Author's Profile Photo

the IX

17/03/2025

ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19

10 mins read
Entertainment
Creative

📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚

၁၉.

၁ ။

လရိပ် ထူးသစ်ပိုင်ကိုစာရှင်းပြပေးနေရင်း အိပ်မက်ထဲတွင် ထူးသစ်ပိုင်ထံမှရခဲ့သောထင်းရှူးအနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသောကြောင့် လန့်သွားကာ အသက်ရှုအောင့်ကာ ထူးသစ်ပိုင်ကိုဖြတ်ကနဲကြည့်လိုက်မိသည် ။ ထူးသစ်ပိုင်က အေးအေးဆေးဆေးပင်စာကူးနေသောကြောင့် စိတ်အေးသွားသော်လည်း ရင်ထဲတွင်တလှပ်လှပ်ဖြစ်လာကာ ထိုပေါက်ကရအိပ်မက်ကို ​ရုတ်တရက်ပြန်မြင်ယောင်လာမိသည် ။ ထို့အတူ ခန္ဓာကိုယ်ကလည်း သိသိသာသာခံစားချက်ပြောင်းလာသောကြောင့် ထူးသစ်ပိုင်နှင့်အနည်းငယ်ဝေးအောင် ခန္ဓာကိုယ်ကိုရွှေ့လိုက်သည် ။ မိမိ၏ထိုအပြုအမူက ရုတ်တရက်ဆန်သွားသောကြောင့်ထင်သည် ။ ထူးသစ်ပိုင်က စာကူးနေရာမှမော့ကြည့်လာသည် ။ ဤသို့မော့ကြည့်လာသော ထူးသစ်ပိုင်၏မျက်လုံးများက သမင်မျက်လုံးကဲ့သို့ တလက်လက်တောက်ပနေသည့်အပြင် တံတွေးမြိုချလိုက်တိုင်း ထင်ရှားနေသည့်ထူးသစ်ပိုင်၏လည်ဇလုတ်က လှုပ်ရှားသွားသောကြောင့် အာခေါင်ခြောက်ကာ ရေသောက်ချင်လာသည် ။ ထို့ကြောင့် ထူးသစ်ပိုင်ထံမှ အကြည့်လွှဲလိုက်ပြီး

" ကူးထားနှင့် ..... ငါအိမ်သာခဏလောက်သွားလိုက်အုံးမယ် "

ဟု ပြောကာ ထူးသစ်ပိုင်အနားမှ ထလာခဲ့လိုက်သည် ။

၂ ။

လရိပ် အခြားရွယ်တူတန်းတူများကဲ့သို့ပင် လူပျိုဖော်ကောင်းကောင်းဝင်ခဲ့ပြီး သွေးသားဆန္ဒများရှိခဲ့ဖူးသော်လည်း တစ်ကြိမ်တစ်ခါမှပင် ယခုလိုရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ဖူး ။ ထို့ကြောင့် ဆန္ဒပြည့်ဝသည့်စိတ်ထက် အားနာသည့်စိတ်တို့က တစ်ကိုယ်လုံးကိုဖုံးလွှမ်းနေတော့သည် ။ ထိုစိတ်ကြောင့်လည်း အချိန်တိုအတွင်း၌ ပြည့်ဝရမည့်မိမိဆန္ဒသည် အချိန်အနည်းငယ်ကြာသည်အထိ မပြည့်ဝပဲဖြစ်နေသည် ။ အိမ်တွင်ဆိုလျှင် ဤကိစ္စက အရေးမကြီးသော်လည်း ယခုကမူ ထူးသစ်ပိုင်ကိုစာရှင်းပြလက်စဖြစ်သည့်အပြင် အချိန်အတော်ကြာအောင် အိမ်သာထဲသို့ဝင်နေပါက ထူးသစ်ပိုင်ရိပ်မိသွားမည်စိုးသောကြောင့် တစ်ဝက်တစ်ပျက်နှင့်ပင် အိမ်သာထဲမှ ပြန်ထွက်လာခဲ့လိုက်သည် ။

ထူးသစ်ပိုင်ရှိရာဆီသို့ရောက်သောအခါ ထူးသစ်ပိုင်က စာကူးပြီး၍ အိပ်ချင်ပြေစားရန်ချထားသောရှောက်သီးဆေးပြားကို ပဲကြီးလှော်ဝါးသကဲ့သို့ အားရပါးရစားနေသည် ။ ထို့ကြောင့် ထူးသစ်ပိုင်နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး

