Dagon Aung Myint
ကလောင်အမည် - ဒဂုန်အောင်မြင့်
စာပေအမျိုးအစား - ဆောင်းပါး
ကျွန်တော်ဒီခေါင်းစဥ်နဲ့ပြောပြမှာကတော့ ဘယ်လိုစိတ်ထားမျိုးထားသင့်သလဲဆိုတာပဲ ဖြစ်ပါသည်။
ကျွန်တော့်အမြင်နဲ့ကျွန်တော်ဖတ်ဖူး၊မှတ်ဖူး ထားတာတွေထဲကနေလူငယ်တွေအတွက်အကျိုးရှိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့
ရေးသားလိုက်ရပါသည်။
ကျွန်တော်မေးချင်တာက လူတော်လား၊လူကောင်းလား။
လူတော်ဆိုတာဘာလဲ၊ လူကောင်းဆိုတာကရောဘာလဲ။ဘယ်သူ့ကိုပိုရွေးချယ်သင့်သလဲ။
တစ်ချို့မိန်းကလေးတွေ ၊ တစ်ချို့ယောင်္ကျားလေးတွေ
တော်ကြပါသည်။သို့သော် စိတ်ထားလေးတွေတော့ညံ
နေတာကိုတွေ့ရတတ်ပါသည်။ ယခုလိုအခြေအနေမျိုးကို လူတော်လို့ခေါ်သည်။လူတော်တွေအများဆုံးမှားတတ်ကြတဲ့အရာကကိုယ်သိ၊ကိုယ်တတ်၊ကိုယ်ဆရာလို့ထင်နေတာပါ။ဒီလိုမျိုးကလူတိုင်းကြုံရတတ်ပါသည်။
မိမိကနယ်ပယ်တစ်ခုမှာနေရာတစ်ခုရောက်ပြီဆိုရင်စိတ်ကြီးဝင်တတ်ကြပါသည်။၊ဒီအချက်ဟာအမှားလားဆိုတော့ မှားပါတယ် ဒါပေမဲ့လူတိုင်းကြုံတွေရတဲ့အချက်မလို့ ပြင်ဆင်လို့ရသည်။ ထိုအချက်ကို ပေါ့ပေါ့တွေးပြီးလူတိုင်းမှားတာပဲ၊ လူဆိုတာအမှားနဲ့မကင်းပါဘူးဆိုပြီးဆက်တိုက်မှားနေမယ်ဆိုရင်ဘဝအတွက်အထိခိုက်ကြီးထိခိုက်နိုင်ပါသည်။၊ အနစ်နာကြီးနစ်နာနိုင်ပါသည်။ထို့ကြောင့်လူတော်တွေအနေနဲ့ဒီအချက်ကိုအထူးသတိထားသင့်ပါသည်။
လူကောင်းဆိုတာကရောဘာလဲ။ လူကောင်းဆိုတာက အပေါ်ကအချက်တွေလဲပြောင်းပြန်ဖြစ်ပါလိမ့်မည်။ ပညာမတတ်ဘူး
သို့ပင်မဲ့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်တယ်၊ တစ်ပါးသူအပေါ်လေးစားတယ်၊ကြင်နာတယ်၊ ဒါဆိုရင်အဲ့လူဟာလူကောင်းပါပဲ။ လူတော်ဖြစ်ဖို့အတွက်လေ့ကျင့်ယူလို့ရတယ်၊လူကောင်း
ဖြစ်ဖို့အတွက်တော့ကိုယ်ကဘဝမှာနေတတ်ထိုင်တတ်မှရသည်။ စိတ်နေစိတ်ထားကောင်းအောင်ထားတတ်မှရသည်။
ဒါဖြင့် ကျွန်တော်ပြောခဲ့တဲ့ လူတော်နဲ့လူကောင်း ကို စာပေအနေနှင့်ဆိုကြပါစို့။
သုတစာပေ နဲ့ ရသစာပေ အဖြစ်နှိုင်းယှဥ်ကြည့်ရအောင်ပါ။
