Author's Profile Photo

Zwe Yarzar(Content Writer)

25/02/2025

◾Social Media မှာ Content တစ်ပုဒ် ရေးသားတဲ့အခါ ဘယ်လိုအချက်တွေကို ဂရုစိုက်သင့်လဲ❓

1 min read

Social Media တစ်ခုခုမှာ Content တစ်ပုဒ် ဒါမှမဟုတ် Copywriting တစ်ပုဒ်ရေးသားတော့မယ်ဆိုရင် ဂရုစိုက်ရမဲ့ အချက်တွေများစွာရှိပါတယ်။သေချာစနစ်တကျရေးသားဖန်တီးမှသာ ကိုယ်ရဲ့ Content တစ်ပုဒ်ဟာ စာဖတ်သူတွေအပေါ် ဆွဲဆောင်မှုရှိပြီး ကိုယ်ပေးချင်တဲ့ Message ဟာ ပေါ်လွင်အသက်ဝင်စေမှာပါ။

ဒါကြောင့် Social Media Platform တစ်ခုခုမှာ Content တစ်ပုဒ်ရေးသားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ဂရုတစိုက်ရေးသားသင့်ပါတယ်။

◾Target Audience

ကိုယ်ရေးသားမဲ့ Content အမျိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ Target Audience ကို အရင်ဆုံးသတ်မှတ်သင့်ပါတယ်။သူတို့ရဲ့ အသက်အရွယ်၊ပညာရေး၊စိတ်ဝင်စားမှုနဲ့လိုအပ်ချက်၊လိုချင်မှုတွေကို သေချာစီစစ်ပြီး သူတို့အကြိုက်တွေ့စေမဲ့ Content ပုံစံမျိုး ဖန်တီးရပါမယ်။

◾ရည်ရွယ်ချက်

Target Audience အပိုင်းပြီးသွားရင်တော့ နောက်တစ်ခုက Content တစ်ပုဒ်ရဲ့ ရည်ရွယ်ချက်ပါ။ကိုယ်ရေးသားမဲ့ Content တစ်ပုဒ်ရဲ့ ရည်ရွယ်ချက်က စာဖတ်သူတွေကို ပညာပေးမှာလား၊ ဖျော်ဖြေမှုပေးမှာလား ဒါမှမဟုတ် Copywriting ဆို လာရောက်ဝယ်ယူစေချင်တာလား စသဖြင့် အဓိကဆိုလိုရင်းရည်ရွယ်ချက်ကို ပေါ်လွင်အောင်ဖန်တီးရေးသားရပါမယ်။

◾ရိုးရှင်းမှု

"အရိုးဆုံးက အဆန်းဆုံး"ဆိုသလို စာရေးသားတဲ့အခါမှာ ကိုယ်ရေးသားတဲ့ စာ‌ကြောင်းတွေက ရိုးရှင်းမှုရှိရပါမယ်။ဒါမှ Content ကို ဖတ်ရသူအနေနဲ့ အလွယ်တကူနားလည်နိုင်မှာဖြစ်ပြီး အရေးအသားရှုပ်ထွေးနေရင် ဘယ်သူမှ ကြာကြာဖတ်ချင်စိတ် ရှိမှာမဟုတ်ပါဘူး။ဒါကြောင့် ရှုပ်ထွေးတဲ့ စကားလုံးတွေ၊ တချို့ဗန်းစကားတွေ၊ စကားလုံးအသစ်အဆန်းတွေကို တတ်နိုင်သမျှရှောင်ကြဉ်ရေးသားဖို့ အကြုံပြုချင်ပါတယ်။

◾Hashtag များ

#Hashtag ဆိုတာ Social Media တွေမှာ ကိုယ်ရဲ့ Content ကို လူတွေပိုမိုမြင်တွေ့နိုင်စေဖို့အတွက် အလွန်အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။ဒါကြောင့် Content တစ်ပုဒ်ရေးသားတိုင်း Hashtag တွေထည့်သွင်းဖို့ မ‌မေ့ပါနဲ့။အမျာကြီးလည်း ထည့်ဖို့မလိုပါဘူး။ကိုယ်ရေးထားတဲ့ Content နဲ့ လိုက်ဖက်မှုရှိမဲ့ Hashtag ငါးခုနဲ့ဆယ်ခုကြားလောက်ဆို အဆင်ပြေပါပြီ။

◾ဘာညာဘာညာ အမှားများ

ဒါကတော့ မဖြစ်မနေစစ်ဆေးရမဲ့ အချက်ပါ။Social Media မှာ Content တစ်ပုဒ်မတင်ခင် စာလုံးပေါင်းအမှားတွေ၊ အချက်အလက်အမှားတွေ မပါဝင်အောင် သေချာစီစစ်ရွေးချယ်ဖို့ လိုအပ်ပါတယ်။ကိုယ်ဖော်ပြလိုက်တဲ့ အချက်အလက် မှားယွင်းနေမယ်ဆိုရင် ကိုယ့်ရဲ့ Content ကို ဖတ်မိသူလည်း အမှားကြီးပဲ သိနားလည်သွားပါလိမ့်မယ်။ဒါကြောင့် အမှားတွေ မပါဝင်အောင် အကြိမ်ကြိမ်အခါခါ စစ်ဆေးသင့်ပါတယ်။

ဒီလို အချက်တွေကို အကုန်လုပ်ဆောင်ဖို့ အချိန်မအားလပ်တဲ့ လုပ်ငန်းရှင်များအနေနဲ့ Content Writing Service အပ်နှံချင်ခဲ့ပါက ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်။

Zwe Yarzar (Content Writer)
☎️Ph - 09 958 266 204 (Viber)

#contentwriting #content #contentwriter #contentmarketing #writing #copywriting #business #businessowner #OnlineBusiness

Keep Reading