the IX
📚 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 📚
၁၂.
၁။
ထူးသစ် မနေ့ညက အိပ်ရေးဝဝအိပ်ခဲ့ရသောကြောင့် ယနေ့မနက်တွင် ကြည်ကြည်လင်လင်နိုးလာသည် ။ လရိပ်အေးတို့ကိုပေးရန် အသီးဝယ်ထားသောကြောင့် ကိုယ်လက်သန့်စင်ပြီးသည်နှင့် သစ်သီးထုတ်ကိုယူကာ လေပြေတို့ဆိုင်ဘက်သို့ ထွက်လာခဲ့လိုက်သည် ။ ထိုအခါ နှစ်ရက်လုံးလုံးပျောက်ချက်သားကောင်းနေသောလေပြေ့ကိုတွေ့ရသည် ။ ထို့ကြောင့်
" ဟေ့ကောင်မလေး "
ဟု ခေါ်ကာ လွတ်နေသောခုံတွင်ဝင်ထိုင်လိုက်သည် ။ လေပြေကလည်း
" ကိုကြီးပိုင် ... နေကောင်းသွားပြီလား "
ဟု ပြုံး၍နှုတ်ဆက်သည် ။ လေပြေ့စကားကို
" ကောင်းပါ့ဗျာ "
ဟု ပြန်တုံ့ပြန်လိုက်ပြီး ယူလာသောအသီးထုတ်ကို လေပြေ့အားကမ်းပေးလိုက်ကာ
" ညည်းအစ်ကို မနေ့ကကျန်ခဲ့တာ .... ညည်းနဲ့ညည်းအမေကိုကျွေးဖို့ဆိုလားပဲ "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားအဆုံးတွင် လေပြေက အသီးထုတ်ကိုခုံပေါ်တွင်တင်ပြီး
" အဲ့ဒီကိုကြီးက သူ့စာကလွဲရင်တခြားဟာအကုန်မေ့နေတော့တာပဲ ... ကျေးဇူးပဲနော် ကိုကြီးပိုင် "
ဟု ပြောသဖြင့် ပြုံးပြလိုက်သည် ။ ပြီးမှ
" စာမေးစရာရှိသေးလား .... လိုက်ရောလိုက်နိုင်ရဲ့လား "
ဟု မေးလိုက်သည် ။ လေပြေက ပြုံးစိစိနှင့်
" နားတော့လည်ပေမဲ့ ကိုကြီးပိုင်ရှင်းပြတာလောက်တော့မလည်ဘူး "
ဟူ၍ ပြောသောကြောင့် လေပြေ့နဖူးကို လက်နှင့်ဖွဖွတောက်လိုက်ပြီး
" မြှောက်မပြောလည်းရှင်းပြမှာပါ "
ဟု ပြောလိုက်သည် ။
၂ ။
လေပြေက ကျောင်းတွင်ထပ်ရမည့်အိမ်စာ,စာအုပ်ကိုစစ်ခိုင်းထားသဖြင့် ထူးသစ် စာစစ်နေစဥ် လေပြေက ခက်ဆစ်ကျက်နေသည် ။ ဤသို့ကျက်နေစဥ်
" ကိုကြီးပိုင် "
ဟု ရုတ်တရက်ထခေါ်သဖြင့်
" ဗျာ "
ဟူ၍ ထူးလိုက်သည် ။ ထိုအခါမှ လေပြေက
" ကိုကြီးတို့တက္ကသိုလ်ကိုလာတက်ဖို့ဆို ဂုဏ်ထူးဘယ်နှခုပါမှရမှာလဲ "
ဟု မေးသည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး
" ပြောတော့ အမေကဆေးတက္ကသိုလ်တက်စေချင်တာမို့လို့ဆေးတက္ကသိုလ်သွားမှာဆို "
ဟု မေးခွန်းထုတ်လိုက်သည် ။ လေပြေက ရယ်ကြဲကြဲနှင့်