" ရာသီဥတုကပူနေပြီနော် ..... အချဥ်တွေကြည့်စားအုံး ..... ဝမ်းပျက်မယ် "

ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က ဤစကားကို

" အေးဆေးပါ "

ဟု တုံ့ပြန်ပြီးမှ မိမိကိုကြည့်ကာ

" မင်းနေမကောင်းဘူးလား လရိပ်အေး ..... မျက်နှာကနီနေတယ် ..... ပြီးတော့ ချွေးစေးတွေလည်းထွက်နေတယ် ..... မှန်းစမ်း "

ဟူ၍ ပြောပြီး မိမိနဖူးပေါ်သို့ လက်တင်ကြည့်ရန်ပြင်သည် ။

ထူးသစ်ပိုင်နှင့်အသားချင်းထိမိပါက မနည်းထိန်းထားရသောမိမိ၏စိတ်တို့ လွတ်ထွက်သွားမည်စိုးသဖြင့် ရှောင်လိုက်ပြီး

" ငါ့ကိုပူမနေနဲ့ ..... ကိုယ့်ကိုယ်ကိုယ်သာပူစမ်းပါ "

ဟု ပြောလိုက်သည် ။

၃ ။

လရိပ်အေးရှင်းပြသည့်စာများသည် ထူးသစ်သိထားပြီးသားစာများဖြစ်သော်လည်း မိမိစာနားထောင်မှ လရိပ်အေးပိုက်ဆံရပြီး လရိပ်အေးတို့မိသားစု၏အကြွေးကိစ္စပြေလည်မည်ဖြစ်သောကြောင့် ပျင်းနေသော်ငြား ထိုင်၍နားထောင်နေလိုက်သည် ။ ဤသို့နားထောင်နေစဥ် မိမိ၏အဒေါ်အကြီးဆုံးဖြစ်သူက အနားသို့ရောက်လာပြီး

" သားတို့ ထမင်းစားမယ် "

ဟု ပြောသည် ။ ထို့ကြောင့်

" သားမစားတော့ဘူး ကြီးမေ ..... လရိပ်အေးကိုပဲကျွေးလိုက်တော့ "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လရိပ်အေးက ပြာပြာသလဲနှင့်

" ကျွန်တော်လည်းမစားတော့ဘူး ကြီးကြီး "

ဟု ငြင်းဆန်သည် ။ လရိပ်အေးကငြင်းသောကြောင့် အဒေါ်အကြီးဆုံးဖြစ်သူက မျက်နှာမကောင်းဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် လရိပ်အေးကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး

" အားမနာပါနဲ့ ..... စားသွားလိုက်ပါ လရိပ်အေးရာ ..... ကြီးမေက မင်းအတွက်ပါပိုချက်ထားတာ ..... မင်းမစားရင်စိတ်မကောင်းဖြစ်လိမ့်မယ် "

ဟု ပြောလိုက်သည် ။ ထိုအခါမှ လရိပ်အေးက အီလည်လည်နှင့်ခေါင်းညိတ်ကာ

" ဒါဆိုလည်းစားလိုက်မယ်လေ "

ဟု ပြောသည် ။ ထို့ကြောင့် အဒေါ်အကြီးဆုံးဖြစ်သူအား လှမ်းကြည့်လိုက်ပြီး

" ကြီးမေစိတ်ချမ်းသာလိုက်တော့ "

ဟု စလိုက်သည် ။

၄ ။

ထူးသစ်ပိုင်က ညစာမစားသော်လည်း မိမိထမင်းစားသည်ကို လိုက်စောင့်ပေးသဖြင့် လရိပ် ထမင်းစားရသည်မှာ စိမ်းသက်သက်မဖြစ်တော့ပဲ အနည်းငယ်စိတ်သက်သာရာရသွားသည် ။ ထို့ကြောင့် ထူးသစ်ပိုင်ထည့်ပေးသမျှဟင်းများကို မငြင်းဆန်ပဲ ယူစားလိုက်သည် ။

ထူးသစ်ပိုင်က မိမိစားသည်ကို ထိုင်ကြည့်နေရင်းက

" လရိပ်အေး "

