Reviews by Benevolent
Ernest Hemingway ရဲ့ နေ့တိုင်းလုပ်တဲ့ အလေ့အထက မနက် ၆ နာရီခွဲလောက်မှာ နိုးထပြီးမတ်တပ်ရပ်ကာ စာရေးလေ့ရှိပါတယ်။ သူက မနက်ခင်းအချိန်ဟာ စိတ်ကူးစိတ်သန်းအကောင်းဆုံးအချိန်လို့ ယုံကြည်သူတစ်ဦးလည်းဖြစ်တယ်။ "မနက်ခင်းမှာ စာရေးပါ၊ ပြီးရင် တစ်နေ့တာလုံး ကိုယ့်ကိုယ်ကို ချီးမွမ်းလို့ရအောင်ထားပါ" လို့ အကြံပေးဖူးပါတယ်။ Ernest Hemingway ရဲ့ စာရေးသားနေထိုင်မှုပုံစံဟာ စာဖတ်ပရိသတ်တွေကြားမှာ အထူးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုရှိတယ်။အဲ့ဒါက Hemingway ဟာ မတ်တတ်ရပ်ပြီး စာရေးရတာကို နှစ်သက်သူအဖြစ် ကျော်ကြားပါတယ်။ ဒါကြောင့် သူသုံးတဲ့ ခုံဟာလည်း သာမန်စာရေးခုံတွေနဲ့ အတော်လေး ကွဲပြားပါတယ်။
ရိုးရိုးစားပွဲခုံ (ဒါမှမဟုတ်) စာရေးခုံကို သုံးလေ့မရှိဘူး။
High-standing Desk လို့ခေါ်တဲ့ အမြင့်စားပွဲ ( ဒါမှမဟုတ် စာအုပ်စင်ရဲ့ အပေါ်ဆုံးကပ်တိုင်ကို စာရေးတဲ့နေရာအဖြစ် အသုံးပြုလေ့ရှိတယ်။သူ့ရဲ့ နာမည်ကျော် နေအိမ်ဖြစ်တဲ့ Key West မှာရှိတဲ့ အိမ်မှာ သူ့ရဲ့စာရေးခုံဟာ မြင့်ပြီး မတ်တပ်ရပ်ရေးဖို့ သင့်တော်အောင် ဒီဇိုင်းလုပ်ထားပါတယ်။လက်နှိပ်စက် (typewriter )ကို လည်းအမြင့်စားပွဲပေါ်မှာ တင်ပြီး ရေးလေ့ရှိတယ်။တစ်ခါတရံမှာတော့ သူ့ရဲ့ notebook ဒါမှမဟုတ် စာအုပ်ကိုစင်မြင့်ပေါ်တင်ကာ ခဲတံနဲ့ ရေးသားတယ်။
Hemingway ဟာ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ လက်ဝှေ့ထိုးခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို နှစ်သက်သူဖြစ်တယ်။ သူက စာရေးခြင်းကို ထိုင်ပြီး လုပ်ရတဲ့ သိမ်မွေ့နူးညံ့တဲ့ အလုပ်တစ်ခုလို့ မမြင်ဘဲ တက်ကြွ ပြင်းထန်ပြီး စိန်ခေါ်မှုရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုလိုမျိုး ခံစားချင်ခဲ့တာပါ။ မတ်တပ်ရပ်ရင်း စာရေးတာဟာ သူ့ကို ပိုပြီး စွမ်းအင်ပြည့်ဝတဲ့ ခံစားမှုပေးတယ်၊စာကို ပိုမိုတိုက်ရိုက်ကျကျ၊ အားပါပါနဲ့ ရေးသားနိုင်စေတယ်လို့ သူယုံကြည်ခဲ့တယ်။Hemingway မှာ နာတာရှည် ကျောရိုးနာကျင်မှု ပြဿနာရှိခဲ့ဖူးတယ်လို့ဆိုတယ်။ထိုင်ပြီး အချိန်အကြာကြီး စာရေးရတာဟာ သူ့အတွက် ကျောအန္တရာယ်ဖြစ်စေနိုင်ပြီး နာကျင်မှုကို ပိုဆိုးစေနိုင်တယ်။မတ်တပ်ရပ်ပြီး ရေးတဲ့အခါမှာ ခန္ဓာကိုယ်က ပိုပြီးတော့ မတ်မတ်ရှိပြီး ကျောရိုးပေါ်ကို ဖိအားလျော့နည်းစေကာ သက်တောင့်သက်သာပိုရှိစေတာကြောင့်လို့လည်း ပြောလို့ရတယ်။မတ်တပ်ရပ်နေရင်းရေးတဲ့အခါ ခြေထောက်နာကျင်မှုက သူ့ကို ပိုမိုတိုတောင်းပြီး ထိရောက်တဲ့ စာကြောင်းတွေကို ရေးဖွဲ့ဖို့ အတင်းအကျပ် တွန်းအားပေးရာရောက်တယ်လို့ယုံကြည်သူတစ်ဦးလည်းဖြစ်တယ်။သူ့မှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ထိုင
Unlock to read this premium article with 100 points.