Author's Profile Photo

ဧဝရ

2/04/2024

ဘာသာစကားလေ့လာချင်တယ် ဒါပေမယ့် ဘယ် ဘာသာစကားကို လေ့လာရမလဲမသိဘူး .....

2 mins read
Personal Development
Education
Culture
ဘာသာစကားလေ့လာချင်တယ် ဒါပေမယ့် ဘယ် ဘာသာစကားကို လေ့လာရမလဲမသိဘူး .....'s photo

ဒီလို စကားမျိုးက ကျွန်တော်ခဏခဏ ကြားရတဲ့ စကားတစ်ခွန်းပါ။ကျွန်တော်ကိုယ်တိုင်က ဘာသာစကားလေ့လာရတာ ဝါသနာထုံပြီး Multilingual ဖြစ်ချင်သူတစ်ယောက်ပါ။ကိုယ်တိုင်လည်း Polyglot ဖြစ်ချင်တဲ့စိတ်နဲ့ ဘာသာစကားအများကြီးကို စမ်းသပ်လေ့လာကြည့်ခဲ့ဖူးပါတယ်။

ဘာသာစကားမလေ့လာခင် တစ်ခုသိထားရမှာက ကိုယ်လေ့လာမယ့်ဘာသာစကားကို Passionate ဖြစ်ဖို့ လိုပါတယ်။ Creativity နဲ့ပေါင်းစပ်လုပ်ရတဲ့ အလုပ်ဖြစ်လို့ Passionate မဖြစ်ရင် ထင်သလောက် ခရီရောက်မှာ မဟုတ်ပါဘူး။ (ဒီလို ပြောတာက ကျွန်တော့်ရဲ့ Favorite Quote ဖြစ်တဲ့ "Hard work is ten times better than talent - အပတ်တကုတ်ကြိုးစားတာက ပါရမီရှိတာထက် ဆယ်ဆပိုတယ်" ဆိုတာကို ချိုးဖောက်ရတော့ကျပါတယ်။ဒါပေမယ့် Hard work ဆိုတာကလည်း ဒီတစ်ခုကို ရရှိချင်တဲ့ ပြင်းပြတဲ့ဆန္ဒကြောင့်သာဖြစ်လာတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်) အောက်မှာဆိုရင်တော့ ဘယ်ဘာသာစကားလေ့လာသင့်လဲ ဝေခွဲမရဖြစ်နေတဲ့သူတွေအတွက် Test လေးတစ်ခု လုပ်ပေးထားပါတယ်။ဒါပေမယ့် ဒီ Test လေးဟာ ဝေခွဲမရဖြစ်နေသူတွေအတွက် အကူကညီဖြစ်စေချင်ရုံသာဖြစ်ပြီး ဒါတွေပဲ လေ့လာရမယ်လို့ မဆိုလိုပါဘူး။

ဒီ Test ကိုမဖြေခင် မှတ်စရာစာရွက်တစ်ရွက်နဲ့ ခဲတံဘောပင် ယူထားပါ။ပြီးရင် ကိုယ်ဖြေတဲ့အဖြေ နံပါတ်တွေကို ရေးမှတ်ထားပါ။


၁။အင်္ဂလိပ်စာလေ့လာရတာကို ဘယ်လိုသလောရလဲ

A.အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။
B.အင်္ဂလိပ်စာနဲ့ပတ်သတ်ရင် အမြဲ Motivated ဖြစ်နေတယ်။
C.ဒီလိုပါပဲ။ကြံသလိုလုပ်လိုက်တာပဲ။
D.အင်္ဂလိပ်စာ မလုပ်ချင်ဘူး။




၂။နိုင်ငံခြားမှာနေရမယ်ဆိုရင် ဘယ်နိုင်ငံမှာနေမလဲ

A.US,UK,Australia,Canada

B.France,Germany,Italy,Spain,Portugal,Brazil,Mexico,Columbia,Norway,Sweden,Finland

C.တရုတ်၊ထိုင်း၊စင်္ကာပူ

D.ကိုရီးယား၊ဂျပန်




၃။K Drama/Anime ကြိုက်လား

A.သိပ်မကြိုက်ဘူး။
B.သိပ်မကြည့်ဖြစ်ဘူး။
C.ကြည့်ဖြစ်တယ်။
D.အရမ်းကြိုက်တာပဲ။



၄။Romantic ဆန်ဆန်လေး နေရတာကြိုက်လား

A.ကြိုက်ပါတယ်။
B.တစ်သက်လုံး Ro နေချင်တယ်။
C.ဒီလိုပါပဲ။
D.အဆင်လေးတွေနဲ့ ရိုချင်တယ်။



