Amelia Loon
❤မာဖီးယားရဲ့မာနမင်းသမီး♥️
Part-1
"ဒီကလေးကိုသတ်ပြစ်လိုက်"
"ဗျာ ဆရာ"
နှစ်နှစ်အရွယ်ကလေးတစ်ယောက်ကိုရက်စက်စွာသတ်ဖြတ်ဖို့ပြောလိုက်သည့်ဉီးမင်းဇော်
ဉီးကျော်စွာမှာမကောင်းမှုလုပ်သော်လည်းဒီလိုကလေးတစ်ယောက်ကိုသတ်ဖြတ်ဖို့ဆိုတာမဖြစ်နိုင်။
"ငါပြောတာကြားလားကျော်စွာ"
"ဒီကလေးကိုဒီလူ့လောကမှာမမြင်ချင်ဘူး"
"ဆရာဒီကလေးက"
"ငါ့ကိုဘာမှပြန်မမေးနဲ့ငါပြောတဲ့အတိုင်းသာလုပ်ကြားလား"
"ဒီကိစ္စသာတစ်ခြားသူသိသွားပြီးအပြင်မှာပေါက်ကြားလို့ကတော့မင်းအသက်ကိုငါအာမ မခံဘူးနော်"
"ကုန်ကုန်ပြောမယ်ကွာမင်းဇနီးတောင်မသိစေနဲ့"
ဉီးကျော်စွာမှာအခက်တွေ့ရလေပြီ။
ဒီကလေးတစ်ယောက်ကိုသူဘယ်လိုသတ်ရက်ပါ့မလဲ။
"ဒီကလေးကကောဘယ်သူမလို့လဲ"
"ဘာလို့ဆရာကသတ်ခိုင်းရတာလည်း"
တစ်လမ်းလုံးအတွေးပေါင်းစုံနဲ့တွေးလာလေသည့်ဉီးကျော်စွာ။
ဆုံးဖြတ်ချက်တစ်ခုကတော့ဒီကလေးကိုမသတ်ပဲသူခေါ်ထားလိုက်တော့မယ်ဆိုတာပဲ။
အိမ်သို့ရောက်လာတော့ လသားလေးသာရှိသေးသည့်သူ့သမီးလေးကိုပွေ့ကာဒေါ်သက်ထားကြွေကလာကြိုလေသည်။
ကလေးတစ်ယောက်ကိုလည်းလက်ကဆွဲထားသည်မြင်တော့ဒေါ်သက်ထားကြွေက
"ကိုယ်ဒီခလေးက"
"ဟိုကွာ ကလေးကမိဘတွေလည်းမရှိတော့သနားလို့ကိုယ်မွေးစားလာတာ"
"ဘာရှင့်"
"ဒီကလေးကဘယ်သူ့ကလေးလည်း"
"ကိုယ်လည်းမသိဘူး"
"ဘာပြောတယ် မသိဘူးဟုတ်လား"
"ဘယ်ကမှန်းမသိတဲ့ကလေးတစ်ယောက်ကိုမွေးစားဖို့ကျမလက်မခံနိုင်ဘူး"
"ထား ကိုယ်ပြောမယ်"
"ဘာမှမပြောနဲ့ကျမလက်မခံဘူး"
"ကိုယ်ပြောတာလည်းနားထောင်ပါအုံးကွာ"
"ကိုယ်မွေးစားမှာမဟုတ်ပါဘူးကွာ"
"ကလေးကိုသနားလို့ ဒီမှာခေါ်ထားရုံပါပဲကွာ"
"အဲ့ဆိုလည်းဉီးဇော်ကိုပဲခေါ်ခိုင်းထားလိုက်"
"အေးပါကွာ အေးပါ"
"ဉီးဇော်ရေ ဉီးဇော်"
"ဉီးကျော်စွာကခြံစောင့်ဉီးဇော်ကိုလှမ်းခေါ်လိုက်လေသည်"
"ဆရာဘာခိုင်းစရာရှိလို့လည်း"
"ဒီမှာဒီကလေးကိုမင်းနဲ့အတူခေါ်ထားလိုက်ပြီးရင်ဒီကလေးကမင်းရဲ့တူ မိဘတွေမရှိတော့လို့မင်းခေါ်မွေးထားတာအဲ့လိုပြောကြားလား"
