Author's Profile Photo

Reviews by Benevolent

18/08/2025

သုံးနှစ်သုံးမိုး

2 mins read
Book Review
Novel
Fiction
သုံးနှစ်သုံးမိုး's photo

အိမ်ထောင်ရေးသုခ ဆိုတာဘာလဲ ၊လူအများစုအိမ်ထောင်ရေးဘဝ၏ အဓိကရည်မှန်းချက်က အချစ်မဟုတ်တော့၊ ပျော်ရွှင်ချမ်းမြေ့မှုလည်း မဟုတ်တော့၊ ဝာာဝန်ဝတ္ထရားသာဖြစ်လာတယ်။ကလေးတွေ၏ပညာရေး၊ အိမ်ထောင်ထိန်းသိမ်းမှု၊ စီးပွားရေးစသည်စသည်များသာဖြစ်လာကြတယ်။အိမ်ထောင်သက်ကြာလာတဲ့အမျှ အိမ်တွင်းပွတ်တိုက်မှုတွေကတော့ရှိကြတယ်။စာမျက်နှာ-၁၆၉ နဲ့ စာအုပ်တစ်အုပ်အကြောင်းပြောပါရစေ။ဒီဝတ္ထုက မိသားစု၊ အချစ်၊ စီးပွားရေး၊ လူမှုရေးအပြောင်းအလဲနှင့် လူသားတို့၏ စိတ်ခံစားချက်များကို နက်နက်ရှိုင်းရှိုင်း လေ့လာထားတဲ့ ရုရှားစာရေးဆရာကြီးအန်တွန်ချက်ကော့ (Anton Chekhov) ၏လက်ရာ တစ်ခုဖြစ်တယ်။

ဇာတ်လမ်းက မော်စကိုမြို့မှ "ဖီဒါလက်ပတစ်နှင့်သားများ" အမည်ရှိ နာမည်ကျော်ကုန်တိုက်ကြီးတစ်ခု၏ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ လက်ပတစ်၊သူမိသားစုနှင့် သူတို့၏ မော်စကိုမြို့ရှိ ကုန်တိုက်ကြီးကို အခြေခံထားတယ်။
တစ်ရက်တော့ လက်ပတစ်တစ်‌ယောက် အစ်မနီနာ ကင်ဆာရောဂါဝေဒနာပြင်းထန်စွာခံစားနေရလို့ သတင်းသွားမေးရာကနေ ဒေါက်တာဗိုရီဗစ်တွေ့မိတယ်၊ဒေါက်တာဗိုရီဗစ် ဆိုတာ အရပ်ပုကွကွ၊ ကပ်စေးနှဲ ကော်တရာကြီးအဖြစ်ပုံဖော်ထားတယ်။အဲ့‌နောက် ဒေါက်တာသမီးယူလီယာ ဆိုတဲ့မိန်းမပျိုလေးကို မြင်မြင်ချင်းပဲသဘောကျမိသွားတယ်။မော်စကိုမြို့ကြီးသားလက်ပတစ် ဟာချမ်းသာတဲ့ကုန်သည် မိသားစုမှပေါက်ဖွားလာသူဖြစ်ပြီး စိတ်ဓာတ်ကျတတ်တယ်။ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေနေသူတစ်ယောက်သာဖြစ်တယ်။ယူလီယာ၊လက်ပတစ်၏ ဇနီး၊ လှပပေမယ့် စိတ်မပါတဲ့ အိမ်ထောင်ရေးကို ရုန်းကန်နေရသူ၊ ယခင်ချစ်သူကြောင့်အိမ်တွင်းစိန်ခေါ်မှုတစ်ခုပေါ်လာတယ်။လက်ပတစ်တစ်ယောက်အစပိုင်းတွင် မိသားစုလုပ်ငန်းကို ဆက်ခံရန် ဖိအားများနေခဲ့တယ်၊သူဘဝ၏ အတွေးအခေါ်များနှင့်သာ ပြည့်နှက်နေတယ်။ယူလီယာနှင့် ချစ်ခြင်းမေတ္တာမပါဘဲ လက်ထပ်လိုက်မိတယ်။အိမ်ထောင်သက် ၆ လပြည့်တဲ့အချိန်မှာတော့

"ငါ ဘယ်လိုခံစားနေရသလဲ သိလား၊ ငရဲမှာ ရောက်

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.