" အစကတော့အဲ့ဒီလိုပေမဲ့ အခုစာမေးပွဲနီးလာတော့ကိုယ့်အခြေအနေကိုယ်သိတယ် ကိုကြီးပိုင်ရ ... သမီးဆေးတက္ကသိုလ်မှီမှာမဟုတ်ဘူး "
ဟု ပြောသဖြင့်
" ညည်းအမေကိုပြန်တိုင်လိုက်ရမလား "
ဟူ၍ စလိုက်သည် ။ လေပြေက
" ကိုကြီးကလည်း "
ဟု ချွဲနွဲ့လာသောကြောင့် ရယ်လိုက်ပြီး
" ဟုတ်ပါပြီ .... အနည်းဆုံးဂုဏ်ထူးလေးခုလောက်ပါမှအဆင်ပြေနိုင်မှာ "
" ဘယ်လိုလဲ ... ဖြစ်နိုင်လား "
ဟူ၍ မေးလိုက်သည် ။
" ကြိုးစားရမှာပေါ့ ကိုကြီးပိုင်ရာ "
ဟူသော အဖြေကားကိုရသောကြောင့်
" အင်း ..... လရိပ်အေးလို တစ်တန်းလုံးမှာအတော်ဆုံးဖြစ်အောင်ကြိုးစား "
ဟု ပြောလိုက်သည် ။ ပြီးမှ လရိပ်အေးနှင့်လေပြေရန်ဖြစ်ထားသည့်ကိစ္စကို သတိရသွားပြီး
" မိလေပြေ .... ညည်းလရိပ်အေးနဲ့ရန်ဖြစ်ထါးတယ်ဆို "
ဟု မေးလိုက်သည် ။ လေပြေက မိမိမေးခွန်းကို ပြန်မဖြေပဲ အူလည်လည်လုပ်နေသောကြောင့်
" ဒီမောင်နှမလေးနှစ်ယောက်ရှိတာ သင့်သင့်မြတ်မြတ်နေမှပေါ့ မိလေပြေအေးရဲ့ "
ဟု ပြောလိုက်သည် ။ ဤစကားကို လေပြေက
" ကိုကြီးပြောတဲ့စကားတွေကို ကိုကြီးပိုင်မှမကြားတာ .... အဲ့ဒီတော့ ဒီလိုပဲပြောမှာပေါ့ "
ဟု တုံ့ပြန်သဖြင့် လေပြေ့ခေါင်းကို ဖွဖွပွတ်ပေးလိုက်ပြီး
" သူဘာပြောပြော ညီမလေးကနားလည်ပေးရမှာပေါ့ ... ကိုယ့်အစ်ကို,ကို ကိုယ်မှနားမလည်ပေးရင် ဘယ်သူကနားလည်ပေးမှာလဲ .... မောင်နှမအချင်းချင်းသင့်မြတ်မှ တခြားလူတွေကကြားဝင်ပြီးအနှောက်အယှက်မပေးနိုင်မှာပေါ့ .... မဟုတ်ဘူးလား "
ဟူ၍ ပြောလိုက်သည် ။ လေပြေက ခေါင်းငုံ့၍
" ဟုတ်ကဲ့ ကိုကြီးပိုင် "
ဟု ပြောသဖြင့် ပြုံးလိုက်မိသည် ။
၃ ။
လေပြေက သုံးရက်မြောက်နေ့တွင် စိတ်ကောက်ပြေသွားဟန်တူသည် ။ စောစောစီးစီးအိပ်ရာမှထကာ မိခင်ဖြစ်သူမုန့်ဟင်းခါးဆိုင်ဖွင့်ရန် လာကူညီပေးသော်လည်း လရိပ်ကိုမူ ကေါင်းကောင်းစကားမပြောသေး ။ ထို့ကြောင့် မိမိ၏မူလတာဝန်က လေပြေဆိုင်သို့လိုက်လာလျှင် အိမ်ပြန်ကာကျောင်းသွားရန်ပြင်ဆင်ခြင်းဖြစ်သော်လည်း ယနေ့တွင်မူ နေအတော်မြင့်သည်အထိ မုန့်ဟင်းခါးပို့ပေးရမည့်အိမ်များဆီသို့ စက်ဘီးတစ်စီးနှင့် လိုက်ပို့ပေးနေလိုက်သည် ။ ဤသို့ပို့ပေးပြီး ဆိုင်သို့ပြန်လာစဥ် စားပွဲတစ်လုံးတွင်ထိုင်ကာ ထူးသစ်ပိုင်နှင့်စကားပြောနေသောလေပြေ့ကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်လိုက်ရသည် ။
