Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

4/04/2024

‼️ဒီစက်ရုပ်မလေးရဲ့သရုပ်မှန်ကို သိလိုက်ရချိန်မှာ အားလုံးဟာ မယုံနိုင်အောင်ဖြစ်သွားကြပါတယ်..

1 min read
Business
General Knowledge
‼️ဒီစက်ရုပ်မလေးရဲ့သရုပ်မှန်ကို သိလိုက်ရချိန်မှာ အားလုံးဟာ မယုံနိုင်အောင်ဖြစ်သွားကြပါတယ်..'s photo

?အခုလိုနည်းပညာခေတ်ကြီးထဲမှာ စက်ရုပ်တွေကို လူတွေနေရာမှာအစားထိုးလာကြတာဟာ အားလုံးလည်းအသိပါပဲ။ စက်ရုပ်တွေက လူတွေလိုအနီးစပ်ဆုံးဟန်ပန်နဲ့ ပို‌မိုကောင်းမွန်တဲ့လုပ်ငန်းဆောင်တာတွေကို စွမ်းဆောင်လာကြတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း စက်ရုပ်လိုလို၊ လူစင်စစ်လိုလို လူတွေအားလုံး ဝေခွဲမရဖြစ်နေတဲ့ waitress ကောင်မလေးတစ်ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်.. ဒါကတော့ တရုတ်နိုင်ငံက hotpot ဆိုင်တစ်ဆိုင်မှာ လူအစားထိုး စားပွဲထိုးဝင်လုပ်နေတဲ့ စက်ရုပ်တစ်ရုပ်ဆိုပြီးလူသိများနေတဲ့ waitress မလေးပဲဖြစ်ပါတယ်။

?သူက အစားသောက်တွေကို costumerတွေစားပွဲဆီကို လုံးဝဖိတ်ကျခြင်းမရှိဘဲနဲ့ချပေးတယ်၊ သန့်ရှင်းရေးလုပ်ရင်လည်း ဖုန်တစ်မှုန်မှမကျန်အောင်လုပ်တယ် စသဖြင့်လူတစ်ယောက်လိုပဲ ပြီးပြည့်စုံအောင်လုပ်တတ်နေပါတယ်။ ဒီစားသောက်ဆိုင်က အခုလိုမျိုး ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့စက်ရုပ်ဝန်ဆောင်မှုကြောင့်လည်း ထောင်နဲ့ချီတဲ့ costumer တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာပါ။ ဒါမယ့်တစ်ချို့လူတွေက ဒါဟာ စက်ရုပ်တစ်ရုပ်မဟုတ်ဘဲ တကယ့်လူတစ်ယောက်ဖြစ်တယ်လို့ ပြောကြသလို တစ်ချို့ကလည်း စက်ရုပ်ဖြစ်တယ်ဆိုပြီး ယုံကြည်နေကြပါတယ်။

?ဒါဆိုရင် အမှန်တရားက ဘာများဖြစ်မလဲ? လူတွေအားလုံးလည်း ဒီမေးခွန်းရဲ့အဖြေကိုသိချင်ကြတာနဲ့ သူတို့ကိုယ်တိုင်သွားရောက်အတည်ပြုဖို့ ဆန္ဒတွေစောနေခဲ့ကြပါတယ်။ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ ဒီစက်ရုပ်waitress နဲ့ AIရဲ့အံ့မခန်းအစွမ်းစတွေအကြောင်းကို ဆိုင်မှာအားပေးရင်း သွားရောက်လေ့လာခဲ့ကြတဲ့သူတွေက တကယ့်အကြောင်းရင်းမှန်လည်းသိသွားရော အံ့ဩလို့မဆုံး ဖြစ်ခဲ့ကြရပါတယ်။ တကယ်တော့မိတ်ဆွေတို့ရေ.. ဒီ waitressက တကယ့်စက်ရုပ်အစစ်မဟုတ်ဘဲနဲ့ စက်ရုပ်အဖြစ်ဟန်ဆောင်ထားတဲ့လူသားကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့နာမည်က Qinလို့ခေါ်ပြီးတော့ သူမဟာကျွမ်းကျင်အဆင့် street dancer တစ်ဦးလည်းဖြစ်ပါတယ်။

?နောက်ပြီးတော့သူမက ဒီhotpotဆိုင်ကြီးရဲ့ ownerတစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဟုတ်ပါတယ်..ဆိုင်ရဲ့ownerက စက်ရုပ်တစ်ရုပ်အဖြစ်ရော၊ waitress အဖြစ်ပါသရုပ်ဆောင်ပြီးတော့ သူ့ဆိုင်ကို costumerတွေစိတ်ဝင်စားပြီးလာရောက်အားပေးအောင်လို့ ဆွဲဆောင်ထားတာပဲဖြစ်ပါတယ်။ Street dancerတစ်ဦးဖြစ်တဲ့ Qinက သူမအကျွမ်းကျင်ဆုံးrobot dancing ကိုရွေးချယ်ပြီးတော့ အခုလို costumer တွေကိုဖျော်ဖြေတဲ့နည်းလမ်းဟာ တကယ်ကိုပါးနပ်တယ်လို့ဆိုရမှာပဲရှင်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဆိုင်ကိုနာမည်ကြီးချင်လို့ ကိုယ့်ရဲ့ရှိပြီးသား skillတစ်ခုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ အားလုံးperfectဖြစ်သွားမှာကို သူမက ပိုင်ပိုင်နိုင်နိုင်တွက်ချက်ပြီးသားမို့လို့ပါ။ သူမဆိုရင် အခုမှအသက်(၂၆)နှစ်ဝန်းကျင်ရှိတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။

?ဒါမယ့် တီထွင်ဖန်တီးအားကောင်းပြီး ထူးချွန်ထက်မြက်တော့ အခုဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပါပြီ။ နောက်ပြီးချီးကျူးစရာတစ်ခုက သူမဟာစက်ရုပ်လို့တကယ်ကိုထင်ရအောင် သရုပ်ဆောင်ပြသွားခဲ့တာပါပဲ။ လူတော်‌တော်များများကို ဒါဟာစက်ရုပ်မဟုတ်ဘူး၊ လူတစ်ယောက်ဖြစ်တယ်လို့ပြောတာတောင် မယုံနိုင်ဘဲဖြစ်နေကြပါတယ်။ ဒါဆိုရင်မိတ်ဆွေတို့ရော သူမရဲ့ telentကို ဘယ်လိုမြင်ကြပါသလဲရှင်..

Keep Reading

ချမ်းသာဖို့အတွက် ဘာလိုသလဲငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