Author's Profile Photo

Reviews by Benevolent

28/08/2025

မာယာဘုံ

3 mins read
Book Review
Novel
Fiction
မာယာဘုံ's photo

စာမျက်နှာ-၅၃၈နဲ့ စာအုပ်လေးကတော့ ဘဝသရုပ်ဖော်စာအုပ်လေးတစ်အုပ်၊ဆရာကြီးမြသန်းတင့် စာအုပ်ပီပီ
လူ့ဘဝ နဲ့ အရမ်းနီးကပ်ပြီး အတွေးတွေအများကြီးပေးခဲ့တဲ့စာအုပ်လေးပါ ။ဆရာမြ ရဲ့ အရေးအသား ကတော့ 'မာယာဘုံ' စာအုပ်တအုပ်လုံး ဖတ်ပြီးတဲ့နောက်မှာပဲ သက်ပြင်းအရှည်ကြီးနဲ့ လူကို ကျန်ခဲ့စေတယ်။1960 ခုနှစ်ဝန်းကျင်ကာလကို ရေးသား ပုံဖော်ထားခြင်းသာဖြစ်ပါတယ် ။အများပိုင် ခေါင်းစဉ်နဲ့ တိုင်းပြည်ရဲ့စီးပွား‌ရေးဈေးကွက်ကို ထိန်းချုပ်လိုက်ချိန်၊ ပြည်သူတွေခက်ခဲကျပ်တည်းလာတယ်။ဇာတ်လမ်းက ဆိုရှယ်လစ်ခေတ်၊ သမဝါယမဆိုင်တွေက ပစ္စည်းတွေဝေခြမ်းတဲ့ခေတ်ကာလ။ အဲ့ခေတ် သမဝါယမဆိုင်တွေကပစ္စည်းတွေကို နောက်ပေါက်ကနေခိုးထုတ်ကြ၊အပြင်မှာ ပစ္စည်းတွေကိုမတန်စျေးတင်ရောင်းပြီး အမြတ်ကြီးစားပြီး သွေးစုပ်ဖုတ်ကောင်တွေ ခေတ်စားတဲ့ အတွင်းက ဇာတ်လမ်းတစ်ပုဒ်လို့ပြောရမယ်။ဆိုရှယ်လစ်အိမ်မက်တွေကတော့ အလုပ်လက်မဲ့ဒုက္ခ၊ ကုန်ပစ္စည်းတွေစျေးကြီးတဲ့ဒုက္ခများဖြင့်သာ ပင်လယ်ဝေစေခဲ့တယ်။

ထမင်းငတ်ကြလို့ မှောင်ခိုလုပ်ကြရတယ်။ အဖမ်းခံရရင် လိုင်းကြေးနည်းရင်ထောင်ကျတယ်။ဒါ‌ပေမယ့်အပြင်မှာထမင်းမဝလို့ ထောင်ထဲထမင်းကျွေးတယ်အမြင်နဲ့ ကျေနပ်တဲ့သူတွေလည်းရှိတယ်။အပေးယူလုပ်ပြီး ညှိလို့တော့ရတယ်၊ လူမဖမ်း ပစ္စည်းထားခဲ့ဆိုတာမျိုး ၊အဲ့အထုပ်အထည်နဲ့ကျ ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်လိုက်တယ်။ပခုက္ကူ ၊ မုံရွာ၊ ရေဦး၊ ရေစကြိုမှစလို့ ကလေးဝ၊ ကလေး၊ တမူး အလယ် ၊ တောင်ကြီး၊ဟဲဟိုး၊ကျိုင်းတုံ၊တာချီလိတ်အထိပါမကျန် ကုန်ကူးကြ မှောင်ခိုလုပ်ကြတဲ့ ကုန်သည်အသေးအလတ်အကြီးတွေရဲ့ကြားက ဖြစ်မှုပျက်မှုဇာတ်လမ်းအစုံအလင်ကို ဖတ်ရမယ်...

လူ့လောဘ ရဲ့ လှည့်စားမှုကို မာယာဘုံအနေနဲ့ တင်စားထားတာ ပါ။ပြည်ပျက်ရင် စီးပွားလုပ်လို့ကောင်းတယ်ဆိုတဲ့လူတန်းစားတွေကိုပါ မီးမောင်းထိုးပြသွားတယ်။လူ့သဘောမနော တွေ လူတွေနဲ့ဆက်ဆံရမယ့်ပုံတွေ အကုန်ပြည့်စုံအောင်ထပ်ဖြည့်ပေးထားတယ်။ဝိသမ လောဘ သားတွေ အကြောင်းတွေ၊ ကျောက်မီးသွေးကျင်းအလုပ်သမားဘဝခက်ခဲကြမ်းတမ်းပင်ပင်ပန်းပန်းအသက်ကိုရင်းအလုပ်လုပ်ကိုင်ရပုံတွေ၊အစုံပါတဲ့ရသ၊စာပေအနှစ်သာရကအများကြီးပိုတဲ့ စာအုပ်တစ်အုပ်ပါ။

ကန္တာရထဲမှာ ငတ်ငတ်ပြတ်ပြတ်လမ်းလျှောက်နေတဲ့လူတစ်ယောက် ၊ မသန့်ရှင်းတဲ့ ရေတွေ့တဲ့အခါ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့က အလွန်ခက်လိမ့်မယ်။ ဒီထဲမှာ အေးမာဆိုတဲ့ တောသူလေးလည်း ပါတယ်။အမှောင်ထု ခေါင်းမြီးခြုံထားတဲ့ညမှာ မဟူရာမြစ်ထဲလမ်းဖြတ်လျှောက်နေရသူအဖို့ ကြယ်တွေ အလှကို မော့ကြည့်ခံစားနိုင်ကြမှာ မဟုတ်ဘူး။ကျောက်တွေဟာ ပြင်ပက အပူချိန်နဲ့ဖိအားတွေကြောင့် အသွင်ပြောင်းလဲတတ်ကြတယ်။ လူတွေကတော့ ဖြတ်သန်းရတဲ့ခေတ်နဲ့ပတ်ဝန်းကျင်ကြောင့် ၊ခေတ်ပျက်မှာမက်မိတဲ့ခပ်စုတ်စုတ်အိပ်မက်ကြောင့်အသွင်းပြောင်းလဲသွားတတ်ကြတယ် ။အေးမဟာခေတ်ရဲ့နင်းချေခြင်းကိုခံလိုက်ရတဲ့ ကျောက်စရစ်ခဲတစ်လုံးဖြစ်သွားတယ်။

"ကျောက်တွေဟာ ဘဝပြောင်းကြသလိုလူတွေလည်းဘဝပြောင်းကြတယ်။အသွင်ပြောင်းကြရတယ်။ဒါပေမယ့်ကျောက်နဲ့ လူ ကွာတာတစ်ခုတော့ရှိတယ်။ကျောက်က အသွင်ပြောင်းသွားပေမယ့်တစ်နေ့မှာနဂိုရှိရင်းစွဲအခြေနေကိုပြန်ရောက်နိုင်တယ်။ လူကတော့ နဂိုရှိရင်းစွဲနေရာကိုပြန်မရောက်နိုင်ဘူး။''

ယမားချောင်းနားက ကတုံးဇရက်ကလေးရှေ့၊ ထနောင်းပင်ကျိုးတို့ကျဲတဲရိပ်မှာခိ

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ

Unlock to read this premium article with 100 points.