၄။စကားပြောတဲ့အခါ ဘယ်လို ဘာသာစကားမျိုးကိုပြောချင်လဲ

A.English အသံကိုကြိုက်တယ်။

B.တစ်မျိူးတစ်ဖုံနဲ့ ထူးခြားပြီး အသံစုံပါတဲ့ ဘာသာစကားကိုပြောချင်တယ်။

C.ရှင်းရှင်းပြတ်ပြတ်ပဲပြောရတာကြိုက်တယ်။

D.ကလေးလို လွတ်လွတ်လပ်လပ်ပြောရတာကြိုက်တယ်





၅။စာရေးတဲ့အခါ ဘယ်လို Alphabet မျိုးရေးချင်လဲ

A.ရပါတယ်။ဘယ်လို စာလုံးမျိုးဖြစ်ဖြစ်။

B.သိပ်မရှုပ်တာမျိူးကြိုက်တယ်။

C.တစ်မျိူးတစ်ဖုံ ထူးခြားတဲ့ စာလုံးမျိုးရေးချင်တယ်။

D.လှလှပပ ကြော့ကြော့ရှင်းရှင်း Alphabet လေးတွေရေးချင်တယ်။



၆။ ဘယ်လိုဒေသက ဘာသာစကားကိုသင်ချင်လဲ။

A.အနောက်တိုင်း
B.ဥရောပ
C.အာရှပဲ။
D.ရပါတယ်။ဘယ်နားဖြစ်ဖြစ်။



၇။မြန်မာစာနဲ့ သိပ်မကွာတဲ့ ဘာသာစကားမျိုး ပြောတတ်ချင်လား။

A.ဟင့်အင်း။မြန်မာစာနဲ့မတူချင်ဘူး။
B.သဒ္ဒါရိုးရိုးရှင်းရှင်းပဲ ကြိုက်တယ်။
C.မြန်မာစာနဲ့ ဆင်ပေမယ့် သိပ်မဆင်တဲ့ ဘာသာစကားမျိုး ကြိုက်တယ်။
D.အင်း။မြန်မာစာနဲ့ သိပ်မကွာတာမျိုးလေးပဲကြိုက်တယ်။


____

ကဲ အခုဆိုရင်တော့ Test လေးဖြေပြီးသွားပြီဆိုတော့ Result ထုတ်ဖို့ပဲကျန်ပါတော့တယ်။ ကိုယ်ချရေးထားတဲ့အဖြေတွေကို ပြန်စစ်ကြည့်ပါ။

တကယ်လို့ ကိုယ်က
A အရွေးများတယ်ဆိုရင် English ကိုပဲ ဇောက်ချလုပ်ဖို့ သင့်ပါတယ်။English နဲ့ ထွန်းပေါက်ဖို့ လမ်းကြောင်းရှိပါတယ်။

Bအရွေး များရင်တော့ ဥရောပဘက်က ဘာသာစကားတွေ ပိုလေ့လာသင့်ပါတယ်။ပြင်သစ်၊ဂျာမန်၊စပိန်၊ပေါ်တူဂီ၊အီတလီ၊ဆွီဒင်၊နော်ဝေ၊ဖင်းဘာသာ စတာတွေမှာ လွယ်လွယ်နဲ့ လမ်းကြောင်းရှာတွေ့နိုင်ပါတယ်။

Cအရွေ းများရင်တော့ တရုတ် ဒါမှမဟုတ် ထိုင်းကို လေ့လာသင့်ပါတယ်။

D ရွေးတာများရင်တော့ ကိုရီးယား၊ဂျပန်ကို ရွေးချယ်သင့်ပါတယ် ခင်ဗျာ။


______

ဒီ Test က မြန်မာလူမျိုးတွေအတွက် Adapt လုပ်ထားတာမို့ ကိုယ်ရလာတဲ့ Result အတွက် မကိုက်တာမျိုးလည်း မရှိသလောက်ပါပဲ။ဒါပေမယ့်လည်း ဘယ်ဘာသာစကားလေ့လာမယ်ဆိုတာဟာ စာဖတ်သူရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ ဒီဘာသာတွေပဲ လေ့လာရမယ်လို့ ကျွန်တော်မဆိုလိုပါဘူး။


ကိုယ်လေ့လာချင်တဲ့ ဘာသာစကားအတွက် Resource တွေမရှာတတ်ရင်လည်း ကျွန်တော့်ဆီ ဆက်သွယ်ပြီး အကူအညီတောင်းလို့ရပါတယ်။
ဘာသာစကားလေ့လာလိုသူများ အဆင်ပြေကြပါစေ။?

________

Join my channels....

My Personal Growth Channel
https://t.me/+m-JDv5_zBPZkNjQx

Helping the students with their studies
https://t.me/+WFGeBqdNBj85ZDQ1

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်