ့စဉ်နဲ့ အမျှ ပြောင်းလဲမှုတွေ အသစ်တွေကို ပေးစွမ်းလျက်ရှိသည်။
အွန်လိုင်းသင်တန်းများကနေ ကိုယ်အတွက်လိုအပ်သော အရည်အချင်းတို့ကို ဖြည့်တင်းနိုင်ခဲ့သည်။ပြောရမည်ဆိုလျှင် များသောအားဖြင့် အွန်လိုင်းသင်တန်းအချို့သည် အခမဲ့သာ ဖြစ်၏။ငွေကုန်ကြေးကျ သိပ်မရှိ၊နေရာဒေသမရွှေး အင်တာနက်လေးရှိရုံနှင့် မိမိဝါသနာပါသော ဘာသာရပ်တို့ကို လေ့လာနိုင်သည်။ဘဝတစ်လျှောက် ပညာကို လေ့လာရမည်ဖြစ်ပြီး တကယ်လို့ အလုပ်လုပ်ရင်း ကိုယ်စိတ်ဝင်စားသော ဘာသာရပ်ကို လေ့လာရမည်ဆိုလျှင် တကူးတက သွားရောက်စရာမလိုသည့် အွန်လိုင်းကျောင်းများသည် ရွှေးချယ်မှုကောင်းများဖြစ်သည်။
ကျွန်တော်အွန်လိုင်းသင်တန်းများနှင့် စတင်ထိတွေ့မိသည်မှာ အသက်၁၂လောက်တွင်ဖြစ်သည်။မြန်မာနိုင်ငံနှင့် ရောဂါဘေးတို့နှင့် ကြုံနေရချိန် ကျွန်တော်၏ ပညာရေးသည် တစ်ခန်းရပ်ခဲ့သည်။အကယ်၍သာ အွန်လိုင်းသင်တန်းများမရှိခဲ့လျှင် ကျွန်တော်ဟာ ပညာတစ်ပိုင်းတစနှင့် ပညာရည် မပြည့်ဝသူအဖြစ်သာ ရှိနေပေလိုက်မည်။
အွန်လိုင်းသင်ကြားရေးသည် များသောအားဖြင့် ဗီဒီယိုနှင့်ဇွန်း(zoom)မှ လည်းကောင်း သင်ယူရသည်။သင်ကြားရတဲ့အခါ ကျွန်တော်တို့ အနေနဲ့ နည်းပညာများဆိုင်ရာများနှင့် များစွာ ထိတွေ့ရသည်။ဆိုရှယ်မီဒီယာရဲ့ အသုံးချခံ အဖြစ်မှ ဆိုရှယ်မီဒီယာကို အသုံးပြုကာ ကိုယ်အတွက်အရေးကြီးသော အချက်အလတ်တို့ကို စုမိဆောင်းမိကာ ကိုယ်ကျိုးအတွက် အသုံးပြုနိုင်ခဲ့သည်။ငယ်စဉ်အခါ ဂိမ်းဆော့ဖို့လောက်သာ လိုင်းသုံးတတ်သော ကျွန်တော်သည် ကြီးရင့်လာသောအခါ မိမိတိုးတက်ဖို့ရာ အွန်လိုင်းသင်တန်းများလိုက်တတ်ခဲ့သည်။
အွန်လိုင်းသင်တန်းများတတ်သည်အခါ ကျွန်တော်သည်အချို့သော စကားများကို လက်ခံခဲ့သည်။ဤသည်မှာ ''ပညာကို သင်ယူလိုစိတ် ရှိပါက မည်သည့်နေရာမှာ မဆို သင်ယူနိုင်သည်''ဖြစ်သည်။အခြားသူများအတွက် ဤစကားဟာ မည်မျှ မှန်သည်ကို မသိရသော်ငြား ကျွန်တော်အတွက် ရာနှုန်းပြည့်နည်းပါးမှန်ပါသည်။အကယ်လိုများ ကျွန်တော်သာ သင်ယူလိုစိတ် မရှိပဲ အွန်လိုင်းသင်တန်းများ မတက်မိပါက အခုကဲ့သို့ အသူ့အတိုင်းသူအထွာနှင့် ကောင်းမွန်သော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားမည်မဟုတ်ပါ။