"ဉီးဇော်လည်းဆရာဖြစ်သူပြောတဲ့အတိုင်းဘာမှမသိရှာသေးတဲ့နှစ်နှစ်အရွယ်ကလေးလေးကိုခေါ်ကာခြံထဲကသူနေသည့်ဂိုထောင်ထဲကိုခေါ်လာခဲ့လေသည်"
ခလေးကအတော်ချစ်ဖို့ကောင်းလေသည်။
ရုပ်ကိုကြည့်ရုံနဲ့တင်မျိုးရိုးမြင့်အဆင့်အတန်းကဆိုတာသိနိုင်သည်အထိဖြစ်လေသည်။
"ကဲ ကလေး မင်းကဘယ်လိုအကြောင်းကြောင့်ဒီကိုရောက်လာခဲ့ရတယ်ဆိုတာငါမသိဘူး"
"ငါ့လက်ထဲရောက်လာပြီဆိုတော့လည်းငါမွေးထားရတော့မှာပေါ့ကွာ"
"လူတစ်ယောက်ဖြစ်လာပြီဆိုရင်နာမည်ကအဓိက ကွ"
"အဲ့တော့မင်းကိုနာမည်ပေးရမယ်"
"စဉ်းစားစမ်း နာမည် နာမည်"
"အာ ဟုတ်ပြီကွာ စက်ရှား မင်းနာမည်စက်ရှား"
"အဲ့လိုပေးမယ်ကွာ မင်းနာမည်ကစက်ရှား"
"မှတ်ထားရမယ်နော်ကလေး"
"ကလေးရယ်မင်းကိုတော့သနားမိတယ်ကွာ"
~~~~~~~~~~~~~~~~~~~~~~~~~~~
အနှစ်17မျှကြာသော်.........
"မာမီရေ မာမီ ကြွေဆယ်တန်းအောင်တယ်သိလား"
ကားပေါ်ကဆင်း ဆင်းခြင်းအော်ကာအိမ်ထဲကိုဝင်ပြေးသွားသည့်ကြွေပုဏ္ဏမီ။
"ဟယ် ဟုတ်လားသမီး"
"4Dပါတယ်မာမီရဲ့"
"မာမီ့သမီးလေးကတော်လိုက်တာကွယ်"
"ဒယ်ဒီကောဝမ်းမသာဘူးလား"
"ဝမ်းသာတာပေါ့ကွာ ကဲ သမီးဘာလိုချင်လည်းပြော"
"ကြွေလိုချင်တာကိုဒယ်ဒီတကယ်ပေးမှာလား"
"ပေးမှာပေါ့ ကွ သမီးကဘာလိုချင်တာလည်း"
"နောက်ဆုံးပေါ်ဖြစ်တဲ့ကားတစ်စီး"
"ရပြီလို့သာမှတ်လိုက်တော့သမီး"
"ဟေးးးး"
လက်ခုပ်လေးတီးကာ ခါးအောက်ထိရှည်တဲ့ဆံပင်တွေပျံဝဲနေအောင်ခုန်ပေါက်ကာပျော်မြူးနေလေသည်။
ခြံထဲမှာပန်းပင်ပျိုးနေသည့်စက်ကကြွေပြောသည့်စကားများကိုနားထောင်ကာအပြုံးတစ်ပွင့်ဖြစ်ထွန်းလိုက်လေသည်။
သူ့အလှည့်ကကြAll Dပါခဲ့တာတောင်ပျော်ရွှင်ပေးမယ့်သူဆိုလို့အဘဇော်တစ်ယောက်ပဲရှိပေးခဲ့တာ။
"ဒါလည်းငါ့ကံပါပဲလေ"
"စက်ရှား စက်ရှား"
အတွေးလွန်နေတုန်းကြွေရဲ့စက်ရှားဆိုသည့်အသံကြောင့်ဟုတ်ကဲ့မမလေး။
"ငါအော်နေတာမကြားဘူးလား"
"ဟဲ့ ငါပြောနေတာကြားလား"
"ကြားပါတယ်"
"မထုံတက်သေးနဲ့အမြဲတမ်းနှစ်ခါမပြောရရင်မပြီးဘူး"
