Yip( ရစ်ကြိုးငယ်)

၁၁.၉.၂၀၂၅ အပြင်မာစကားမပြောဖြစ်သည်က ၁နှစ်၃လနဲ့၇ရက် ၁၀.၉.၂၀၂၅ မာလက်ဆောင်လေးတစ်ခုပေးမိပြန်တယ် မပေးဘူးလို့တွေးမိပြန်လျှင်လည်း အဖုံဖုံသောတွန်းအားများကြောင့်ပေးမိပြန်လေသည်။ကိုယ့်ဘက်ကမာနတစ်ထစ်လျှော့ခဲ့မိပြန်သည်။ထိုနည်းတူစွာ ကျတော့၏သူငယ်ချင်းဘက်မှလည်း အတ္တတစ်ထစ်လျှော့ခဲ့လေသည်။အမှန်ဆိုသူကျတော့ကိုယ်မုန့်လာပေးပြီး စိတ်မဆိုးနဲ့တော့နော်လို့ပြောတော့ ငါ့သူငယ်ချင်းကမာနကြီးလွန်းသူဖြစ်တာကို ဘာလို့မြန်းအဲလိုလာပြောနေတာလဲပေါ့။ကိုယ်လည်းသူ့ကိုစကားပြောဖို့တွေးခဲ့ပါတယ်။တွေးခဲ့ဖူးတယ်ပေါ့ သို့ပေမယ့်စိတ်သည် ဆန္ဒဖြစ်ပြီး ဦးနှောက်သည်မာနဖြစ်လေသည်။ကိုယ်တို့သူငယ်ချင်းနှစ်ယောက်ကိုစကားပြောဖို့ ကျန်တဲ့သူတွေက တိုက်တွန်းပြန်လေတော့ စကားပြန်ပြောဖြစ်ခဲ့ပြီဆိုပြန်လေမည်။နှစ်နှစ်ခန့်မခေါ်မပြောဖြစ်ခဲ့သည့်အားလျော်စွာ ကျတော့သူငယ်ချင်းကိုမကြည့်ရဲပါ ကျတောတို့သူငယ်ချင်းနှစ်ယောက်စကားပြောနေတဲ့အချိန်တစ်ပါးသူတွေရဲ့မျက်လုံးကို လည်းမကြည့်ဝံ့ခဲ့ပါချေ။သို့ဖြစ်၍သူငယ်ချင်း၏ဝဲဘက်ပုခုံးပေါ်မျက်နှာအပ်၍သာစကားဆိုမိသည်။နှုတ်မှမည်သို့သောစကားများထွက်သွားမည်နည်းမသိပါ။တကယ်သူငယ်ချင်းဆီသို့မျက်နှာအပ်လိုက်မိသည့်အခါဝယ် ဝမ်းနည်းသောစိတ်သည် လှိုက်တက်လာခဲ့၍မျက်ရည်စက်တို့မစီးဆင်းစေဖို့ရန်နှင့် အသံတို့ အဖျားမခတ်သွားစေရန်အထူးသတိပြုခဲ့ရသည်ကို သူငယ်ချင်းက သိလေမလား။''ပြန်ခေါ်မာလား နင်ကစမခေါ်တာလေ''ဟုပြောခဲ့သည်ကိုသာကျတောမှတ်မိသည် ရုပ်ကြမ်းကြီးနဲ့နွဲ့သည်ဆိုဆိုမည်သို့ပင် ဆိုဆို ကျတော့တွင်ကောင်းစွာချင့်ချိန်နိုင်စွမ်းမရှိခဲ့ပါ။ကျတောတို့နှစ်ယောက်မခေါ်ဘဲမနေဖို့အတွက် ကလေးဆန်စွာ လက်သန်းချိတ်ကတိပြုခြင်းအမှုကို အဘယ်သို့ကြောင့်ပြုခဲ့ပါသနည်းမသိပါချေ။စကားပြောဖြစ်ခဲ့ပါသည်သို့သော်ငြားအနည်းငယ်ခန့်သာ။ကျတောသည်သူမ၏မျက်နှာကိုမကြည့်ဝံကြောင်းအတည်အလင်းပြောခဲ့မိလေသည်။ထို့အတူ သူမကိုလည်းမကြေပါ။စိတ်ဆိုးမပြေပါ။အဘယ်သို့ကြောင့်ကျတော့ကို