Author's Profile Photo

Kaung Myat Thar

29/04/2025

မဟာဘုတ်(၁)ကြွင်း (၇)ရက်သားသမီးများအတွက် ၁၃၈၇ခုနှစ်၏ဆန်းကျင်ဂြိုလ်အဟော

3 mins read
Creative
မဟာဘုတ်(၁)ကြွင်း (၇)ရက်သားသမီးများအတွက် ၁၃၈၇ခုနှစ်၏ဆန်းကျင်ဂြိုလ်အဟော's photo

(လက်ဆန်းဗေဒင် သင်ကြားပေးသော ဆရာကြီး ဦးသန်းလှိုင်၊ ဆရာမ မေဒေးခင်၊ ဆရာမ မော်မော်၊ မဟာဘုတ်ဗေဒင်ပညာကို သင်ကြားပေးသော ဆရာကောင်းခန့်နှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ကို ဦးထိပ်ပန်ဆင် ရှိခိုးကန်တော့အပ်ပါသည်။)

မွေးမဟာဘုတ်နဲ့ ကောဇာမဟာဘုတ်အရ နှစ်တစ်နှစ်မှာ ဂြိုလ်တစ်လုံးတော့ ဆန်းကျင်ပါတယ်။ ဆန်းကျင်ဆိုတာ ပြောင်းလဲခြင်းလို့အဓိပ္ပာယ်ရပါတယ်။ အနိဋ္ဌမှ ဣဋ္ဌသို့ ပြောင်းလဲခြင်းနဲ့ ဣဋ္ဌမှ အနိဋ္ဌသို့ ပြောင်းလဲခြင်းဆိုပြီးရှိပါတယ်။ တစ်နည်းအားဖြင့် အကောင်းနဲ့ အဆိုးအားပြိုင်တာပါ။ ဒါပေမယ့် နောက်ဆုံးမှာ ဆန်းကျင်ဆိုတာ အနိဋ္ဌသဘော ဦးတည်သွားတတ်ပါတယ်။

အခုကျွန်တော်က ၁၃၈၇ခုနှစ်ကို (၇)နဲ့စားပြီး ရတာတဲ့ကောဇာမဟာဘုတ်(၁)အကြွင်းနဲ့ မဟာဘုတ်(၁)ကြွင်း (၇)ရက်သားသမီးတွေရဲ့ တစ်နှစ်တာ အကျိုးအကြောင်း၊ အဆိုးအကောင်းတွေ ကို ရေးပြပေးသွားပါမယ်။

မိမိရဲ့ မြန်မာလိုမွေးသက္ကရာဇ်ကို သိဖို့လိုအပ်ပါတယ်။

မြန်မာမွေးသက္ကရာဇ် (၁)ကြွင်းခုနှစ်တွေကတော့ ၁၃၀၃၊ ၁၃၃၁၊ ၁၃၃၈၊ ၁၃၄၅၊ ၁၃၅၂၊ ၁၃၅၉၊ ၁၃၆၆၊ ၁၃၇၃၊ ၁၃၈၀၊ ၁၃၈၇ခုနှစ်တွေဖြစ်ပါတယ်။

၁၃၈၇နှစ်တစ်နှစ်တာအတွက် မဟာဘုတ်(၁)ကြွင်း တနင်္ဂနွေသား၊ သမီးများသည် တနင်္လာဂြိုလ်၊ အာယု၊ သာမိကရက ဆန်းကျင်ပြီး စနေဂြိုလ်၊ အမြစ်၊ ဂဟပတိ၊ ကရဏကရကနှင့် ပက္ခဖြစ်နေသည့်အတွက် ငွေရေးကြေးရေး၊ တစ်ဆင့်ခံစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူဆိုရင် ဒီနှစ်မှာ မရေရာမသေချာမှုများ ဖြစ်ပေါ်တတ်ခြင်း အနစ်နာခံ၊ အနှိမ်ခံပြီးပေးဆပ်ရတတ်ခြင်း၊ အချစ်ရေးမှာလည်း အနစ်နာခံ၊ အနှိမ်ခံပြီးပေးဆပ်ရတတ်ခြင်း၊ ဘဝရှင်သန်ရပ်တည်ရေးမှာ စိတ်ရှည်သည်းခံမှုကင်းမဲ့လာတတ်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများ မရေရာမသေချာမှုများနှင့် ပြောင်းလဲမှုများ၊ ပြောင်းရွေ့လုပ်ကိုင်မှုများကို မိမိကိုယ်တိုင်ပြုလုပ်နေတတ်ပြီး နောက်ဆုံး နိုင်ငံခြားနဲ့ ရေခြား ​မြေခြား ထွက်ခွာရတတ်ပါတယ်။