"အဆင့်မရှိတဲ့လူတွေကတော့တကယ်ပဲ"
"အခုငါအပြင်သွားမလို့ကားထုတ်လာခဲ့"
အဆင့်မရှိတဲ့လူဆိုတဲ့စကားကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကာဒေါသကိုမျိုသိပ်လိုက်ရလေသည်။
သူမစိတ်ချမ်းသာဖို့အတွက်သူမပြောသည့်အတိုင်းကားထုတ်ကာသူမသွားမည့်နေရာသို့ဉီးတည်ကာမောင်းလိုက်လေသည်။
ကားမှန်ထဲကနေ ဖုန်းကိုကြည့်နေသည့်သူမလေးကိုကြည့်နေမိသည်။
အပြောအဆိုကြမ်းပေမယ့်ကြွေဆိုသည့်အတိုင်းကြွေရုပ်လေးလိုသူမလေးကအတော်လှပေသည်။
အနီရောင်ဂါဝန်လေးကဖြူဖွေးနေသည့်အသားအရည်ပေါ်မှာလှပစွာ။
ဆံပင်ရှည်တွေကိုအမြင့်မြောက်စီးထားတာကြောင့်လည်တိုင်ဖြူဖြူလေးကကျော့ရှင်းနေလေသည်။
"နင်ဘာကြည့်နေတာလည်း နင့်အကြည့်တွေကိုပြင်လိုက်"
သူတစ်စိမ့်စိမ့်ကြည့်နေတုန်းသူမမြင်သွားပြီးစကားကြမ်းတွေနဲ့ပြောလာလေသည်။
စက်လည်းမျက်လွှာချလိုက်ပြီး ကားကိုသာဂရုစိုက်မောင်းလိုက်လေတော့သည်။
"ဟွန့် ဘယ်လိုလူလည်းမသိဘူး နှာဘူးကောင်"
"ရပြီ ရပ်တော့ "
ကြွေအမိန့်ရတာနဲ့စက်လည်းကားကိုရပ်လိုက်လေသည်။
"နင်ဒီမှာပဲနေခဲ့ ငါပြန်လာတဲ့အချိန်ထိစောင့်"
"စက်လည်းခေါင်းသာညိမ့်ပြလိုက်လေသည်"
ဆိုင်ထဲသို့ဝင်သွားသည့်သူမကိုကြည့်ကာ ခေါင်းရမ်းခါသာကျန်ခဲ့လေသည်။
နွမ်းနေသည့်ရှပ်အင်္ကျီနှင့်ပုဆိုးသာဝတ်ထားသော်လည်းရှည်ကျနေသည့်မျက်နှာနှာခေါင်းမျက်ခုံးလေးကိုင်းသဏ္ဍာန်နှုတ်ခမ်းတို့ကအတော်လေးဆွဲဆောင်မူရှိလှပေသည်။
ယောက်ျားအင်္ဂါရပ်နှင့်ညီမျှသည့်အရပ်ကခြောက်ပေကျော်ကြောင့်တက္ကသိုလ်မှာဆိုမိန်းကလေးတွေရဲ့အသဲဆွဲဖြစ်ရလေသည်။
"ဟဲ့ ကြွေဘယ်သူနဲ့လာတာလည်း"
ကြွေကမျက်နှာကိုမဲ့လိုက်ကာစလင်းဘတ်ကိုခုံပေါ်တင်လိုက်ပြီး ခုံကိုဆွဲကာဝင်ထိုင်လိုက်သည်။
"ဘယ်သူရှိရမှာလည်းဟိုမထုံတက်သေးနဲ့ပေါ့"
"ဟယ်ငါ့ကိုကိုနဲ့လာတာလား"
"ဟဲ့မိန်းမစကားကိုကြည့်ပြောသူ့လိုလူကိုနင်တို့မို့စိတ်ဝင်စားနေတာ"
"ဟယ် ကြွေကလည်းအဲ့လိုတော့မပြောပါနဲ့ငါ့ကိုကိုကရုပ်လည်းချောတယ်စာလည်းတော်တယ်"
