Reviews by Benevolent
ဒီစာအုပ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသော စာအုပ်မျိုးမဟုတ်၊ သာသနာ တိုးတတ်ရန်နှင့် သာသနာ့အညစ်အကြေးတို့ကို သုတ်သင်သောစာအုပ်ပင်ဖြစ်တယ်။စာရေးသူက ဒီစာအုပ်ရေးပြီးနောက် ခေတ္တရှောင်ခဲ့ရသည့်အပြင် 'တက်ဘုန်းကြီး သိန်းဖေ ' ကလောင်နာမည်နဲ့ တွဲမြင်ကြရသည့်အထိ စာအုပ်ထဲက ရေးသားဖော်ပြချက်အတော်ပဲ စေ့စပ် ပြောင်မြောက်ပါတယ်။သိပ်ဂျပိုးကျတဲ့ဘုန်းကြီး ဦးသုဓဇ ခေါ် ကိုသန်းမြင့် ၊မယ်သွင်အမည်ရှိ မသီလစာရီ ၊အပျိုကြီးမစောညွှန့် ၊ထွန်းရှိန် ဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းကို လှုပ်လှုပ်ရွရွ ဖြစ်အောင် ဖန်တီးထားတယ်။တချို့စာဖတ်သူတွေက 'တတ်ဘုန်းကြီး' ဝတ္ထုကိုဖတ်ပြီးနောက်ပိုင်း စာအုပ်ရဲ့ရည်ရွယ်ချက်ကို သွေးဖယ်ပြီး လက်ခံလိုက်တဲ့အတွေးအခေါ်က ဘာသာရေးအပေါ် အထင်သေးသွားစေတယ်။သာသနာကို ညိုးနွမ်းအောင်လုပ်နေတဲ့ ဘုန်းကြီးတွေအကြောင်းကို ရေးထားတာက အော်ကလီဆန်စရာ ၊ မုန်းစရာ အတွေးများနဲ့သာ ရပ်တန့်သွားတယ်။ကျွန်တော်အမြင်က စာရေးဆရာရေးတဲ့စာဟာ စာဖတ်ပရိသတ်ရဲ့ လက်ခံပုံအတွေးအခေါ်ကိုလိုက်ပြီး ရည်ရွယ်ချက်ဟာလည်း လိုအပ်သလိုမဖြစ်ဘဲ ပြောင်းလဲသွားတတ်တယ်။လောကကြီးမှာ ကောင်းတာနည်းပြီး မိုက်မဲမှုတွေပေါတဲ့အချိန်အခါမို့ အပေါ်ယံအမြင်ကိုသာ ဂရုစိုက်တတ်ကြပါတယ်။
ဆရာသိန်းဖေမြင့်က ဒီဝတ္ထုစရေးတော့ အသက်နှစ်ဆယ်ကျော်အရွယ် စိတ်သန်ရာ၊ မြင်ရာကို တစ်ဖက်သတ် လုပ်တတ်တဲ့အရွယ်သာဖြစ်တယ်။ သာသနာကို ပြုပြင်ချင်တဲ့စိတ်ကသာ များပြီး မတော်မတည့် သီလကြောင်တွေကို ဖော်ထုတ်ရှုတ်ချရာမှာသာ အားသန်ပြီး တစ်ဖက်က သန့်ရှင်းတဲ့ဘုန်းကြီးများ၊ တကယ်ကြည်ညိုစရာကောင်းတဲ့ ရဟန်းသံဃာများ ရှိသေးတာကို မဖော်ပြခဲ့မိဘူး ၊ အဲ့ဒါက ချို့ယွင်းချက်တစ်ခု ဖြစ်ခဲ့တယ်လို့ အမှာစာတွင် ဝန်ခံထားပါတယ်။လောကတွင် အကောင်းအဆိုး ဒွန်တွဲလေ့ရှိပါတယ်။ လူကောင်းရှိသလို ၊လူဆိုးလည်းရှိတယ်။ အလဇ္ဇီဒုဿီလဘုန်းကြီးများရှိသလို၊ လဇ္ဇီပေသလ သိက္ခာကာမ ဝိနည်းတော်နှင့်အညီ သီတင်းသုံးနေထိုင်ကြသော ဘုန်ကြီးများလည်းရှိတယ်။စာရေးသူက ငယ်ရွယ်သူပီပီ၊ တက်ခေတ်တက်လူပီပီ ၊ထက်မြတ်လှသည့်အရွယ်ပီပီ တစ်ဖက်သတ် တအားထိုးနှက်ထားတယ် ၊အလဇ္ဇီဒုဿီများကို ဖော်ထုတ်ရှုတ်ချသလို ၊ စာရေးသူမြစ်ဝကျွန်းပေါ်ကို ခရီးထွက်တုန်းက သင်္ဘောပေါ်မှာ စာရေးသူကိုယ်တွေ့ ကြုံခဲ့ရသော ကြည်ညိုစရာ၊ ဝိနည်းထိန်းသိမ်းတဲ့ တောင်ဖီလာဆရာတော်နဲ့ တွေ့မြင်ခဲ့ပြီးနောက် 'တက်ခေတ် တက်လူ တတ်ဘုန်းကြီး' ဆိုတဲ့စာအုပ်က အလဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်
Unlock to read this premium article with 100 points.