Zinmon
အခုနောက်ပိုင်းအဆင်ပြေခြင်း၊အဆင်မပြေခြင်းတွေကိုယ် အရင်ဦးဆုံး သတိရသွားတဲ့သူက
“အမေ”ပါပဲ
တစ်ခြားသူတွေကသာ ကိုယ့်အဆင်ပြေခြင်း၊အဆင်မပြေခြင်းတွေကိုယ် အရာအားလုံးနားလည်ပြီးနားထောင်ဖြစ်ချင်မှဖြစ်မယ်
အမေကျတော့ ဟဲလို အမေဆိုတာနဲ့ “သူမ”
မအားတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်
ကိုယ့်အတွက် ဖုန်းကိုင်ပြီးနားထောင်ပေးဖို့ အဆင်သင့်ပဲ
အမေနဲ့ပတ်သက်ပြီး အမေ့ကိုယ် ဝစီကံနဲ့မနောကံ
ပြစ်မှားမိမှန်းမသိတဲ့အချိန်တွေရှိခဲ့သည်။အရင်ကဆိုအမေသည်ညညဘက်အားတော့ဖုန်းဆက်သူဖြစ်ပါသည်။ကျွန်မသည်အမေ့ဆက်
ရင်ကိုင်ချင်မှကိုင်ပါသည်။အမေဆိုသည့်အတိုင်း
ဘာလို့မကိုင်တာလဲ၊ဘာကြောင့်လဲ မေးခွန်းမထုတ်သလို၊စိတ်ဆိုးတာမျိုး တစ်ခါမရှိပါဘူး။
အမေနဲ့စကားပြောရင် အမေသည် သမီးနဲ့အတူတူပဲနေချင်ကြောင်းအမြဲပြောပါသည်။ကျွန်မသည်ငယ်ငယ်ကတည်းက အမေပြောသလို၊အမေစီမံသလိုပဲနေခဲ့ရကြောင်း၊စိတ်သက်တောင့်သက်သာမရှိခဲ့ရကြောင့်အပြစ်မြင်ပြီးအမေ့ကိုယ်ပြန်ပြောခဲ့ပါသည်။
အခုဖတ်လစ You are YourUniverseစာအုပ်
မှာNo1ခေါင်းစဉ်မှာဆိုUniverse ဆိုတဲ့အရာဟာမိမိရင်ထဲနှလုံးသားထဲမှာအနီးကပ်ဆုံးရှိနေတတ်ပါတယ်။ကိုယ်တိုင်ကကိုယ့်ရဲ့Universe ပါပဲ။Universe ကကောင်းတာရော့၊ဆိုးတာရော့ပေးနိုင်တယ်။မိမိကိုယ်တိုင်ကUniverse ဆိုရင်ဘယ်သူမပြုမိမိမှုပါပဲ။ကိုယ်လုပ်တဲ့အတိုင်းကိုယ်ပြန်ရတယ်…ဒီစာကြောင်းကြောင့်ကျွန်မရင်ထဲတော်တော်ဟက်ထိသွားတယ်။လက်ရှိမှာကိုယ်ပြုမူပြောဆိုလိုက်တဲ့ကုသိုလ်၊အကုသိုလ်တွေက ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်ဆိုတာပိုယုံကြည်သွားသည်။
ကောင်းတဲ့ကုသိုလ်ပဲပိုရှိချင်တာလည်းပါတာကြောင့်အရင်ကအမှတ်မထင်လုပ်မိခဲ့တဲ့အကုသိုလ်တွေ၊တကယ်လည်းသိသိကြီးနဲ့လုပ်ခဲ့တဲ့အကုသိုလ်တွေ၊နည်းးစီပြေပျောက်ပါစေဆိုတာကြောင့်ရယ်၊အခုသိလိုက်လို့အကုသိုလ်နည်းအောင်နေထိုင်ရင်းအမေနဲ့ပတ်သက်ပြီးဝစီကံ၊မနောကံလည်းမပြစ်မှားမိအောင်နေထိုင်ဖြစ်ပါတယ်။
အခုနောက်ပိုင်း အမေနဲ့ဆို အားသည်ဖြစ်စေ၊မအားသည်ဖြစ်စေ နားထောင်ပေးဖို့အချိန်ထားထားသလို၊အမေ့ကိုယ်လည်းအထီးကျန်စွာမရှင်သန်ရစေဘဲအတူတူရှိပေးဖို့ကျွန်မအားယူနေပါသည်။
အမေ့သမီး……ဇင်မွန်
ချစ်ခင်လေးစားလျက်စာဖတ်ပရိသာတ်များအားလုံး?
#zinmon
Keep Reading