လေပြေ့ပုံစံက မိမိနှင့်စကားပြောသည့်ပုံစံနှင့်ကွဲပြားစွာ ပျော်ရွှင်လွန်းနေသလို ထူးသစ်ပိုင်ကလည်း မကြာခဏဆိုသလို လေပြေနှင့်ရယ်မောကာစကားပြောသည်ကိုတွေ့ရသည် ။ ထို့ကြောင့်
" ထူးသစ်ပိုင်ကရော လေပြေ့အပေါ်မှာစိတ်ရှိနေတာများလား "
ဟု တွေးလိုက်မိသည် ။ ဤသို့တွေးနေစဥ်မှာပင် ထူးသစ်ပိုင်က လေပြေ့နဖူးကို ဘောပင်နှင့်ခေါက်လိုက်သည်ကိုတွေ့ရသည် ။ မိမိနှင့်ဆိုလျှင် စွာလွန်းသောလေပြေက ထူးသစ်ပိုင်နှင့်မူ စွာရန်သတိရပုံမရ ။ နဖူးကိုလက်နှင့်အုပ်ကာ ပြုံးဖြီးဖြီးမျက်နှာပေးနှင့် ထူးသစ်ပိုင်အားစိတ်ကောက်ဟန်ပြသည် ။
ဤနှစ်ယောက်အား ဆက်ကြည့်နေလျှင် စိတ်တိုဒေါသထွက်ရမည်စိုးသဖြင့် ဆိုင်သို့ပြန်မည့်စိတ်ကူးကိုလက်လျှော့လိုက်ကာ အိမ်ဘက်သို့သာ စက်ဘီးကိုနင်းလာခဲ့လိုက်တော့သည် ။
၄ ။
ထူးသစ်၏စက်ဘီးက ကျောင်းသားရေးရာဌာနတွင်အပ်ထားသောကြောင့် ယနေ့ ခါတိုင်းထက်အချိန်စောကာ ကျောင်းသို့ထွက်လာခဲ့လိုက်သည် ။ ကျောင်းသို့ရောက်သည်နှင့် အပ်ထားသောစက်ဘီးကိုသွားယူကာ အခန်းထဲသို့ဝင်လာခဲ့လိုက်သည် ။
မည်သည့်အချိန်ကတည်းက ကျောင်းသို့ထလာမှန်းမသိသည့်ကောင်းခန့်သာက မိမိအားမြင်သည်နှင့် လက်လှမ်းပြကာ
" ထူးသစ် "
ဟု ခေါ်သောကြောင့် ပြုံးပြလိုက်ပြီး ကောင်းခန့်သာ၏ဘေးတွင်ဝင်ထိုင်လိုက်သည် ။ ထိုအခါမှ ကောင်းခန့်သာက
" မင်းတို့ရပ်ကွက်ဘောလုံးပွဲမှာ မင်းရောဝင်ကန်မှာလား "
ဟု စိတ်လှုပ်ရှားစွာမေးသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး
" ဒီအခွင့်အရေးကိုစောင့်နေတာ ..... ကန်ရမှာပေါ့ "
ဟု အဖြေပေးလိုက်သည် ။ ကောင်းခန့်သာက
" ငါတို့ရောလာကြည့်လို့ရတယ်မဟုတ်လား "
ဟု ထပ်မေးသဖြင့်
" မင်းကငါ့သူငယ်ချင်းပဲဟာ မရစရာလား "
ဟူ၍ ပြောလိုက်သည် ။ ထိုစဥ် လရိပ်အေးက အခန်းထဲဝင်လာသည် ။
သို့သော် ...
