SarPhat User
"Moderation in all things"
ဘုရားဟောလမ်းစဥ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ ကိုတော့ သိပ်လက်ခံတယ်။ အလယ်အလတ်လမ်းစဥ်တဲ့။
ကျွန်တော်ဟာ ထမင်းကြော်ကို စားတော်ပဲ ပါမှ ကြိုက်တာ။ မပါဘဲနဲ့ စားတဲ့အခါ တစ်ခုခုလိုနေသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့ တစ်ခါတော့ ထမင်းကြော်ထဲ စားတော်ပဲတွေ တော်တော်များသွားတယ်။ ထမင်းထက် စားတော်ပဲကတောင် ပိုများနေသလိုပဲ။ စားလို့ ဘယ်လိုမှအဆင်ပြေမတော့ဘူး။
ဒီလိုပဲ လက်ဖက်သုပ်စားရင်လည်း ပုစွန်ခြောက်ကလေးပါမှ စားရတာ ပိုအရသာရှိတယ်။ ဒါပေမဲ့ ပုစွန်ခြောက်တွေ လက်ဖက်သုပ်ထဲ ဗုံးပေါလအော ထည့်ထားရင် စားရတာ ဘယ်ကောင်းပါတော့မလဲ။
မဇ္ဈိမပဋိပဒါ ကသာ အကောင်းဆုံးပါပဲ။
Nov3, 2023
Keep Reading