ဟု ခေါ်သည် ။

" အင်း "

ဟု ပြန်ထူးလိုက်သောအခါ

" အေးတိအေးစက်ပုံစံနဲ့မနေစမ်းပါနဲ့ ..... စောစောကလို စကားများများပြောပြီး သွက်သွက်လက်လက်နေစမ်းပါ "

ဟူ၍ ပြောသည် ။ ထူးသစ်ပိုင်ပြောသည့် ထိုပုံစံအတိုင်း မိမိတစ်သက်နှင့်တစ်ကိုယ်မနေခဲ့ဖူးသောကြောင့် ထူးသစ်ပိုင်ကို မျက်လုံးပြူးကြည့်လိုက်ပြီး

" ပေါက်ကရတွေလျှောက်ပြောမနေစမ်းနဲ့ ထူးသစ်ပိုင် "

ဟု ပြောလိုက်သည် ။

သို့သော် ......
ထူးသစ်ပိုင်က မိမိစကားကို အရေးမလုပ် ။

" တွေ့လား ..... တွေ့လား ..... အခုလိုပုံစံကိုပြောတာ "

ဟု ထပ်ပြောသဖြင့် ခေါင်းရမ်း၍စားလက်စထမင်းကိုသာဆက်စားနေလိုက်တော့သည် ။

၅ ။

ညစာစားပြီးသောအခါ ထူးသစ်ပိုင်က စာဆက်လုပ်ရန်စိတ်မပါတော့ ။

" ဖြည်းဖြည်းသင်တော့ပိုမှတ်မိတာပေါ့ လရိပ်အေးရ "

ဟု ဆိုကာ ဝတ္ထုထိုင်ဖတ်နေသည် ။ ထူးသစ်ပိုင်နေရာတွင် လေပြေဆိုလျှင် ခပ်စပ်စပ်လေးရိုက်လိုက်ပြီးပြီဖြစ်သည့်အပြင် ဤကဲ့သို့ အပျင်းကြီးတတ်လွန်းသောထူးသစ်ပိုင်သည် ယခင်က ပဲခူးဒီဂရီကောလိပ်၌ တစ်တန်းလုံးတွင်အတော်ဆုံးကျောင်းသား မည်သို့ဖြစ်ခဲ့မှန်း လရိပ် စဥ်းစား၍ပင်မရသောကြောင့် ထူးသစ်ပိုင်နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပြီး

" ဒါဆို ..... ငါပြန်တော့မယ် "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က နာရီကိုလှမ်းကြည့်ပြီး

" ရှစ်နာရီပဲကျော်နေပြီ ..... မိလေပြေနဲ့မှအတူပြန်လိုက်တော့လေ.....မဟုတ်ရင် ခဏခဏ သွားလိုက်ပြန်လိုက်နဲ့ "

ဟု ပြောသည် ။

ထူးသစ်ပိုင်နှင့် ကောင်းကောင်းစကားပြောဖြစ်သည်မှာမကြာသေးသော်လည်း ထူးသစ်ပိုင်ပြောသမျှစကားတိုင်းကို နာခံလိုသည့်စိတ်က ရံဖန်ရံခါတွင် ပေါ်ပေါက်လာသောကြောင့် ယခုလည်း မငြင်းတော့ပဲ ခေါင်းသာညိတ်ပြလိုက်မိသည် ။

၆ ။

ထူးသစ် လရိပ်အေးကို မကြာခဏသွားလိုက်ပြန်လိုက်လုပ်နေလျှင် အလုပ်ရှုပ်မည်စိုးသောကြောင့် ဆွဲထားမိပြီးသောအခါမှ လရိပ်အေးမပျင်းစေရန် မည်ကဲ့သို့စကားစရမည်ကိုမသိဖြစ်နေမိသည် ။ ထို့ကြောင့် ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး

" သီချင်းနားထောင်မလား လရိပ်အေး ..... ရေဒီယိုသီချင်းလာတော့မယ် "

ဟု မေးလိုက်သည် ။ လရိပ်အေးက

" မင်းပျင်းနေရင်ဖွင့်လေ "