နေရာတွင်ဝင်မထိုင်ပဲ မိမိအနားသို့လျှောက်လာပြီး
" ခဏလောက်စကားပြောရအောင် ထူးသစ်ပိုင် "
ဟု ပြောသည် ။ ဤစကားကိုပြောလာသောလရိပ်အေး၏မျက်နှာက ပုံမှန်ထက်ပိုတည်နေသောကြောင့် ကောင်းခန့်သာကိုကြည့်လိုက်ပြီး
" ငါပြန်လာခဲ့မယ် "
ဟု ပြောကာ လရိပ်အေးအနောက်သို့ လိုက်လာခဲ့လိုက်သည် ။
၅ ။
" မင်းလေပြေ့အပေါ်မှာစိတ်ရှိနေနတာလား "
ဟူသော လရိပ်၏မေးခွန်းကို ထူးသစ်ပိုင်က နားမလည်ဟန်ဖြင့်
" မိလေပြေကိုငါကဘာကိစ္စနဲ့စိတ်ရှိရမှာလဲ "
ဟု သွက်လက်စွာပြန်တုံ့ပြန်လာသောကြောင့် ရင်ထဲမှအလုံးကြီးကျသွားသော်လည်း ကိစ္စက ဤမျှနှင့်မပြီးသေး ။ ချောင်းဟန့်လိုက်ပြီး
" မင်းကစိတ်မရှိဘူးဆိုပေမဲ့ ငါ့ညီမကမင်းအပေါ်မှာစိတ်ရှိနေတယ် "
ဟု ရှေ့မျက်နှာနောက်ထားကာပြောလိုက်သည် ။
မူလက ဤကိစ္စကို မည်သူ့ကိုမှအသိမပေးပဲ လေပြေ့အလိုကိုလိုက်ကာ အခြေအနေကိုအလိုက်သင့်စောင့်ကြည့်ရန်စိတ်ကူးထားခဲ့သော်လည်း ယနေ့မနက်တွေ့ခဲ့ရသည့် ထူးသစ်ပိုင်နှင့်လေပြေ့ပုံစံက သမီးရည်းစားစုံတွဲနှငင့်တူနေသည် ။ ဤအခြေအနေကို ဤအတိုင်းလွှတ်ထားပါက လေပြေတစ်ယောက် ထူးသစ်ပိုင်အပေါ်သို့ လုံးဝစိတ်ရောက်သွားကာ စာ၌စိတ်ဝင်နိုင်တော့မည်မဟုတ်ကြောင်းသေချာသောကြောင့် ထူးသစ်ပိုင်အား လေပြေနှင့်ထူးသစ်ပိုင်ကြားမှဆက်ဆံရေးအကြောင်း မျက်နှာပူပူနှင့်မေးရခြင်းဖြစ်သည် ။
မိမိက မျက်နှာပူနေသော်လည်း ထူးသစ်ပိုင်ကမူ အထွေအထူးခံစားရပုံမရ ။ ခေါင်းညိတ်ကာ
" အဲ့ဒီလိုအရွယ်တွေက ဒါမျိုးဖြစ်တတ်ပါတယ် .... အချိန်တန်ရင်ရိုးသွားပါလိမ့်မယ် "
ဟု မိမိကိုပင် နှစ်သိမ့်စကားဆိုနေသေးသည် ။ ထို့ကြောင့် ထူးသစ်ပိုင်ကိုကြည့်လိုက်ပြီး
" အဲ့ဒါကြောင့် သူမင်းကိုမေ့သွားတဲ့အချိန်အထိ မင်းကရှောင်နေပေး "
ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် ထူးသစ်ပိုင်က အပြုံးဟုအမည်တပ်၍မရသောအပြုံးကိုပြုံးပြီး
" ငါ့ကိုမတွေ့ရင် မိလေပြေကငါ့အပေါ်မှာစိတ်မရှိတော့ပဲနေမယ်လို့မင်းကတကယ်ကြီးထင်နေတာပဲ လရိပ်အေး "
ဟု ပြောသည် ။ ထူးသစ်ပိုင်၏စကားက လေပြေ့ကိုအထင်သေးသည့်စကားဖြစ်နေသောကြောင့် ထောင်းကနဲဖြစ်သွားပြီး
" ထူးသစ်ပိုင် "
ဟု အော်လိုက်သည် ။
၆ ။
မိမိ၏စကားကြောင့် လရိပ်အေးက စိတ်ဆိုးသွားဟန်ဖြင့်
" ထူးသစ်ပိုင် "
ဟု ထအော်သောကြောင့် ထူးသစ် ပြုံးပြလိုက်ပြီး
" ငါ့ကိုစိတ်မဆိုးခင် ငါပြောတာကိုအရင်နားထောင်ကြည့်လိုက် "
ဟူ၍ ပြောလိုက်သည် ။ ပြီးမှ