"ဟုတ်တယ်မလားသူဇာ"
"မာလာကသူဇာကိုပါအဖော်ညှိလိုက်လေသည်"
"ဒါပေါ့ အဲ့လောက်တောင်ဆွဲဆောင်မှုရှိတာကို"
"ကြွေကတော့မျက်နှာချောချောကိုမဲ့လိုက်ကာဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိပါဟယ်အဆင့်မရှိတာကအဆင့်မရှိတာပဲ"
ကြွေရဲ့အပြောကြောင့်သူငယ်ချင်းမနှစ်ယောက်လည်းလက်တို့ကာပါးစပ်ပိတ်လိုက်လေသည်။
"နင်တို့ဘာစားမှာလည်းဒီနေ့ငါအကုန်ကျွေးမယ်"
"ဟီးးးအာ့ဆိုရင်မာလာတို့ကတော့လက်မနှေးတော့ဘူးဟေ့"
"သူငယ်ချင်းသုံးယောက်စကားတွေပြောမုန့်စားရင်းအချိန်ကုန်သွားလေသည်"
~~~~~~~~~~~~~~~~~~~~~~~~~~~
"အဘဇော်"
ကွပ်ပျစ်မှာလက်နောက်ပြစ်ရင်းခြေဆင်းပြီးချိတ်ကာကောင်းကင်ကိုမော့ကြည့်ရင်းထိုင်နေသည့်စက်ကသူ့ဘေးမှာကွမ်းယာနေသည့်အဘဇော်ကိုခေါ်လိုက်လေသည်။
"ဟေ"
"အဘဇော်ကောချမ်းသာချင်လား"
"ဟား ဟား ဟား"
အဘဇော်ကစက်ရဲ့အပြောကြောင့်ကွမ်းယာကိုပါးစပ်ထဲထည့်ရင်းရယ်လေသည်။
"ချမ်းသာချင်တာပေါ့ကွ"
"ဒါပေမယ့်ငွေနဲ့မဟုတ်ဘူးစိတ် စိတ်ချမ်းသာချင်တာ"
"လူတစ်ယောက်မှာစိတ်ချမ်းသာဖို့ကအဓိက ကွ"
"ဘယ်လောက်ပဲချမ်းသာ ချမ်းသာစိတ်မချမ်းသာရရင်ဘာကောင်းကြိုးရှိမလဲ"
"ဟုတ်တယ်မလားအဘဇော်ပြောတာ"
"အင်းးးအဘဇော်ပြောတာလည်းဟုတ်တာပဲ"
"ကဲ ကဲလူလေးညလည်းနက်နေပြီအိပ်တော့"
"အတွေးလွန်မနေနဲ့တော့"
"အဘဇော်လည်းခြံထဲတစ်ပတ်လောက်ပတ်ကြည့်လိုက်အုံးမယ်"
"ဟုတ်ကဲ့အဘဇော်"
"အေး အေး"အဘဇော်ကစက်ရဲ့ပုခုံးကိုပုတ်ကာဓာတ်မီးတစ်လက်ကိုကိုင်ပြီးထွက်သွားလေသည်။
စက်လည်းကုတင်ထက်လှဲကာစောင်အပါးလေးတစ်ထည်ကိုခြုံလိုက်ပြီးနဖူးပေါ်ကိုလက်တင်ကာ ကြွေမင်းဘာကြောင့်အဲ့လောက်တောင်မောက်မာနေရတာလည်းကွာ။
"မောက်မာမှုတွေကမင်းရဲ့မျက်နှာနဲ့မလိုက်ဖက်ဘူးကွာ"
"ယဒီနေ့ညလည်းကြွေ အကြောင်းတွေးကာသာအိပ်ယာဝင်ခဲ့ရပြန်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
"စက်ရှား စက်ရှား"
