Reviews by Benevolent

စာအုပ်တွေဟာ အသိတစ်ခုပေးရုံသာမက၊ အတွေးနယ်ချဲ့ခွင့်လည်းပေးတယ်။စာအုပ်ဖန်တီးသူ စာရေးဆရာတွေမှာလည်း ပြုံးရယ်စရာ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့လည်း ပြည့်နေတတ်ပါတယ်။ ပြင်သစ်စာရေးဆရာဗစ်တာဟူဂိုး (Victor Hugo)က သူ့ရဲ့ Notre-Dame de Paris (နိုထရာဒမ် ဒါ ပါရီ) ဝတ္ထုကြီးကို ရေးနေစဉ် အိမ်ထဲမှာ အဝတ်အစားအကုန်ချွတ်ပြီး ရေးသားခဲ့တယ်။၁၈၃၁ ခုနှစ်ကထုတ်ဝေခဲ့တဲ့Notre-Dame de Paris( The Hunchback of Notre-Dame) စာအုပ်က နိုထရာဒမ် ဘုရားရှိခိုးကျောင်းက ခါးကုန်းချို့တဲ့သူအကြောင်းပါတယ်။အဓိကဇာတ်ကောင် သုံးဦးထဲကတစ်ဦးဖြစ်တဲ့ခါးကုန်းချို့တဲ့သူကွေးဆီမိုဒို (Quasimodo)ကသူ့ရဲ့အပြင်ပန်းဟာ အရမ်းရုပ်ဆိုးပေမယ့်၊ အတွင်းနှလုံးသားကတော့ စစ်မှန်ပြီး မေတ္တာထားတတ်သူဖြစ်တယ်။ သူဟာ ဘုရားကျောင်းကို သူ့အိမ်လိုမြင်ပြီး အရာရာကို စွန့်လွှတ်တတ်တယ်။ဒီဝတ္ထုကြီးရဲ့ အောင်မြင်မှုဟာ ၁၉ရာစုမှာ ပျက်စီးလာနေတဲ့ နိုထရာဒမ်ဘုရားကျောင်းကို ပြန်လည်ထိန်းသိမ်းမွမ်းမံဖို့ လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့တယ်။ဘုရားကျောင်း ထိန်းသိမ်းရေးအစီအစဉ်တွေဖြစ်လာခဲ့တယ်။
ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲ
ဒီအကြောင်းကို ဟူဂိုးရဲ့ သားဖြစ်သူ Charles Hugo က သူရေးသားခဲ့တဲ့ ဗစ်တာဟူးဂိုး အွန် ဇေလာန့် (Victor Hugo en Zélande)စာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ပြင်သစ်လို en ကို နှာသံဖြင့် "အွန်" လိုအသံထွက်တယ်လို့လေ့လာမိသလောက်သိရတယ်။အဖေဖြစ်သူ Victor Hugo က ဇီးလန်နယ်မှာစာရေးခဲ့၊အလုပ်လုပ်ပုံကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ဒီထူးခြားတဲ့အလေ့အထကို မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။Victor Hugoရဲ့ငယ်ဘဝချစ်သူ၊ဇနီးဖြစ်လာခဲ့သူ အားဒယ်လ် ဖူးရှဲ (Adèle Foucher) က ပြောပြတဲ့ အချက်အလက်တွေအရ၊ Victor Hugo ဟာ သူ့ရဲ့ကိုယ်ပိုင်အခန်းထဲမှာ စာရေးဖို့အတွက် သူ့ရဲ့အဝတ်အစားအားလုံးကို ချွတ်ပြီး ချိတ်ထားလေ့ရှိပါတယ်။ သူ့မှာ စာရေးဖို့အတွက် အချိန်အလွန်နည်းတဲ့အခါမျိုးမှာ ဒီလိုနည်းလမ်းကို သုံးပြီး အာရုံစူးစိုက်မှုကို အမြင့်ဆုံးရယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဟူးဂိုးရဲ့ ဒီအလေ့အထဟာ စိတ်ကူးယဉ်ဆန်ပေမယ့် နောက်ကွယ်မှာ အကြောင်းရင်းခံတွေ ရှိပါတယ်။
အာရုံမစိုက်နိုင်ခြင်းကို တားဆီးရန်ဖြစ်တယ်လို့ဆိုတယ်။ ဟူးဂိုးဟာ သူ့ကိုယ်သူ စာရေးဖို့ အာရုံစူးစိုက်မှုအတွက် "အတင်းအကျပ်ပြုလုပ်ခြင်း" နည်းလမ်းကို အသုံးပြုခဲ့သူပါ။ အဝတ်အစားမရှိခြင်းဟာ သူ့ကို အိမ်ကနေထွက်ဖို့ (ဒါမှမဟုတ်) အခြားအရာတွေ လုပ်ဖို့ ခက်ခဲစေပြီး စာရေးခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်စေပါတယ်။ဒါမှ အာရုံမပြောင်းဘဲ စာကိုအာရုံစိုက်နိုင်တယ်လို့ ဆိုပါတယ်။ အချိန်ကုန်သက်သာစေတယ်လို့ဆိုပြန်တယ်။သူ့ရဲ့အမှုဆောင်ကို သူ့ရဲ့အဝတ်အစားအားလုံးကို
Unlock to read this premium article with 100 points.