အွန်လိုင်းက စတင်၍ သင်တန်းမှာ တက်သောအခါ ကျွန်တော်ယုံကြည်မိပါသည်။ဘယ်နေရာ၊ဘယ်ဒေသမဆို ကိုယ်သင်ယူချင်ပါက အသစ်သစ်သော ပညာရပ်တို့ကို သင်ယူနိုင်ကြောင်း၊ဘယ်နေရာကနေ သင်ယူတာဖြစ်ဖြစ် ဤသည်လည်း ပညာဖြစ်ကြောင်း သတိပြုမိပါသည်။အွန်လိုင်းသင်တန်းများတက်သောအခါ သင်ယူပုံသည် ကျွန်တော် သင်ယူခဲ့ပုံနဲ့ များစွာ ကွာခြားပါသည်။ကျွန်တော်အနေနဲ့ ကွာခြားချက်ဖြစ်ပေါ်ရသည်မှာ လက်နဲ့ချပြီး အလွတ်ကျက်သော ပုံစံမှ မှတ်စုတိုကို နားလည်အောင် မှတ်ပြီး ပြန်လည်အသုံးချသော ပုံစံသို့ ပြောင်းလဲသောကြောင့် ဖြစ်သည်။
အွန်လိုင်းသင်ကြားရေးတို့တွင် ကျွန်တော်အနေနဲ့ မလိုအပ်ဘူးထင်ခဲ့သော ပေါင်းသင်းဆက်ဆံရေးသည်လည်း အရေးကြီးသင့်လောက် အရေးကြီးသည်။အကြောင်းမှာ အွန်လိုင်းသင်တန်းတစ်ခုတွင် လူပေါင်းများစွာတက်ရောက်နိုင်သည်။တက်ရောက်လာသိ လူများသည်လည်း ကိုယ်နယ်ပယ်နှင့်ကိုယ် ကျွမ်းကျင်ကြသည့် လူများဖြစ်ကာ ကျွန်တော်တို့ အနေနဲ့ အခွင့်အလမ်းသစ်များ၊နယ်ပယ်သစ်များ စူးစမ်းနိုင်သောကြောင့်ဖြစ်သည်။တစ်ခါတလေ အွန်လိုင်းသင်တန်းများတွင် ပူးပေါင်းလုပ်ရသော ပရောဂျက်များကြောင့်လည်း ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးလှသည်။အုပ်စုဖွဲ့ ပရောဂျက် တင်ပြမှုတို့ လုပ်ရာ ကိုယ်အနေနဲ့ ဘယ်လောက်သိသလဲ၊ဘယ်လောက်နားလည်သလဲ စတဲ့ အချက်များကိုချပြခြင်း အပြင် မိမိတို့ရဲ့အားနည်းချက်၊အားသာချက်တို့ကိုပါ ဆန်းစစ်နိုင်ခဲ့သည်။အရင်က မိမိအကောင်း၊အဆိုးကို မသိပဲ ငါ့မြင်း ငါ့စိုင်း စစ်ကိုင်းပဲရောက်ရောက် ဘဝမှ လိုအပ်တဲ့ အားသာချက်၊အားနည်များကို အမြဲတစ်စေ ဆန်းစစ်ကာ လိုအပ်သောနေရာ၌ လိုက်ဖြည့်သော သူအဖြစ်ပြောင်းလဲခဲ့သည်။