လူတော်ဆိုတာသုတစာပေအဖတ်များတဲ့လူလို့ဆိုလိုပါမည်။ဗဟုသုတများတဲ့လူ ၊ တော်တယ်၊ထက်မြက်တယ်။
ဒါဖြင့်လူကောင်းကိုတော့ ရသစာပေအဖတ်များတဲ့လူအဖြစ်မြင်ရပါမည်။
ရသစာပေအဖတ်များတော့အခြားလူအပေါ်
စာနာတယ်၊ညှာတာတယ်၊ကြင်နာတယ်၊
ကိုယ်ချင်းစာတယ်။ ဒါဖြင့်ဘယ်သူကသာသလဲ။ ကျွန်တော်တင်ပြခဲ့တဲ့အချက်နဲ့ကြည့်မယ်ဆိုရင် လူကောင်းကိုသာတယ်ထင်ပါလိမ့်မယ်။
ကျွန်တော်မငြင်းပါ၊သို့ပေမဲ့ လူတော်ကရော မသာနိုင်ဘူးလား၊ မေးခွန်းတွေနော် တွေးစရာတွေကြီးပဲ ကျွန်တော်က တွေးစရာတွေထားခဲ့မှာပြီးမှကိုယ့်ဘာသာတွေးယူပြီးလက်ခံကြပါ။ ကျွန်တော်ပြောပါရစေ လူတော်ရောလူကောင်းရောက မပြည့်စုံပါဘူး။
လူတစ်ယောင်ဖြစ်ပြီဆိုရင် စိတ်ကောင်းရှိဖို့လိုပါမယ်၊လူကောင်းဖြစ်ဖို့ပေါ့၊ ဒါဖြင့်ပြီးပြီးလား၊ မပြီးပါဘူး။ လူ့ဘဝထဲမှာစိတ်ကောင်းရှိရုံနဲ့မရပါဘူး၊ လူကောင်းဖြစ်ရုံဖြင့်မပြီးပါ။ လူတော်လဲ ဖြစ်ရပါမယ်၊ ဒါဖြင့်လူတော်ရောလူကောင်းရောဖြစ်ရမှာလားလို့တွေးမိတယ်ဆိုရင်တော့ဖြင့် ၊ မှန်ပါသည်။
လူတော်၊လူကောင်းဖြစ်သင့်ပါတယ်။ ဖြစ်အောင်လုပ်မယ် ၊ဘယ်လိုလုပ်ရမလဲလို့မေးလာခဲ့ပါကအဆိုပါမေးခွန်းကိုဖြေဖို့ရာတာဝန်ကြီးပါသည်။
ကျွန်တော့်ကိုယုံကြည်သူတစ်ယောက်အားကျွန်တော့်ကြောင့်ဒုက္ခမရောက်စေချင်ပါဘူး။ သို့ပေမဲ့ဖြေပါမည်။
အကောင်းဆုံးနည်းကတော့ စာဖတ်ခြင်းပါ။
ကျွန်တော်အတတ်နိုင်ဆုံးပြောနိုင်တာပါပဲ။
စာဖတ်ကြပါ။ ကျွန်တော်ပြောခဲ့သလိုပဲ လူတော်ကိုသုတစာပေလို့မှတ်မယ်၊လူကောင်းကိုရသစာပေလို့မှတ်မယ်။ဘာဖြစ်ချင်တာလဲဆိုတာပေါ်မူတည်ပြီးစာဖတ်ကြပါ။လူကောင်းဖြစ်ချင်ရင်ရသစာပေများများဖတ်ပါ။လူတော်ဖြစ်ချင်ရင်သုတစာပေများများဖတ်ပါ။
လူတော်၊လူကောင်း ဖြစ်ချင်ရင် ရသစာပေရော သုတစာပေပါ များများဖတ်ပေးပါ။
ကျွန်တော်ကတော့အားလုံးကို လူတော်၊လူကောင်း ဖြစ်စေချင်ပါတယ် ။ ထို့ကြောင့် စာဆိုရင် မရွေးပဲ ရသစာပေရောသုတစာပေပါဖတ်ဖို့အတွက်တိုက်တွန်းရင်း နဲ့စာဖတ်သူအားလုံးလူတော်၊လူကောင်းများဖြစ်ကြပါစေ။
- ဒဂုန်အောင်မြင့် -
Keep Reading