မယုံကြည်ခဲ့ရပါလဲလို့မေးချင်ပေမယ့်နှုတ်မာမူကား စေ့စေ့သာပိတ်လျက်နေ၏။စုံဆန်စိဆိုသော ကစားနည်းကိုမကစားမီ သူငယ်ချင်းပြောသည်ကသူမ၏သူငယ်ချင်းသည် သူမကျ တော့ကိုမခေါ်၍စိတ်ဆိုးနေသည်ဟုပြောလေသည်။ထို့အခြင်းအရာသည် မည်သို့သော ဘူတာသို့ဆိုက်ရောက်လိုသည်မသိပေမယ့် ကျတော၏ အတွေးထဲတွင် ရဟတ်တစ်စင်းပမာလည်နေခဲ့ပြန်လေသည်။ဝဲဘက်ရင်အုံသည် stressများစုဆောင်းမိခဲ့သည်နှင့် ပေါင်းစု၍ အောင့်တတ်လာပြန်သည်။နောက်နေ့မနက်ဝယ် စကားများလည်းမဆိုဖြစ်ပေ။ပုံမှန် စကားမပြောခဲ့ဖူးသည် နေ့ပမာ ဖြတ်သန်းရပြန်သည်။အမှန်ဆို စကားမပြောဖြစ်ခဲ့သည့်အချိန်ကိုသာ နှစ်ခြိုက်မိလေသည်။နေသားကျလာသည်ဟုဆိုရမည်။ယခုမူကား တမင်သက်သက် တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုနေခြင်းကိုအထင်းသားပေါ်လွင်စေသည်။ကျတောသည် ငြိမ်ငြိမ်နေတတ်သည့်သူမဟုတ်သည့်တိုင် သံဘူးဖြင့်ထုတ်ပိုးထားသော အချိုရည်ကိုသောက်ပြီးလျှင်ဘူး၏သံပြားတို့အားခွဲလေရာ သံပြားရှ၍သွေးတို့ထွက်လာလေ၏။ကိုယ်တိုင်ကမသိချင်ယောင်ဆောင်ခဲ့သော်လည်း ဘေးနားကအမသည် အသဲပိုစွာစိုးရိမ်သောငှာ အော်ဟစ်ကြပြန်သည်။သွေးထွက်လွန်တတ်သည့်သူအမျိုးအစားထဲကမို့သွေးတို့သည် အဆက်မပြတ်ကျဆင်းရာထိုသူငယ်ချင်းအား အကူအညီတောင်းရပြန်သည်။ဂရုစိုက်ရှာပါသည် မတ်တပ်လေးရပ်ရင်းပေါ့။သွေးထွက်လျှင်သွေးကိုပိုမိုထွက်စေရန်လုပ်ဆောင်ရမကျေနပ်သောသူမို့ သူငယ်ချင်းငေါက်တာခံခဲ့ရပြန်သည်။ ထိုသို့ငေါက်သောအသံကိုမကြားရသည်မှာကြာမြင့်နေလေပြီမို့အမှန်ကျေနပ်မိပြန်သည်။တိုက်တွန်းပေးသော သူများအားကျေးဇူးတင်မိလေပြန်လေသည်။သို့သော် ဤအခြေအနေကိုသဘောမကျသည်မာလည်းအမှန်ဖြစ်၏။မခေါ်သည်ကပိုကောင်းသည်ဟုသာထင်မှတ်၏။ဟိုအရင်လိုပြန်မဖြစ်တော့မည့်နည်းတူ သူငယ်ချင်းမဖြစ်တော့ဘဲသူစိမိးတွေအနေနဲ့သာနေခြင်းကကောင်းမည်ဟုသာတွေးထင်မိလေ၏။.....အမှန်တကယ်တကယ်ကျတော်သည် အရင်အချိန်တွေကိုပြန်လိုချင်ရုံသာ ဖြစ်ပေသည်။
Yip
#13.9.2025
Keep Reading