Reviews by Benevolent
၂၀ရာစု ၏မြန်မာပြည်အတွင်း အကောင်းဆုံးစာရေးတစ်ဦးအဖြစ်ထပ်ပြီး အသိအမှတ်ပြုရမယ့် ဝတ္ထုတစ်ပုဒ်ကို ထပ်ခံစားခွင့်ရခဲ့တယ်။ဝတ္ထုအတွင်း အတွေးအခေါ်၊ ဇာတ်လမ်းဆန်သစ်ခြင်း၊ဦးတည်ချက်၊ အကြောင်းအရာနှင့် အရေးအသားသေသပ်မှုတွေက စာဖတ်ပရိသတ်တွေ အားပေးမှုမှန်ကန်ကြောင်း ထပ်လောင်သက်သေပြုထားတယ်။
အဘိဓမ္မာဆရာကြီးတစ်ဦးက အပေါင်းနဲ့အနုတ်၊အမြောက်နဲ့အစား၊ အငိုနဲ့အရယ်ဟာ အတူတူပါပဲ လို့ပြောဖူးတယ်။ဒီစာအုပ်ဖတ်ပြီး သာယာမှုနဲ့ဝမ်းနည်းမှုကလည်းအတူတူပါပဲ၊ ဘာလို့ဆို တစ်ခုပြီးရင်နောက်တစ်ခုက မဖြစ်မနေ ရောက်လာမှာပဲလေ၊ အများပျော်သလို ဒွန်တွဲနေတယ်ပေါ့။စာမျက်နှာ-၅၈ နဲ့ဒီစာအုပ်က
ထင် တာထက် ယုံနေတာက ပိုခိုင်မြဲတယ်ဆိုတဲ့ သဘောလည်းပါတယ်။
ပန်းချီဆရာကြီး ဦးဘရင်၊ အနုပညာ အနုပညာကလွဲရင် ဘာကိုမှ ဂရုမစိုက်ခဲ့သူတစ်ဦး၊ ရက်ပေါင်း ၂၀ လောက်မှာ ထမင်းဆယ်နပ်စားရလည်း အဆင်ပြေတယ်။ပန်းချီကားတွေနဲ့ သာယာမယ်၊ ငှက်ကလေးတွေနဲ့အဖော်ပြုမယ်။တစ်ရက် ပန်းချီဆရာကြီးကိုလေးစားတဲ့ မြရည်နန္ဒာ ဆိုတဲ့ မိန်းကလေး ပေါ်လာတယ်။သာမန်တွေးမိရင် ဒီဇာတ်လမ်းက ကျွန်တော်တို့ထင်တဲ့ အချစ်ဇာတ်လမ်းဖြစ်သွားလိမ့်မယ်။ဒါပေမယ့် မဟုတ်ပါဘူး၊
နှလုံးသွေးပြန်ကြောမှ ၅၂၈ မေတ္တာတရားတွေထုတ်လွတ်နေတဲ့ ဇာတ်လမ်းတခုအဖြစ် ပန်းချီတချပ်လို ပုံဖော်ထားတယ်။မိန်းကလေးတစ်ယောက်အပေါ် အဖေရင်းမဟုတ်တဲ့လူတစ်ယောက်
Unlock to read this premium article with 100 points.