" အကယ်၍ မင်းပြောသလိုမင်းညီမကိုငါရှောင်နေလိုက်လို့ မင်းညီမကငါ့အပေါ်စိတ်ပြတ်သွားတယ်ပဲထားပါတော့ .... နောက်ထပ်ယောက်ျားလေးတွေနဲ့သူထပ်တွေ့ရမှာပဲ .... အဲ့ဒီလိုထပ်တွေ့ရင် ဒီလိုပဲထပ်ခံစားရမှာပဲ .... ငါပြောတာ မိလေပြေကမကောင်းတဲ့မိန်းကလေးလို့ပြောတာမဟုတ်ဘူးနော် ..... ငါကြည့်ရသလောက် မင်းညီမကသူ့အပေါ်မှာကောင်းပေးတဲ့လူကိုဆို အရမ်းတွယ်တာတယ် .... ငါကငါ့ညီမလေးအရင်းလိုပဲသူ့အပေါ်မှာစေတနာရှိလို့မေတ္တာစစ်ပေးတာပေမဲ့ တခြားလူတွေက သူ့အပေါ်မှာဘာစိတ်နဲ့ဘယ်လိုချဥ်းကပ်တယ်ဆိုတာကိုမသိနိုင်ဘူး "
ဟု စကားစလိုက်သည် ။ လရိပ်အေးက တွေဝေသွားဟန်ဖြင့် မိမိအားကြည့်လာသောကြောင့်
" အရှည်ကြီးပြောရင် မင်းငါ့ကိုတစ်မျိုးထင်ရင်ထင်သွားနိုင်တာမို့လို့ တိုတိုပဲပြောမယ်ကွာ .... အနည်းဆုံးတော့ မိလေပြေငါ့အပေါ်မှာစိတ်ရှိနေတာက တခြားလူတွေနဲ့သူပတ်သတ်မိတာထက်စာရင်တော်သေးတယ်ကွာ ..... ငါဆိုရင် ငါဘယ်မှာနေလဲ ၊ ငါ့မိသားစုဝင်တွေကဘယ်သူတွေလဲ ၊ ငါကလူယုတ်မာလား လူကောင်းလား အဲ့ဒါတွေအကုန်မင်းလွယ်လွယ်သိရမယ်ကွာ ..... ကုန်ကုန်ပြောရရင် ငါ့ကြောင့်မိလေပြေမျက်ရည်ကျလို့မင်းငါ့ကိုထိုးချင်ရင်တောင် ငါ့အိမ်ကိုမင်းသိတယ်ကွာ "
ဟု ထပ်ပြောလိုက်သည် ။ လရိပ်အေးက ဤစကားကို
" လေပြေအေးပြောတာမှန်တယ် .... ငါကအစ်ကိုဖြစ်ပြီးမင်းလောက်တောင်သူ့အကြောင်းမသိဘူး "
ဟု တုံ့ပြန်သဖြင့် ဆွံ့အသွားရသည် ။ ထို့ကြောင့် ခေါင်းကုတ်လိုက်ပြီး
" မင်းဂရုစိုက်ပုံစိုက်နည်းနဲ့ငါ့ဂရုစိုက်ပုံစိုက်နည်းမတူလို့ပါ ..... ဘယ်အစ်ကိုထက်သူစိမ်းက သူ့ညီမအကြောင်းပိုသိမှာလဲ "
ဟု ပြောကာ ပြုံးပြလိုက်သည် ။ ထို့နောက်
" လုံးလုံးကြီးမဟုတ်ရင်တောင် ပတ်ဝန်းကျင်ကမင်းညီမလေးကိုမကဲ့ရဲ့နိုင်အောင် ငါ့ဘက်ကလည်းအနေအထိုင်ဆင်ခြင်ပေးမှာမို့လို့ အဲ့ဒီကိစ္စကိုတအားကြီးစိတ်ထဲမှာထည့်မထားနဲ့ "
ဟု ပြောကာ လရိပ်အေး၏အရှေ့မှ ထွက်လာခဲ့လိုက်သည် ။
၇ ။
ထူးသစ်ပိုင်က ပြောစရာရှိသည့်စကားကိုပြောပြီးနေရာမှထွက်သွားပြီဖြစ်သော်လည်း လရိပ်ကမူ နေရာမှမရွေ့နိုင်သေးပဲ ထူးသစ်ပိုင်ပြောသွားသည့်စကားများကို ပြန်တွေးနေမိသည် ။
ထူးသစ်ပိုင်ပြောသည်မှာလည်း မမှားသောကြောင့် မိမိ၏မူလစိတ်ကူးအတိုင်း လေပြေနှင့်အလိုက်သင့်နေကာ လေပြေအန္တရာယ်မဖြစ်အောင်ကာကွယ်ပေးရန်သာ စိတ်ကူးလိုက်သည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး
