Author's Profile Photo

Reviews by Benevolent

28/08/2025

တောင်ပံမဲ့သင်းကွဲတေးဆိုငှက်

1 min read
Book Review
Novel
Fiction
တောင်ပံမဲ့သင်းကွဲတေးဆိုငှက်'s photo

ခေတ်ကာလပုံစံ ပြောင်းသွားလည်း ပေးချင်တဲ့ ရည်ရွယ်ချက်က တန်ဖိုးရှိနေမည့် စာအုပ်လေး တစ်အုပ်ကိုပြောပါဆိုရင် ကျွန်တော်ဒီစာအုပ်လေးကို အမြဲပြောနေမိမှာ အမှန်ပါပဲ။ဒီစာအုပ်က ဘာထူးခြားလို့လဲဆိုရင် ထူးခြားမှုက ဇာတ်လမ်းက ရိုးရှင်းတယ်၊လောကသဘာဝကျတယ် ဒီလောက်ပါပဲ။ အဲ့အရာတွေကတွေက တန်ဖိုးမြင့်နေတာပါ။ ၈ နှစ်အရွယ် စကောက်( Scout) က ဇာတ်ကြောင်းတစ်ခုလုံးကို ပြောပြတဲ့ပုံစံနဲ့ ရေးထားတယ်။ အချစ်ဇာတ်လမ်းမပါတဲ့ လူတန်းစားခွဲခြားမှု၊ မိဘက သားသမီးပေါ်အုပ်ထိန်းမှု၊ လူအခွင့်ရေးဆိုင်ရာ ပြသနာတွေ၊ အရေးအသားနဲ့ တင်ပြပုံကောင်းလွန်တာကြောင့် အကျိုးရှိစေတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သွားတယ်။

တကယ်တော့ ၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဆရာမ ဟားပါးလီ (Harper Lee) ရဲ့ ကမ္ဘာကျော် ဝတ္ထုတစ်အုပ်၊ ၉၆ ပတ် ( ၂နှစ် ) ဝန်းကျင်အထိ ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့သလို ၁၉၆၁ တွင်လည်း ပုလစ်စာ ( Pulitzer) ဆုရရှိခဲ့တယ်။၂၀၀၇ ခုနှစ်မှာ Presidential Medal of Freedom ဆုကိုထပ်ရတယ်။၁၉၆၂ တွင်ဒီဇာတ်လမ်းကို မင်းသားကြီး ဂရေဂရီပက် (Gregory Peck) ပါဝင်သရုပ်ထားတဲ့ရုပ်ရှင်ဇာတ်ကားလည်း အကယ်ဒမီ သုံးဆုရခဲ့တယ်။ အခြားဆုတံဆိပ်များစွာနဲ့လည်း ဂုဏ်ပြုခံရတယ်။ဆရာကြီးတင်မောင်မြင့်က မြန်မာဘာသာပြန်ဆိုပြီးတဲ့ အခါမှာလည်း၂၀၀၄ ခုနှစ်ရဲ့ အမျိုးသားစာပေဘာသာပြန်ဆု ရခဲ့ပါသေးတယ်။

ရာစုနှစ်ရဲ့ အကောင်းဆုံးစာအုပ် ၁၀၀ မှာ စာရင်းဝင်သွားတယ်။ဒါအပြင်အမေရိကန်ဥပဒေကျောင်းသားတွေရဲ့ လက်စွဲစာအုပ်အဖြစ်သတ်မှတ်ခံခဲ့ရသည့်အထိ တရားမျှတမှုတွေနဲ့ ပတ်သက်ပြီး အမြင်တွေ ယူဆပုံတွေက မှတ်သားစရာတွေပါ။ဘာသာရေးအယူသည်းမှု ကြောင့် နိမ့်ကျသွားတဲ့ လူတွေရဲ့အတွေးခေါင်မှုများဟာ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာလဲ ဖော်ပြထားပါတယ်။

အင်မတန်ရှေးဆန်ပြီး သိပ်ပျင်းစရာကောင်းတဲ့ အမေရိကန်တောင်ပိုင်း ခြောက်ကပ်ကပ် မြို့ကလေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတယ်။အနိမ့်ခံလူမည်းတစ်ယောက်က လူဖြူမတစ်ယောက်ကို မုဒိမ်းမှုကျူးလွန်ပါတယ်ဆိုပြီး တရားခွင်မှာ အဓိက ဖြေရှင်းရတဲ့ ဇာတ်လမ်းပါ။လူမည်းဖက်ကနေ အဓိကရပ်တည်မည့်သူက ဇာတ်လိုက် ရှေ့နေအာတီကတ်စ် ဖင့်ချ် (Atticus Finch)ပါ။သူရဲ့ အမြင်တွေ၊အတွေးအခေါ်တွေ၊ ပြီးတော့ ကလေးတွေကို ဆုံးမ၊အုပ်ထိန်းပုံတာတွေက ကျွန်တော်အတွက် တကယ့်အတုယူစရာတွေဖြစ်သည့်အပြင် ဇာတ်လမ်းကိုလည်း အရှိန်ဝါကြီးလာအောင် လုပ်ပေးတယ်။သဘောထားမြင့်မြတ်တဲ့ဖခင်တစ်ယောက် သားသမီးအပေါ်ပြောဆိုဆုံးမပုံတွေက နားထဲစွဲစေတယ်။

"သူ့နေရာကဝင်ကြည့်ပါ။ သူ့ဘ၀ထဲကို ဝင်နေကြည့်ပါ။ သူ့ရင်ထဲကိုဝင်ကြည့်ပါ။ သူ့ဖိနပ်ကိုစီးပြီး လျှောက်ကြည့်ပါ။ အဲ့ဒီလိုမလုပ်သမျှ ဘယ်တော့မှ လူတစ်ယောက်ကိုနားမလည်နိုင်ဘူး "

ဂုဏ်မဆာတတ်တဲ့ ဖခင်ကြီး အာတီကတ်စ်(Atticus)နဲ့အတူ သားလေးဂျင်မ်(Jim) ၊ သမီးလေး စကောက် (Scout) တို့ဟာ အနေအေးဆေးစွာနေကြတယ်။လွမ်းခန်းတွေလုံးဝမပါဘဲနဲ့ အာတီကတ်စ်ဖင့်ချ် နှင့် သူ့သားလေးရယ်၊ သမီးလေးရယ်က စာဖတ်သူကိုဇာတ်သိမ်းထိ ခေါ်ဆောင်သွားတယ်။ဒီစာအုပ်က တကယ့်ကို လောကသဘာဝထက်လွန်

ဆရာမောင်ထွန်းသူဆိုတာဟာရူကီမူရာကာမိဆိုတာပါရီကျဆုံးခန်းစာရေးဆရာနတ်နွယ်ဆိုတာအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့The Fall Of Spartacus𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာ

Unlock to read this premium article with 100 points.