၁၃၈၇နှစ်တစ်နှစ်တာအတွက် မဟာဘုတ်(၁)ကြွင်း တနင်္လာသား၊ သမီးများသည် တနင်္လာဂြိုလ်၊ မွေးနံဂြိုလ်၊ ပရိဝါရ၊ ကတ္ထုကရကဆန်းကျင်ပြီး စနေဂြိုလ်၊ ဆပွတ်၊ ဘုမ္မိ၊ ကမ္မကရကနှင့် ပက္ခဖြစ်နေသည့်အတွက် ဘာလုပ်ရမှန်းမသိအောင် လမ်းစတွေပျောက်နေတတ်ပါတယ်။ မိသားစု အိမ်ထောင်ဖက်နဲ့အပြင် အိမ်တွင်းရေးပြဿနာတွေ တပူပူ၊ တဆူဆူနဲ့ ပျော်ရွှင်အေးချမ်းမှု ကင်းမဲ့ခြင်းတွေ ဖြစ်ပေါ်တတ်ပြီး နောက်ဆုံး နိုင်ငံခြားထွက်ခွာခြင်းတွေ ကြုံရတတ်ပါတယ်။ မိတ်ဆွေအပေါင်းအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်မှု ကင်းမဲ့တာ၊ နှုတ်ဆက်ခွဲခွာရတာတွေ ကြုံတွေ့ရဖို့ လွယ်ကူနေတတ်ပါတယ်။

၁၃၈၇နှစ်တစ်နှစ်တာအတွက် မဟာဘုတ်(၁)ကြွင်း အင်္ဂါသား၊ သမီးများသည် တနင်္လာဂြိုလ်၊ အမြစ်ဂြိုလ်၊ သီရိ၊ အာလာပနကရကဆန်းကျင်ပြီး စနေဂြိုလ်၊ ပဉ္စပွတ်၊ နာဂရ၊ သမ္ပဒါနကရကနှင့် ပက္ခဖြစ်နေသည့်အတွက် အရှက်နဲ့ဂုဏ်သိက္ခာ ထိခိုက်တာတွေ အပြင်၊ ဟိုပြောင်း၊ ဒီပြောင်း ဟိုမှာလည်းအခြေမခိုင်၊ ဒီမှာလည်းအခြေမခိုင်နဲ့ နောက်ဆုံးမှာ အခြေပြုတ်၊ အရင်းပြုတ်ဖို့ လွယ်ကူနေတတ်ပါတယ်။ မွေးရပ်မြေက ခွဲခွာပြီး နိုင်ငံခြား ထွက်ခွာရ တတ်တာ ဘဝမှာ နောင်တရစရာတွေဖြစ်ဖို့ လွယ်ကူနေတတ်ပါတယ်။ ဒါ့ကြောင့် မိမိစိတ်ထင်ရာမလုပ်မိဖို့ မိမိရဲ့ ဘဝအခြေအနေကို မိမိကိုယ်တိုင်မဖျက်စီးမိဖို့လိုပါတယ်။

၁၃၈၇နှစ်တစ်နှစ်တာအတွက် မဟာဘုတ်(၁)ကြွင်း ဗုဒ္ဓဟူးသား၊ သမီးများသည် တနင်္လာဂြိုလ်၊ ဆပွတ်ဂြိုလ်၊ ဌာန၊ ဩကာသကရကဆန်းကျင်ပြီး စနေဂြိုလ်၊ စတုရန်း၊ အာယု၊ သာမိကရကနှင့် ပက္ခဖြစ်နေသည့်အတွက် အိမ်ထောင်ဖက်၊ ချစ်သူနဲ့ တူနှစ်ကိုယ် နေရပေမယ့် အလုပ်မှာလည်းမပျော်၊ အိမ်မှာလည်းမပျော်ဘဲ ခွဲခွာရတာတွေ၊ ဖိတ်ခေါ်မခံရဘဲ သစ်စိမ်းခက်ချိုးသလို ဖြစ်နေတာတွေ ရေစက်ကုန်လို့ ခွဲခွာရတာတွေ၊ အနစ်နာခံပေးဆပ်ရတာတွေ၊ ချစ်သူ၊ အိမ်ထောင်ဖက်၊ မိသားစုအပေါ် စိတ်ရှည်သည်းခံမှု နည်းပါးလာတာတွေ ကြုံတွေ့ဖို့ လွယ်ကူနေတတ်ပါတယ်။ ဒါ့ကြောင့် ချစ်သူ၊ အိမ်ထောင်ဖက်က စိတ်ရှည်သည်းခံမှု နည်းပါးလာတာတွေ ကြုံလာရပြီဆိုရင် နားလည်ပေးဖို့နဲ့ မိမိကိုယ်

စားသောက်ဆိုင်၊ ဆိုင်ခန်းတွေ လူစည်ကားစေဖို့တုန်ခါမှု ထ​ရော်မာ "အချစ်ဦး"တဲ့ပျောက်ကွယ်မသွားအမွေနှစ်များ....Book Reviewချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းငရဲတမျှနေချင်တဲ့ ဘဝဝေးပေါ့ဟယ်

Unlock to read this premium article with 10 points.