မှုံနံ့သာအပြည့်နှင့်စက်ကိုခေါ်ကာဂိုထောင်ထဲအထိဝင်လာသည့်ကြွေ။
စက်လည်းထိုင်ခုံမှာကျောင်းကစာတွေပြန်ကြည့်နေရင်းသူမအသံကြောင့်စာအုပ်ကိုစားပွဲပေါ်တင်လိုက်ကာထလိုက်လေသည်။
ပေါင်လည်သာသာရှိတဲ့ဂျင်းဘောင်းဘီအတိုလေးကိုလက်နှစ်လုံးခါးတိုအင်္ကျီအဝါလေးနဲ့တွဲဖတ်ဝတ်ထားသည့်သူမကပုရိသတွေကိုအတော်ဆွဲဆောင်မှုရှိလှလေသည်။
သူမကိုခြေဆုံးခေါင်းဆုံးကြည့်နေသည့်စက်ကြောင့် ကြွေမှာအတော်လေးဒေါသထွက်လာရလေသည်။
"ဟဲ့ နင်ဘာကြည့်နေတာလည်း"
"ကြွေကမိန်းကလေးဆိုတော့အဲ့လိုမဝတ်သင့်ဘူးထင်လို့"
ရင်ထဲကနေဖြစ်ထွန်းလာသည့်စက်ရဲ့စကားကအလိုလိုနေရင်းထွက်လာလေသည်။
"ဟင် နင် နင်ဘာစကားပြောတာလည်းနှာဘူးကောင်"
"နင်ကလေ လူသာအဆင့်မရှိတာမဟုတ်ဘူးစိတ်ဓာတ်လည်းအောက်တန်းကျပါလား"
"ကြွေ ပုဏ္ဏမီ"ဒေါသမျက်ဝန်းနှင့်လက်သီးကိုဆုတ်ကာတစ်ခါမခေါ်ခဲ့ဖူးသည့်ကြွေပုဏ္ဏမီဆိုပြီးနာမည်အပြည့်ကိုအော်ခေါ်လိုက်လေသည်"
ကြွေမှာမျက်ဝန်းအဝိုင်းသားနဲ့စက်ကိုပြန်ကြည့်ကာ ဘာလည်းနင်ငါ့ကိုဘာလုပ်ချင်လို့လည်း။
"တောင်းပန်ပါတယ်ငါမင်းကိုပြောလိုက်တဲ့စကားကမင်းအတွက်အဆင့်အတန်းမရှိသလိုဖြစ်သွားရင်"စက်လည်းပြောပြီးတာနဲ့ကြွေရှေ့ကနေထွက်သွားလေသည်။
"ဟဲ့ စက်ရှား နင့်ကိုငါပြောလို့မပြီးသေးဘူးအခုပြန်လာခဲ့စမ်း"
"ကဲပါသမီးရယ်စိတ်ကိုလျော့လိုက်ပါတော့"
သူမတို့နှစ်ယောက်ဘာတွေဖြစ်တယ်ဆိုတာအစအဆုံးမြင်လိုက်တဲ့အဘဇော်ကပဲဝင်ပြောလိုက်လေသည်။
"အခုသမီးဘယ်သွားမလို့လည်း အဘဇော်ဘယ်လိုက်ပို့ပေးရမလဲ"
"တော်ပြီ တော်ပြီအဘဇော်ကြွေဘယ်မှမသွားချင်တော့ဘူး"
ကြွေလည်းထိုမှထွက်လာလိုက်လေသည်။
အဘဇော်ကတော့နှစ်ယောက်ကိုကြည့်ရင်းသက််ပြင်းမောတစ်ချက်ချကာခေါင်းရမ်းရင်းကျန်ခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်လျက်။ဒီအပိုင်းလေးအပေါ်ဘယ်လိုခံစားရလည်းဆိုတာလည်းပြောခဲ့ကြပါအုံးနော်။တစ်ခြားသူလေးတွေကိုလည်းမျှဝေစေချင်ပါတယ်။အားလုံးကိုချစ်တဲ့အလွန်း။
Keep Reading