" ဒီနေ့ကစပြီး ကိုကြီးကသေချာလေးကာကွယ်စောင့်ရှောက်ပေးမယ် မိလေပြေ "
ဟု ရေရွတ်လိုက်သည် ။
၈ ။
ရပ်ကွက်ဘောလုံးပွဲလူရွေးပွဲက မနက်ဖြန်ဖြစ်သောကြောင့် ထူးသစ် ကျောင်းဆင်းသည်နှင့် အိမ်ကိုအပြေးပြန်လာခဲ့လိုက်သည် ။
အဒေါ်သုံးယောက်အား ဘောလုံးဝင်ကန်မည့်အကြောင်းအသိပေးထားပြီးပြီဖြစ်သောကြောင့် အိမ်ရောက်သည်နှင့် အဝတ်အစားလဲကာ ဘောလုံးကွင်းသို့ထွက်လာခဲ့လိုက်သည် ။ ဘောလုံးကွင်းသို့ရောက်သောအခါ အရှေ့မှကြိုရောက်ထားနှင့်သော ကောင်းခန့်သာနှင့်ဇင်အောင်ဌေးက မိမိအသင်းထဲမှကလေးများနှင့် အပျော်တမ်းခြေစမ်းပွဲကစားနေကြသည် ။ ထို့ကြောင့် နေရိပ်သောနေရာတွင်ထိုင်ကာ ခြေစမ်းပွဲ၏ရလဒ်အဖြေကို စောင့်ကြည့်နေလိုက်သည် ။
ကောင်းခန့်သာနှင့်ဇင်အောင်ဌေး၏ခြေစွမ်းက ယခင်နေ့ကအတိုင်းသာဖြစ်သော်လည်း ပြိုင်ပွဲဝင်ရမည့်ကလေးများ၏ခြေစွမ်းက ယခင်နေ့ကထက် သိသိသာသာတိုးတက်လာသောကြောင့် လက်ခုပ်တီးလိုက်ပြီး
" အကုန်လုံးခြေစွမ်းတွေတက်လာကြတယ် ..... အိမ်မှာစာမကျက်ပဲ ဘောလုံးပဲကန်နေကြပြန်ပြီလား "
ဟု အရွှန်းဖောက်၍မေးလိုက်သည် ။ ဤမေးခွန်းကို ကလေးများက
" ဟာ .... ကိုကြီးကလည်း "
ဟု တုံ့ပြန်ကြသော်လည်း ဇင်အောင်ဌေးကမူ
" ဟုတ်တယ်ကွ .... ငါဟိုနေ့ကမင်းဆီကပြန်ကတည်းက မင်းကိုအားကျလို့ဘောလုံးပဲကန်နေတာကွ "
ဟူ၍ တုံ့ပြန်သည် ။ ထို့ကြောင့် ရှက်ရယ်,ရယ်လိုက်ပြီး
" ငါ့လိုကလေးဗိုလ်ကို အားမကျစမ်းပါနဲ့ကွာ .... အားကျစရာအကွက်လည်းတစ်ခုမှမရှိဘူးကို "
ဟု ခွန်းတုံ့ပြန်လိုက်သည် ။
၉ ။
မနက်က မိမိအားစကားမပြောသောလေပြေက ကျောင်းဆင်းသောအခါတွင်မူ ရယ်ကြဲကြဲမျက်နှာပေးနှင့်
" ကိုကြီး "
ဟု ခေါ်လာသောကြောင့် လရိပ် မျက်လုံးပြူး၍ လေပြေ့ကိုကြည့်လိုက်သည် ။ လေပြေကဆက်၍
" ကိုကြီး ..... မနက်ဖြန် ကိုကြီးအားလား "
ဟု မေးသည် ။ လေပြေက ထူးထူးဆန်းဆန်း မိမိ အား ၊ မအားကို မေးလာသောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး
" ဘာလုပ်ဖို့လဲ "
ဟု မေးလိုက်သည် ။
" ကိုကြီးအားရင် သမီးကို,ကိုကြီးပိုင်တို့ဘောလုံးပြိုင်ပွဲလိုက်ပို့ပေးပါလား "
ဟူသော အဖြေစကားကို ပြန်ရသောကြောင့် ဒေါသထွက်သွားမိသော်လည်း လေပြေတစ်ယောက် မိမိအားအဖော်ခေါ်ရန်သတိရသည်ကိုပင် ကျေးဇူးတင်လိုက်ပြီး
" ဘယ်မှာမို့လို့လဲ "
ဟု မေးလိုက်သည် ။ လေပြေက
" ဟိုဘက် ဆယ့်တစ်ရပ်ကွက်ဘောလုံးကွင်းတင် "
ဟု အဖြေပြန်ပေ
Unlock to read this premium article with 10 points.