ဟု အဖြေပေးသောကြောင့် ခေါင်းညိတ်၍ ရေဒီယိုကို ဖွင့်လိုက်သည် ။ မိမိထင်ထားသလိုပင် ရေဒီယိုမှ မေရှင်နှင့်အေဝမ်းတင်မောင်သီဆိုထားသော ' ရုန်းတော်လွှတ်တော် ' သီချင်းကလာနေသဖြင့် မိမိတို့နှစ်ကိုယ်စာကြားနိုင်ရုံလောက်သာအသံကိုကျယ်ထားလိုက်ပြီး လရိပ်အေးကို

" ဒီလိုင်းဆိုအဆင်ပြေတယ်မဟုတ်လား "

ဟု မေးလိုက်သည် ။

၇ ။

ထူးသစ်ပိုင်က ရေဒီယိုဖွင့်ပြီး ရေဒီယိုမှလာသောသီချင်းကို ခပ်တိုးတိုးလိုက်ညည်းနေသဖြင့် လရိပ် ထူးသစ်ပိုင်ကိုမသိမသာခိုးကြည့်လိုက်ပြီး

" သီချင်းကိုအဲ့ဒီလောက်တောင်ကြိုက်တာလား "

ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က မိမိစကားကို

" ဟမ် "

ဟု ပြန်တုံ့ပြန်ပြီးမှ အေးချမ်းစွာပြုံး၍

" ကြိုက်တယ် ..... ဘောလုံးသမားမဟုတ်ပဲတခြားဖြစ်ချင်တဲ့ဆန္ဒဆိုရင် အဆိုတော်ဖြစ်ချင်တယ် "

ဟူသော အဖြေကိုပေးသည် ။ ထူးသစ်ပိုင်၏သီချင်းဆိုသံကို တစ်ခါသာကြားဖူးရသေးသော်လည်း ထူးသစ်ပိုင်၏အသံက အမှန်တကယ်ပင်ကောင်းသောကြောင့်

" အဲ့ဒါများ ..... ကျောင်းက ဆိုကရေးတီးအဖွဲ့ထဲဝင်လိုက်ရင်ပြီးနေတာကို "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် ထူးသစ်ပိုင်က ရယ်ကြဲကြဲနှင့်ခေါင်းကုတ်ကာ

" အခုတောင်မအားတာ ..... ဆိုကရေးတီးထဲဝင်လိုက်ရင် ယားလို့တောင်ကုတ်နိုင်မှာမဟုတ်ဘူး ..... ပြီးတော့ ..... မင်းနဲ့ Roll 1 နေရာလည်းပြိုင်လုနိုင်မှာမဟုတ်ဘူး "

ဟု ပြောသည် ။ ထို့ကြောင့် မျက်စောင်းထိုးလိုက်ပြီး

" အရှက်ကိုမရှိဘူး "

ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က တုံ့ပြန်စကားမဆိုပဲ ရယ်ရုံသာရယ်ပြသောကြောင့် ရှက်သွားကာ ထူးသစ်ပိုင်ချထားသောစာအုပ်ကို ကောက်ယူလိုက်သည် ။

၈ ။

ထူးသစ် မူလက လရိပ်အေးနှင့်အပေါင်းအသင်းလုပ်ရန် အနည်းငယ်တွန့်မိသော်လည်း စကားပြောကြည့်လေ လရိပ်အေး၏အူတူတူပုံစံကိုသဘောကျလေဖြစ်သောကြောင့် လရိပ်အေးမိမိအားစကားပြောလာအောင် နည်းလမ်းအမျိုးမျိုးနှင့် ထိုင်စနေမိသည် ။

လရိပ်အေးကမူ ဤသည်ကိုသိဟန်မတူ ။ မိမိဖတ်လက်စစာအုပ်ကိုလှန်ကြည့်ပြီး

" ဖတ်စရာစာအုပ်ရှားလို့ ..... ကမ္ဘာ့အလံများစာအုပ်ကိုဖတ်ရတယ်လို့ "

ဟု ဝေဖန်သည် ။ ထို့ကြောင့် လရိပ်အေးကိုကြည့်လိုက်ပြီး

" လူတစ်ကိုယ်အကြိုက်တစ်မျိုးပဲကို ငါဖတ်ချင်တာဖတ်မှာပေါ့ ..... မင်းကျအချစ်ဝတ္ထုတွေဖတ်ပြီးတော့ "