ဒါတွေအပြင် တစ်ဦး၊တစ်ယောက်ချင်းစီရဲ့ မတူညီသော အတွေးအမြင်တွေကို သိခွင့်ရတဲ့အပြင် မတူကွဲပြားယူဆချက်၊ခံယူချက်တို့ကို နားလည်လက်ခံဖို့ရာ အချို့သော အွန်လိုင်းသင်တန်းများ ဆီက သင်ယူခဲ့ရသည်။ကျွန်တော့်အထင် အွန်လိုင်းသင်တန်းအချို့၏ ထူးခြားချက်မှာ တစ်ဦးအတွေးအမြင်၊အယူအဆကို လေးစားကာ နားလည် လက်ခံပေးခြင်းဖြစ်ပေလိမ့်မည်။ကျွန်တော်သည် အွန်လိုင်းသင်တန်းများတတ်ပြီးနောက် အချို့သော အကြောင်းအရာ၊မတူကွဲပြားမှုရှိသော လူများ၊မတူညီသော အယူအဆများကို လေးစားပြီး နားလည်လက်ခံနိုင်ခဲ့ပါသည်။ထိုအပြင် မတူကွဲပြားသော လူများအတွက် အားမငယ်စိတ်ကင်းစေဖို့ supporting ပါ လုပ်တတ်သော လူငယ်တစ်ဦးအဖြစ်ပြောင်းလဲ ခဲ့ပါသည်။
အွန်လိုင်းသင်တန်းတို့ ကြားလိုက်လျှင် လူအများစုစိတ်ထဲ ''သိပ်မထိရောက်ပါဘူး''ဆိုတဲ့ စိတ်သဘောရှိတတ်သည်။ဟုတ်၏။မိမိ၏ ကိုယ်နှင့်စိတ်ကို သင်ကြားနေတဲ့ အချိန်အတွင်း အာရုံမစိုက်နိုင်လျှင် ဘယ်သင်ကြားရေးမဆို မထိရောက်ပါပေ။အကယ်၍ အာရုံစူးစိုက်၍သာ သင်ကြားမယ်ဆိုလျှင် သင်ကြားရေး ရုပ်ပုံကလေးဆီကပင် သင်ယူလိုက်ရနိုင်လောက်သည်။ထိုကြောင့် အွန်လိုင်းသင်တန်းများတတ်ရန် ကိုယ်ကိုယ်ကို ထိန်းချုပ်ဖို့ရာ ဦးစွာ ပြောင်းလဲ သင်ယူခဲ့ရသည်။သို့မှသာ ကျွန်တော်သင်ကြားရေးလမ်းသည် အာရုံစူးစိုက်မှု ကောင်းမည် မဟုတ်ပေလား။
အွန်လိုင်းသင်တန်း မတက်ခင်နှင့် တက်ရောက်ပြီးပြီဖြစ်သော ကျွန်တော်သည် များစွာ ကွာခြားလျက်ရှိသည်။အချို့သော သစ်လွင်သည့် အတွေးအခေါ်များ အလိုက် သစ်လွင်သော လုပ်ဆောင်ချက်တို့က ကပ်ပါလာခဲ့သည်။ကောင်းမွန်သောလုပ်ဆောင်မှု အသစ်ဖြစ်ပေါ်စေရန် ကောင်းမွန်သော အတွေးအခေါ်တို့ လိုအပ်သည်။အတွေးအခေါ်ကောင်းများ ရှိနေစေရန်လည်း လူတို့သည် ခေတ်နှင့်အပြိုင် ပြောင်းလဲနေမှ ရမည်။
ကျွန်တော်သည်လည်း ကျွန်တော်စံနှုန်းအလိုက် ကောင်းမွန်သောအတွေးအမြင်တို့ ပြောင်းလဲနေပါသည်။ထိုသို့ပြောင်းလဲနိုင်စေရန် အသိအမြင်တွေကို ဘေးနားက လက်လှမ်းမီသော အွန်လိုင်းအခမဲ့ သင်တန်းများဆီမှ အရယူနေပါသည်။
ခင်မင်စွာဖြင့်
သစ်တိုင်းမွှေး
Keep Reading