Author's Profile Photo

Thar Htoo-Be Unique

10/11/2024

လူ့ဆန္ဒ(၄)မျိုး

1 min read
Personal Development
Education
General Knowledge

ဘ၀မှာ လမ်းပျောက်နေကြရတဲ့ အခိုက်အတန့်တွေဆိုတာ ရှိကြစမြဲပါပဲ။ အသက်အရွယ် အပိုင်းအခြားအလိုက် တစ်နေရာရာမှာ ခေါက်နေမယ်၊ ရောက်နေမယ်။ မိမိသွားချင်နေတဲ့ လမ်းဟာမှုံဝါးနေမယ်။ အချိန်တစ်ခုရင်းပြီးမှ ထင်ရှားလာမယ်။ အရေးကြီးတာက ရောက်လေရာနေရာမှာ အသက်ရှင်ရပ်တည်နေနိုင်ဖို့နှင့် ခရီးဆက်လက်ထွက်ချိန်မှာ အားအင်ရှိဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း ကိုယ်သွားချင်တဲ့ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်မှာဖြစ်တယ်။

ဖော်ပြပါ ရုပ်ပုံကတော့ ဆရာတော်ဘုရားကြီး အရှင်နန္ဒမာလာဘိ၀ံသ ၏ တရားတော်တစ်ခု၌ဟောကြားထားတော်မူသည့် လူတွေ၏ ဘ၀ တစ်လျှောက်လိုလားတောင်းတကြသည့် ဆန္ဒ(၄)ခုကို ပိုမိုမှတ်မိစေအောင် B'UNIQ မှ သရုပ်ဖော်တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်။ Maslow's Hierarchy of Needs theory ၏ ချဥ်းကပ်မှုနှင့်မခြားဘဲ ပိုမိုမြင်သာစေမယ်လို့ယုံကြည်ပါတယ်။ မြန်မာမှုနှင့် ဆန္ဒအဆင့်ဆင့်တွေကို ပြန်ဆိုလိုက်တဲ့အခါ 'Human Desire Ladder' (လူ့ဆန္ဒလှေကားထစ်အဆင့်ဆင့်) လို့တင်စားချင်ပါတယ်။ မိမိ၏ လမ်း မရှင်းလင်းနေသေး သော်လည်းဖြတ်ကျော်ရမဲ့လမ်းကတော့ သူနှင့်ငါ အတူတူဖြစ်နေသည်ကိုလည်း မြင်နိုင်ပါလိမ့်မယ်။

ပုံကိုအကျဥ်းချုပ်ရှင်းပြရရင်တော့ မိမိတို့ရဲ့ဘ၀မှာ အသက်ရှင်ရပ်တည်နိုင်ရာကနေ မှန်ကန်တဲ့နည်းလမ်းတွေနှင့် ကြီးပွားတိုးတက်လိုစိတ်ရှိကြပါတယ်။ လူတွေကိုမထိခိုက်စေဘဲ သမာအာဇီ၀နည်းလမ်းနှင့်သာ တိုးတက်ချင်ကြပါတယ်။ ဒီကနေမှတဆင့် ပစ္စည်းဥစ္စာပေါများလာတဲ့အခါ ဂုဏ်သတင်းကျော်ဇောလိုကြတယ်၊ အခြွေအရံပေါများလိုကြတယ်။ ငွေထုတ်ပိုက်ပြီး အထီးကျန်နေမှုကိုလည်း မလိုလားကြတာဟာ လူ့သဘာ၀လို့ ဆိုနိုင်ပါလိမ့်မယ်။ အပေါင်းအသင်းလည်းအထိုက်အလျောက်စုံနေပြီး ဆက်လက်ဖြစ်ချင်တဲ့နောက်ထပ် ဆန္ဒတစ်ခုကတော့ အသက်ရှည်ပြီးကျန်းမာစွာနှင့် ဘ၀မှာပျော်ရွှင်စွာနေထိုင်လိုကြပါတယ်။ တဖက်မှာလည်းဒါဟာ လူ့စည်းစိမ်ကို အတိုင်းအတာတစ်ခုထိခံစားချင်ကြပါတယ်။

နောက်ဆုံးအဆင့်မှာတော့ ဘ၀ဟာ ပြီးပြည့်စုံသွားတဲ့အခါ လောကီအပြင်လောကုတ္တရာအထိပါ ပိုကောင်းမွန်တဲ့ဘ၀အကူးအပြောင်းကိုတဖန် လိုလားတောင်းတကြပြန်ပါတယ်။ လူ့ဘုံထက်မြင့်သောဘုံတွေကိုတက်လှမ်းလိုကြတယ် (သို့)အနည်းဆုံးလူပြန်ဖြစ်လိုကြတယ်...။ မည်သို့ပင်ဖြစ်စေကာမူ သံသရာ ချုပ်ငြိမ်းရေးကိုသာ ဦးတည်သွားကြရမှာမို့ မိမိတို့အနေနှင့် 'မျိုးစေ့'ကောင်းမွန်ဖို့ အထူးကြိုးစားကြရမှာဖြစ်ပါတယ်။ မျိုးစေ့ဟာ မိမိတို့ရဲ့ ပစ္စုပ္ပန်ကာလမှာ ရှိနေတဲ့ 'အတွေးအကြံအလုပ်'တွေရဲ့ပေါင်းခြင်းရလဒ်လို့ဆိုနိုင်ပါတယ်။

အချုပ်မှာတော့ မိမိတို့ရဲ့ တစ်နေ့တာမှသည် နေ့ရက်တိုင်း၌ ပိုကောင်းတဲ့ မျိုးစေ့များ ဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ဗျာ။

Thar Htoo-Be Unique
B'UNIQ-Coaching

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း