ဟု ပြောလိုက်သည် ။ ဤစကားကို လရိပ်အေးက

" ဒါပေမဲ့ ..... မင်းဟာကပျင်းစရာကြီးကို "

ဟု တုံ့ပြန်သည် ။ ပြီးမှ

" မင်းကသမိုင်းကိုဒီလောက်စိတ်ဝင်စားနေတာ ..... ဘာဖြစ်လို့မြန်မာစာမေဂျာကိုရောက်လာတာလဲ "

ဟု မေးလာသည် ။ ဤမေးခွန်းကို လူအတော်များများထံမှ ကြားဖူးပြီးပြီဖြစ်သည့်အပြင် ဟုတ်မှန်သည့်အဖြေနှင့်မဟုတ်မှန်သည့်အဖြေများကိုလည်း ဖြေပေးပြီးပြီဖြစ်သောကြောင့် လရိပ်အေး၏မေးခွန်းကို အလွယ်တကူအဖြေပေးလိုက်နိုင်သော်လည်း ယနေ့မှ မိမိမြန်မာစာမေဂျာယူရသည့်အဓိကအကြောင်းအရာကို လရိပ်အေးအားပြောပြလိုစိတ်ပေါ်နေသည် ။ ထို့ကြောင့်

" ငါသဘောကျတဲ့အစ်မက မြန်မာစာမေဂျာကမို့လို့ငါလည်းမြန်မာစာမေဂျာယူလိုက်တာ "

ဟု အမှန်အတိုင်းအဖြေပေးလိုက်သည် ။

၉ ။

ထူးသစ်ပိုင်တွင် ဆယ်တန်းအောင်ကာစအချိန်က သဘောကျနှစ်သက်ရသည့်မိန်းကလေးရှိခဲ့ပြီး ထိုမိန်းကလေးသည် ပဲခူးဒီဂရီကောလိပ်၌ မြန်မာစာအထူးပြုကိုရွေးချယ်ခဲ့သောကြောင့် ထူးသစ်ပိုင်သည်လည်း ထိုအမျိုးသမီးနှင့်နီးစပ်လို၍ မြန်မာစာမေဂျာကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းကို လရိပ် သိလိုက်ရသဖြင့် စိတ်ထဲတွင်မကျေမနပ်ဖြစ်သွားမိသည် ။ တစ်ဆက်ထဲမှာပင်

" သူလည်းမြန်မာစာကိုစိတ်မဝင်စားပဲ သူများယူတိုင်းလျှောက်ယူတာရူးနေတာလားမသိဘူး "

ဟု တွေးလိုက်မိသည် ။ ပြီးမှ

" သူ့ဘာသာသူဘာလုပ်လုပ်ငါနဲ့ဘာဆိုင်လို့ ငါကစိတ်တိုနေတာလဲ "

ဟူသော အတွေးကိုတွေးမိသည် ။ ထို့အတူ သဘောကျရသည့်မိန်းကလေးရှိနေသောထူးသစ်ပိုင်ကို တိတ်တခိုးကြိတ်သဘောကျနေသောလေပြေ့ကိုလည်း သနားမိသွားသည် ။ ထို့ကြောင့် ကျူရှင်မှသင်လိုက်သောမြန်မာစာကဗျာကို ခပ်တိုးတိုးရွတ်နေသောလေပြေ့ကို

" လေပြေအေး ..... နင်ထူးသစ်ပိုင်ကိုစိတ်ဖြတ်လိုက်တော့ "

ဟု ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လေပြေက ခတ္တတိတ်ဆိတ်သွားသည် ။ ပြီးမှ

" ရုတ်တရက်ကြီး ဘာတွေထပြောနေတာလဲကိုကြီးရ "

ဟု မေးသည် ။ လေပြေ့မေးခွန်းကို

" ထူးသစ်ပိုင်မှာ သဘောကျရတဲ့မိန်းကလေးရှိတယ်တဲ့ "

ဟု ပြန်ဖြေလိုက်သောအခါ လေပြေက တိတ်ဆိတ်သွားသည် ။ ထို့ကြောင

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်စာအုပ်လား ရုပ်ရှင်လားချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ထိတ်လန့်ဖွယ်ရာ သာပေါင်းရွာမမေ့နဲ့ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 20ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 27ဘေးကင်းကြပါစေအနုပညာဆိုတာ?

Unlock to read this premium article with 10 points.