Author's Profile Photo

Enola_အန်နိုလာ

21/12/2024

နောက်မှဆိုတဲ့အရာတွေကပဲ တကယ်နောက်ကျသွားတာ...

1 min read
Personal Development
General Knowledge

ကြုံဖူးကြမှာပါ၊ နောက်တော့ ကြီးလာရင် ရေခဲမုန့်တွေအများကြီးစားပစ်မှာ၊ နောက်မှ ခရီးတွေ အများကြီးသွားမယ်ဆိုတဲ့ ဆန္ဒတွေက အချိန်တစ်ခုရောက်လာတဲ့အထိ ဦးစားပေးမဟုတ်ခဲ့ဘူး။ ငယ်ငယ်တုန်းကလည်း ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ငွေချွေတာချင်လို့ပဲဖြစ်ဖြစ် ရှေ့တန်းမတင်ခဲ့တဲ့ ဆန္ဒတွေက အချိန်တစ်ခုရောက်လာရင် တကယ်နောက်ကျသွားတတ်တယ်။ နောက်မှဆိုတဲ့အချိန်ကို ရောက်လာတဲ့အခါ ရေခဲမုန့်တွေအများကြီး စားချင်တဲ့အရွယ်မဟုတ်တော့ဘူး။ ခရီးတွေထွက်ဖို့ မအားလပ်တော့ဘူး၊ ငဲ့ကွက်စဥ်းစားရတဲ့အရာတွေ ရှိလာတယ်။

Relationship တွေမှာဆိုရင်လည်း ဒီတိုင်းပဲ။ နောက်မှ အတူလုပ်ကြမယ်၊ နောက်တော့ အချိန်ရရင် ပိုပြီး ဂရုစိုက်ပေးမှာပေါ့၊ နောက်ဆိုရင် အဆင်ပြေသွားမှာပါဆိုတဲ့ ဖြေသိမ့်စကားတွေကပါ တကယ်နောက်ကျသွားတယ်။ အချိန်တစ်ခုရောက်လာတဲ့အခါ အရာရာဟာ ပြောင်းလဲသွားပြီ။ ရည်စူးထားတဲ့သူကလည်း ကိုယ့်ဘေးမှာ ရှိချင်မှရှိမယ်၊ ကိုယ်တိုင်လည်း ရှိပေးချင်မှ ရှိပေးနိုင်တော့မယ်။ မိဘတွေနဲ့လည်း ဒီလိုပဲ။ အမေတို့ အဖေတို့ ကျန်းမာနေတာပဲ၊ ပိုက်ဆံမလိုပါဘူး၊ ငါနောက်မှ သွားတွေ့မယ်၊ နောက်တော့ မိသားစုချင်းအချိန်

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးအင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း

Unlock to read this premium article with 10 points.